Weekends တွေဖြစ်တဲ့ စနေနဲ့တနင်္ဂနွေပိတ်ရက်တွေမှာ ဒါမှမဟုတ် ရုံးပိတ်ရက်ရှည်တွေမှာ သူငယ်ချင်းအဖွဲ့တွေစုပေါင်းပြီး ပျော်ပွဲစားထွက်ပဲဖြစ်ဖြစ် Road Trip ပဲဖြစ်ဖြစ် သွားဖို့ပြင်ဆင်နေကြပြီလား။ စိတ်တူကိုယ်တူသူငယ်ချင်းတွေဝိုင်းဖွဲ့ပြီး သွားမယ့်ပျော်စရာခရီးမှာစားဖို့ သရေစာမုန့်တွေက အရေးကြီးသလို သောက်စရာအရည်တွေကလည်း မပါမဖြစ်အရေးကြီးလှပါတယ်။

အဖွဲ့လိုက်စုသွားမှာဆိုတော့ ဘယ်နေရာပဲသွားသွား မြို့ပြင်ရောက်သွားတာနဲ့ သောက်စရာတွေဟာဈေးကြီးသွားတတ်သလို ကိုယ်သောက်ချင် စားချင်တဲ့အရာတွေဟာ ဝယ်ဖို့ရာခက်ခဲသွားတတ်ပါတယ်။ ဒီတော့ လှော်ကား ၊ WaterBoom တို့ GreenLand တို့ စိမ်းလဲ့တင်တို့လို အပန်းဖြေ Resort တွေကိုပဲ Picnic သွားသွား ကိုယ့် Vanကားတွေနဲ့ ကို သူငယ်ချင်းအစုလိုက်ရောက်ချင်ရာရောက်ဆိုပြီး Road Trip သွားသွား လိုအပ်တာတွေကို မဖြစ်မနေသယ်ဆောင်သွားသင့်ပါတယ်။

စားစရာအနေနဲ့ကတော့ Snacks တွေ Homemade ကိုယ်တိုင်လုပ်တဲ့ အစားအစာတွေသယ်ထည့် သွားတာကတွေ့ကရာဝယ်စားတာထက် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ သောက်စရာအနေနဲ့ကတော့ ယောက်ျားလေးတွေပါ ပါမယ်ဆို သူငယ်ချင်းတွေအတွက် မမေ့မလျော့ယူဆောင်သွားသင့်တဲ့ သောက်စရာအရည်တမျိုးကတော့ ဘီယာပဲဖြစ်ပါတယ်။ အားလုံးကြိုက်နှစ်သက်လောက်တဲ့ တံဆိပ်မျိုးကိုရွေးချယ်ဝယ်ယူပြီး သယ်ဆောင်သွားသင့်ပါတယ်။ ဒါမှလည်း အားလုံးလည်း ပျော်ရွှင်နေကြမှာပါ။တချို့သူငယ်ချင်းများက အရက်၊ ဘီယာမသောက်သုံးတတ်ကြပါဘူး။ ဒီနေ့ခေတ်ကြီးထဲမှာ ဒီလိုသူငယ်ချင်းတွေရှိနေတာ ဂုဏ်ယူစရာပါပဲ။ သူတို့တွေအတွက်သောက်လို့ကောင်းမယ့် အအေးဗူးတွေကြိုတင်ဝယ်ယူသွားသင့်ပါတယ်။ မိန်းကလေးတွေသောက်သုံးဖို့ အသင့်တော်ဆုံးကတော့ ၀ိုင်ပဲဖြစ်ပါတယ်။ သူမတို့လည်း ပျော်ပျော်ပါးပါးဝိုင်းဖွဲ့သောက်သုံးနိုင်အောင် ၀ိုင်အမျိုးအစားကောင်းကောင်းတွေကို ၀ယ်ယူသွားသင့်ပါတယ်။

နောက်ဆုံးတစ်ခုကထိုင်စရာအခင်း ၊ စက်ဘီး ၊ Bean Bag ၊ ဂီတာ နဲ့ အိပ်စရာ Tent တဲတွေပဲဖြစ်ပါတယ် Road Trip အတွက်အလိုအပ်ဆုံးပေါ့။

Source : The Talking Suitcase