[Zawgyi]

ယေန႔ေခတ္ ဝန္ထမ္းအမ်ားစုၾကံဳေနရတ့ဲ ျပႆနာတစ္ခုက လစဥ္ေငြေၾကး မလံုေလာက္ရျခင္း ျပႆနာပါပဲ။ တစ္လလံုးျဖတ္သန္းဖို႔ ကိုယ့္ရဲ႕လစာနဲ႔ မလံုေလာက္တဲ့အခါ ေခ်းငွားသံုးတက္ၾကပါတယ္။လကုန္ရက္ လစာျပန္ရတဲ့အခါ အေၾကြးဆပ္ရတာနဲ႔ ကိုယ့္ဝင္ေငြက ပိုၿပီးမေလာက္မငွျဖစ္လာကာ ေခ်းလိုက္ျပန္ဆပ္လိုက္နဲ႔ အေၾကြးသံသရက ရုန္းမထြက္ႏိုင္ျဖစ္ေနၾကရတာျဖစ္ပါတယ္။ဒါေၾကာင့္ ကိုယ့္ရဲ႕ ဝင္ေငြနဲ႔ ေလာက္ငွမႈ႐ွိစြာ ျဖတ္သန္းႏုိင္ဖို႔ သိထားသင့္တဲ့အခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁) အသံုးစရိတ္ကိုစာရင္းမွတ္ထားပါ

Source : Medium

ကိုယ့္ရဲ႕ တစ္ေန႔တာ အသံုးစရိတ္ေတြအားလံုးကို စာရင္းျပဳစုထားျခင္းက တစ္ေန႔တာမွာ ကိုယ္ေလာက္အထိ ေငြသံုးတယ္ဆိုတာကို အလြယ္တကူသိရွိႏုိင္ၿပီး မလိုအပ္ပဲ ကုန္က်ေနရတဲ့ အသံုးစရိတ္ေတြကိုလည္း ေလ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ အေသးသံုးေငြေတြကအစ စာရင္းမွတ္ထားဖို႔ အႀကံဳျပဳခ်င္ပါတယ္။

(၂) ေလွ်ာ့ေစ်းပစၥည္းေတြမမက္ပါနဲ႔

Source : Flamboyant

လူအမ်ားစုက Discount ခ်ပစၥည္းေတြဆိုရင္ အရမ္းကိုသေဘာက်တက္ၾကပါတယ္။ေစ်းသက္သက္သာသာနဲ႔ ဝယ္လို႔ရတယ္ဆိုေပမယ့္ ကိုယ့္အတြက္ တကယ္အသံုးဝင္မဝင္ တစ္ခ်က္ျပန္စဥ္းစားၾကည့္သင့္ပါတယ္။တကယ္လိုအပ္တဲ့ ပစၥည္းတစ္ခုကိုဝယ္ယူလိုက္တာက ကိစၥမရွိေပမယ့္ ကိုယ့္အတြက္တကယ္လည္းမလုိအပ္ဘဲ ေလ်ာ့ေစ်းနဲ႔ ႀကံဳတုန္းဝယ္ထားလိုက္မယ္ဆိုရင္ေတာ့ သင့္ရဲ႕ ေငြေတြကို ျဖဳန္းတီးပစ္ေနတာနဲ႔ တူေနပါလိမ့္မယ္။

(၃) ေျခေစာင့္လက္ေစာင့္ေငြစုထားပါ

Source : Wealth For Women

လကုန္ရက္လစာရတာနဲ႔ ကိုယ္ခ်န္ထားတဲ့ေငြပမာဏတစ္ခုကို မျဖစ္မေန ဖယ္ၿပီး စုေငြစာရင္းထဲထည့္ထားပါ။ မျဖစ္မေနသံုးရမယ့္ ကိစၥမရွိသ၍ ထိုစုေငြကိုမသံုးပါနဲ႔။ အေရးေပၚေငြသံုးစရာဆုိတာေပၚလာတက္တာေၾကာင့္ ေငြလိုမွေခ်းငွားတာထက္ ကိုယ့္ရဲ႕ ကိုယ္ပိုင္စုေဆာင္းထားတဲ့ေငြကို သံုးရတာကပိုၿပီးအဆင္ေျပပါတယ္။အကယ္၍လတိုင္းထိုကဲ့သို႔ ေငြစုႏုိင္မယ္ဆိုရင္ေတာ့ ေငြေၾကးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ရတဲ့ျပႆနာက လႊတ္ေျမာက္ႏုိင္မွာျဖစ္သလို ဘယ္ပဲသြားသြား ကိုယ့္လက္ထဲေငြရွိတဲ့အတြက္ အားရွိေစပါတယ္။

