[Zawgyi]

ခုေခတ္မွာ လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းေတြ တစ္ခုမက လုပ္ေဆာင္ေနၾကတယ္ဆိုေပမယ့္ အားလုံးကို ဟန္ခ်က္ညီညီနဲ႔ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔က ခက္ခဲပါတယ္။ ဒါေၾကာင့္ Kathryn ဘဝတစ္ေလွ်ာက္ ျဖတ္သန္းလာတဲ့ အေတြ႕အႀကဳံ၊ ခံယူခ်က္ေတြနဲ႔ ယွဥ္ၿပီး မွ်ေဝေပးလိုက္ပါတယ္။

၁။ အသစ္အသစ္ေတြ၊ ‌ေျပာင္းလဲမႈေတြကို လက္ခံဖို႔ မေၾကာက္ပါနဲ႔

အေျပာင္းအလဲေတြ အရမ္းကိုျမန္ဆန္တဲ့ ေခတ္ႀကီးမွာ အေျပာင္းအလဲေတြကို လက္မခံရင္၊ အေျပာင္းအလဲေတြေနာက္ကို မလိုက္ရင္ သူမ်ားေတြထက္ ေနာက္ေကာက္က် က်န္ခဲ့မွာ ေသခ်ာပါတယ္။ အေျပာင္းအလဲတစ္ခုက ကိုယ့္လုပ္ငန္းကို အႀကီးအက်ယ္ေအာင္ျမင္သြားေစႏိုင္သလို က်ဆုံးေစတဲ့ အေၾကာင္းအရင္းတစ္ခုလည္း ျဖစ္သြားႏိုင္ပါတယ္။ ဥပမာ – ခုေနာက္ပိုင္း လူငယ္လုပ္ငန္းရွင္ေတြက နည္းပညာအသစ္ေတြပါဝင္တဲ့ smartphone ေတြသုံးၿပီး လမ္းသြားရင္းပါ အလုပ္လုပ္ေနတဲ့အခ်ိန္မွာ ကိုယ္က ႐ုံးခန္းထဲမွာ laptop နဲ႔မွ အလုပ္လုပ္တတ္ေနေသးတယ္ဆိုရင္ ၿပိဳင္ဖက္လုပ္ငန္းေတြက ကိုယ့္ကို အလြယ္တကူ ေက်ာ္တက္သြားႏိုင္ဖို႔ အခြင့္အေရးေပးေနသလိုပါပဲ။

၂။ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ပါ

ကိုယ္က လုပ္ငန္းေတြ အမ်ားႀကီးဦးစီးေနပါရဲ႕နဲ႔ ျဖစ္ျဖစ္ေျမာက္ေျမာက္မလုပ္ႏိုင္ရင္ အလကားပါပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို သိၿပီး လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ဖို႔ လိုပါတယ္။ Kathryn ဆိုရင္ ေန႔စဥ္ meeting ေတြ၊ conference ေတြနဲ႔ လုံးပန္းေနရၿပီး တစ္ခုလုပ္ေနတုန္း တျခားအလုပ္တစ္ခုအတြက္ idea ေပၚလာတာလဲ ရွိပါတယ္။ အထူးသျဖင့္ Kathryn တင္တင္ေနတဲ့ 1 min thought ကလို အေတြးမ်ိဳးေတြေပါ့။ ဒီလိုအခါမ်ိဳးဆိုရင္ မေမ့ေအာင္ ဖုန္းထဲမွာပဲ အလြယ္တကူ မွတ္ထားေလ့ရွိပါတယ္။ ဒီေနရာမွာ ျဖည့္ေျပာခ်င္တာက လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ဖို႔ လိုအပ္ရင္ အေထာက္အကူပစၥည္းသုံးပါ။ Kathryn ဆိုရင္ ေလာေလာဆယ္ Note 10 ဖုန္းကို သုံးေန‌ေတာ့ အဲဒီမွာ S Pen နဲ႔ note မွတ္လို႔ရတာ၊ handwriting ကို ပုံႏွိပ္စာလုံးေျပာင္းလိုက္လို႔ရတာေတြအျပင္ word file ျဖစ္ေအာင္ file format ေတြ ေျပာင္းလိုက္လို႔ရေတာ့ လုပ္ငန္းအတြက္ အမ်ားႀကီးအေထာက္ကူျဖစ္ၿပီး အလုပ္ပိုတြင္လို႔ တစ္နည္းအားျဖင့္ တစ္ခ်ိဳ႕ေသာ အေထာက္အကူပစၥည္းေတြက ကိုယ့္လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ရာမွာ အေရးပါပါတယ္။

