၂၀၁၇ နှစ်ကြီးက တဖြည်းဖြည်းနဲ့ ကုန်ဆုံးတော့မှာပါ။ ယခုနှစ်မှာတော့ ထူးခြားချက်အနေနဲ့ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်က အစိုးရ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် နှစ်သစ်ကူးကို ခရီးသွားမယ့်သူတွေ၊ အိမ်မှာပဲ အနားယူမယ့်သူတွေအတွက် အကြိုက်ဖြစ်မှာပါ။

အခုအချိန်မှာတော့ ခရီးသွားကြမယ့်သူတွေက ကိုယ့်ခရီးစဉ်အတွက် အကုန်လုံးစီစဉ်ပြီးသားဖြစ်နေပြီးတော့ နှစ်သစ်ကို နေရာသစ်မှာဖြတ်သန်းဖို့ အသင့်ဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် အိမ်မှာနေပြီး ရုပ်ရှင်ကြည့်ဖို့နဲ့ အင်တာနက်သုံးနေမယ့်သူတွေအတွက် အသုံးဝင်မယ့် Tips လေးတစ်ခုကို ပြောပြပေးသွားမယ်နော်။

အင်တာနက်မှာ Facebook သုံးဖို့ပဲဖြစ်ဖြစ်၊ YouTube ထိုင်ကြည့်ပြီး အချိန်ဖြုန်းဖို့ စိတ်ကူးတာပဲဖြစ်ဖြစ် အဓိကလိုအပ်တာက မြန်ဆန်တဲ့ အင်တာနက်အမြန်နှုန်းနဲ့ ဈေးနှုန်းသက်သာဖို့က အဓိကပဲဖြစ်ပါတယ်။

အခုအချိန်မှာ Telecom Operator တစ်ယောက်ဖြစ်တဲ့ Ooredoo ကနေ လက်ရှိမိုဘိုင်းလ်အင်တာနက်စနစ်တွေထဲမှာ အသက်သာဆုံးဖြစ်တဲ့ ၁ မီဂါဗိုက်ကို ၅ ကျပ်ပဲ ကျမယ့် ဖလန်းဖလန်းအစီအစဉ်က အိမ်မှာနေပြီး အင်တာနက်သုံးမယ့်သူတွေအတွက် ဈေးသက်သက်သာသာနဲ့ အင်တာနက်သုံးလို့ရတဲ့အစီအစဉ်ဖြစ်နေမှာပါ။

လက်ရှိဖုန်းအော်ပရေတာတွေက အင်တာနက်ကိုအသုံးပြုနေနိုင်တဲ့အစီအစဉ်တွေမျိုးစုံပြုလုပ်ပေးနေတယ်ဆိုပေမယ့် ကိုယ်သုံးသလောက်ကျသင့်တဲ့ Pay As You Go အင်တာနက်အသုံးပြုမှုစနစ်မှာတော့ ၁ မီဂါဗိုက်ကို ၈ ကျပ်လောက်အထိ ကောက်ခံနေကြတဲ့အတွက် အခု Ooredoo ရဲ့ ဖလန်းဖလန်းအင်တာနက်အစီအစဉ်က ဈေးအရတဝက်လောက်ကို သက်သာနေတယ်လို့ ပြောလို့ရနေပါတယ်။

အိမ်မှာနေပြီး အင်တာနက်သုံး၊ Facebook Newsfeed ထိုင်ပွတ်နေမယ့်သူတွေပဲဖြစ်ဖြစ် နှစ်သစ်မှာ တခြားသူတွေပြုလုပ်နေတဲ့ Countdown ပွဲတွေကို Online ကနေပဲကြည့်ပြီး နှစ်သစ်ကို ကျော်ဖြတ်မယ်၊ ရုံးပိတ်ရက်တွေမှာ သူငယ်ချင်းတွေကလည်း ခရီးသွားနေကြတော့ အပြင်ထွက်လို့မရပဲ အိမ်မှာပဲ အင်တာနက်သုံးပြီးနေမယ်ဆိုတဲ့သူတွေလည်း အသက်သာဆုံး အင်တာနက်နဲ့ သုံးချင်တယ်ဆိုရင် အခုနည်းလမ်းလေးနဲ့ စမ်းကြည့်ကြဦးနော်။

ဒါမှမဟုတ် ကိုယ်စဉ်းစားထားပြီးသား နှစ်သစ်ကို ကုန်ဆုံးမယ့်အခြားအစီအစဉ်တွေရှိတယ်ဆိုရင်လည်း ပြောကြခဲ့ပါလား…။