၃။ ကိုယ္ပိုင္အခ်ိန္ရွိပါေစ

အလုပ္ထဲမွာပဲအၿမဲ ျမႇဳပ္ႏွံထားရင္ တီထြင္ဆန္းသစ္ႏိုင္စြမ္း ေလ်ာ့က်ေစတဲ့အတြက္ ေရရွည္ေအာင္ျမင္ဖို႔ ခက္ပါတယ္။ ဘယ္ေလာက္အလုပ္မ်ားတဲ့သူျဖစ္ျဖစ္ ကိုယ္စိတ္ဝင္စားတဲ့၊ ဝါသနာပါတဲ့ အလုပ္ကို လုပ္ဖို႔ ကိုယ္ပိုင္ အခ်ိန္ရွိသင့္ပါတယ္။ Kathryn အေနနဲ႔ကေတာ့ အားလပ္ခ်ိန္ေတြမွာ ခရီးသြားတယ္။ ဓာတ္ပုံ႐ိုက္တယ္။ short clip video ေလးေတြ႐ိုက္တယ္။ တစ္ခါတစ္ေလ live လႊင့္ၿပီး fans ေတြနဲ႔ စကားေျပာတယ္။ အဲဒီေတာ့ Kathryn ရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြကို ကင္မရာေကာင္းတဲ့ဖုန္းတစ္လုံးနဲ႔ပဲ ကုန္ဆုံးၿပီး ေနာက္ေန႔ေတြအတြက္ အားျပန္ေမြးတယ္။

၄။ ပိုလြယ္ကူထိေရာက္တဲ့ နည္းလမ္းအသစ္ကို ရွာေဖြပါ

ဘယ္အလုပ္မဆို ကိုယ္ပုံမွန္လုပ္ေနက် နည္းလမ္းထက္ ပိုလြယ္ကူထိေရာက္တဲ့ နည္းလမ္းရွိေနတတ္ပါတယ္။ ဥပမာ Kathryn အရင္က မသိေတာ့ online class အတြက္ video တစ္ခါတင္ေတာ့မယ္ဆိုရင္ camera နဲ႔႐ိုက္၊ laptop ထဲထည့္၊ edit လုပ္၊ ၿပီးမွတင္ဆိုေတာ့ အခ်ိန္ၾကာတယ္။ အခုဆိုရင္ ဖုန္းနဲ႔႐ိုက္၊ ဖုန္းနဲ႔ပဲ edit လုပ္၊ တစ္ခါတည္းတင္ လုပ္လို႔ရတယ္။ ေနာက္ၿပီး ဖုန္းနဲ႔ PC နဲ႔ ခ်ိတ္ၿပီး data ေတြေျပာင္းတာ၊ သိမ္းတာေတြ အလြယ္တကူလုပ္လို႔ရတာေတြသိလာေတာ့ အရင္ကကုန္ခဲ့တဲ့အခ်ိန္ေတြ၊ energy ေတြအတြက္ေတာင္ ႏွေျမာမိတယ္။

အခုေဖာ္ျပေပးသြားတဲ့ Tips ေလးေတြက Kathryn လိုပဲ လုပ္ငန္းေတြၾကားထဲ ႐ုန္းကန္ေနရတဲ့ သူေတြအတြက္ တစ္ေထာင့္တစ္ေနရာကေန အေထာက္အကူျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

With love
Dr. Kathryn ❤️

[Unicode]

ခုခေတ်မှာ လူငယ်တွေ တော်တော်များများက လုပ်ငန်းတွေ တစ်ခုမက လုပ်ဆောင်နေကြတယ်ဆိုပေမယ့် အားလုံးကို ဟန်ချက်ညီညီနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့က ခက်ခဲပါတယ်။ ဒါကြောင့် Kathryn ဘဝတစ်လျှောက် ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ခံယူချက်တွေနဲ့ ယှဉ်ပြီး မျှဝေပေးလိုက်ပါတယ်။

၁။ အသစ်အသစ်တွေ၊ ‌ပြောင်းလဲမှုတွေကို လက်ခံဖို့ မကြောက်ပါနဲ့

အပြောင်းအလဲတွေ အရမ်းကိုမြန်ဆန်တဲ့ ခေတ်ကြီးမှာ အပြောင်းအလဲတွေကို လက်မခံရင်၊ အပြောင်းအလဲတွေနောက်ကို မလိုက်ရင် သူများတွေထက် နောက်ကောက်ကျ ကျန်ခဲ့မှာ သေချာပါတယ်။ အပြောင်းအလဲတစ်ခုက ကိုယ့်လုပ်ငန်းကို အကြီးအကျယ်အောင်မြင်သွားစေနိုင်သလို ကျဆုံးစေတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ဥပမာ – ခုနောက်ပိုင်း လူငယ်လုပ်ငန်းရှင်တွေက နည်းပညာအသစ်တွေပါဝင်တဲ့ smartphone တွေသုံးပြီး လမ်းသွားရင်းပါ အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ်က ရုံးခန်းထဲမှာ laptop နဲ့မှ အလုပ်လုပ်တတ်နေသေးတယ်ဆိုရင် ပြိုင်ဖက်လုပ်ငန်းတွေက ကိုယ့်ကို အလွယ်တကူ ကျော်တက်သွားနိုင်ဖို့ အခွင့်အရေးပေးနေသလိုပါပဲ။

၂။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ပါ

ကိုယ်က လုပ်ငန်းတွေ အများကြီးဦးစီးနေပါရဲ့နဲ့ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ရင် အလကားပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို သိပြီး လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ လိုပါတယ်။ Kathryn ဆိုရင် နေ့စဉ် meeting တွေ၊ conference တွေနဲ့ လုံးပန်းနေရပြီး တစ်ခုလုပ်နေတုန်း တခြားအလုပ်တစ်ခုအတွက် idea ပေါ်လာတာလဲ ရှိပါတယ်။ အထူးသဖြင့် Kathryn တင်တင်နေတဲ့ 1 min thought ကလို အတွေးမျိုးတွေပေါ့။ ဒီလိုအခါမျိုးဆိုရင် မမေ့အောင် ဖုန်းထဲမှာပဲ အလွယ်တကူ မှတ်ထားလေ့ရှိပါတယ်။ ဒီနေရာမှာ ဖြည့်ပြောချင်တာက လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ လိုအပ်ရင် အထောက်အကူပစ္စည်းသုံးပါ။ Kathryn ဆိုရင် လောလောဆယ် Note 10 ဖုန်းကို သုံးနေ‌တော့ အဲဒီမှာ S Pen နဲ့ note မှတ်လို့ရတာ၊ handwriting ကို ပုံနှိပ်စာလုံးပြောင်းလိုက်လို့ရတာတွေအပြင် word file ဖြစ်အောင် file format တွေ ပြောင်းလိုက်လို့ရတော့ လုပ်ငန်းအတွက် အများကြီးအထောက်ကူဖြစ်ပြီး အလုပ်ပိုတွင်လို့ တစ်နည်းအားဖြင့် တစ်ချို့သော အထောက်အကူပစ္စည်းတွေက ကိုယ့်လုပ်နိုင်စွမ်းကို မြှင့်တင်ရာမှာ အရေးပါပါတယ်။

၃။ ကိုယ်ပိုင်အချိန်ရှိပါစေ

အလုပ်ထဲမှာပဲအမြဲ မြှုပ်နှံထားရင် တီထွင်ဆန်းသစ်နိုင်စွမ်း လျော့ကျစေတဲ့အတွက် ရေရှည်အောင်မြင်ဖို့ ခက်ပါတယ်။ ဘယ်လောက်အလုပ်များတဲ့သူဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ အလုပ်ကို လုပ်ဖို့ ကိုယ်ပိုင် အချိန်ရှိသင့်ပါတယ်။ Kathryn အနေနဲ့ကတော့ အားလပ်ချိန်တွေမှာ ခရီးသွားတယ်။ ဓာတ်ပုံရိုက်တယ်။ short clip video လေးတွေရိုက်တယ်။ တစ်ခါတစ်လေ live လွှင့်ပြီး fans တွေနဲ့ စကားပြောတယ်။ အဲဒီတော့ Kathryn ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကင်မရာကောင်းတဲ့ဖုန်းတစ်လုံးနဲ့ပဲ ကုန်ဆုံးပြီး နောက်နေ့တွေအတွက် အားပြန်မွေးတယ်။

၄။ ပိုလွယ်ကူထိရောက်တဲ့ နည်းလမ်းအသစ်ကို ရှာဖွေပါ

ဘယ်အလုပ်မဆို ကိုယ်ပုံမှန်လုပ်နေကျ နည်းလမ်းထက် ပိုလွယ်ကူထိရောက်တဲ့ နည်းလမ်းရှိနေတတ်ပါတယ်။ ဥပမာ Kathryn အရင်က မသိတော့ online class အတွက် video တစ်ခါတင်တော့မယ်ဆိုရင် camera နဲ့ရိုက်၊ laptop ထဲထည့်၊ edit လုပ်၊ ပြီးမှတင်ဆိုတော့ အချိန်ကြာတယ်။ အခုဆိုရင် ဖုန်းနဲ့ရိုက်၊ ဖုန်းနဲ့ပဲ edit လုပ်၊ တစ်ခါတည်းတင် လုပ်လို့ရတယ်။ နောက်ပြီး ဖုန်းနဲ့ PC နဲ့ ချိတ်ပြီး data တွေပြောင်းတာ၊ သိမ်းတာတွေ အလွယ်တကူလုပ်လို့ရတာတွေသိလာတော့ အရင်ကကုန်ခဲ့တဲ့အချိန်တွေ၊ energy တွေအတွက်တောင် နှမြောမိတယ်။

အခုဖော်ပြပေးသွားတဲ့ Tips လေးတွေက Kathryn လိုပဲ လုပ်ငန်းတွေကြားထဲ ရုန်းကန်နေရတဲ့ သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

With love
Dr. Kathryn ❤️