(၄) အေပ်ာ္အပါးေလ်ာ့ပါ

Source : Socialise & Mingle

အေပါင္းအသင္းက႑ေတြ အေပ်ာ္အပါးက႑ေတြကလည္း ေငြထြက္ေပါက္ျဖစ္ေစတဲ့အေၾကာင္းအရင္းတစ္ခုပါပဲ။လံုးအေပ်ာ္အပါးကိစၥေတြမလုပ္နဲ႔လို႔ေတာ့ မေျပာလိုပါဘူး။ဒါေပမယ့္ ကန္႔သတ္ခ်က္ေလးတစ္ခုေတာ့ထားသင့္ပါတယ္။တစ္လက ၂ ႀကိမ္ေလာက္ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ၾကဆံုၾကစားၾကေသာက္ၾက မယ္ဆိုရင္အဆင္ေျပပါတယ္။အျမဲလိုလို Bar ေတြသြားမယ္ အေပ်ာ္အပါးႏြံထဲမွပဲနစ္ေနမယ္ဆိုရင္ေတာ့ ေရရွည္အဆင္မေျပႏိုင္ပါဘူး။

[Unicode]

ယနေ့ခေတ် ဝန်ထမ်းအများစုကြုံနေရတဲ့ ပြဿနာတစ်ခုက လစဉ်ငွေကြေး မလုံလောက်ရခြင်း ပြဿနာပါပဲ။ တစ်လလုံးဖြတ်သန်းဖို့ ကိုယ့်ရဲ့လစာနဲ့ မလုံလောက်တဲ့အခါ ချေးငှားသုံးတက်ကြပါတယ်။လကုန်ရက် လစာပြန်ရတဲ့အခါ အကြွေးဆပ်ရတာနဲ့ ကိုယ့်ဝင်ငွေက ပိုပြီးမလောက်မငှဖြစ်လာကာ ချေးလိုက်ပြန်ဆပ်လိုက်နဲ့ အကြွေးသံသရက ရုန်းမထွက်နိုင်ဖြစ်နေကြရတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ ဝင်ငွေနဲ့ လောက်ငှမှုရှိစွာ ဖြတ်သန်းနိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အသုံးစရိတ်ကိုစာရင်းမှတ်ထားပါ

Source : Medium

ကိုယ့်ရဲ့ တစ်နေ့တာ အသုံးစရိတ်တွေအားလုံးကို စာရင်းပြုစုထားခြင်းက တစ်နေ့တာမှာ ကိုယ်လောက်အထိ ငွေသုံးတယ်ဆိုတာကို အလွယ်တကူသိရှိနိုင်ပြီး မလိုအပ်ပဲ ကုန်ကျနေရတဲ့ အသုံးစရိတ်တွေကိုလည်း လျော့ချနိုင်မှာဖြစ်ပါတယ်။ အသေးသုံးငွေတွေကအစ စာရင်းမှတ်ထားဖို့ အကြုံပြုချင်ပါတယ်။

(၂) လျှော့ဈေးပစ္စည်းတွေမမက်ပါနဲ့

Source : Flamboyant

လူအများစုက Discount ချပစ္စည်းတွေဆိုရင် အရမ်းကိုသဘောကျတက်ကြပါတယ်။ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရတယ်ဆိုပေမယ့် ကိုယ့်အတွက် တကယ်အသုံးဝင်မဝင် တစ်ချက်ပြန်စဉ်းစားကြည့်သင့်ပါတယ်။တကယ်လိုအပ်တဲ့ ပစ္စည်းတစ်ခုကိုဝယ်ယူလိုက်တာက ကိစ္စမရှိပေမယ့် ကိုယ့်အတွက်တကယ်လည်းမလိုအပ်ဘဲ လျော့ဈေးနဲ့ ကြုံတုန်းဝယ်ထားလိုက်မယ်ဆိုရင်တော့ သင့်ရဲ့ ငွေတွေကို ဖြုန်းတီးပစ်နေတာနဲ့ တူနေပါလိမ့်မယ်။

(၃) ခြေစောင့်လက်စောင့်ငွေစုထားပါ

Source : Wealth For Women

လကုန်ရက်လစာရတာနဲ့ ကိုယ်ချန်ထားတဲ့ငွေပမာဏတစ်ခုကို မဖြစ်မနေ ဖယ်ပြီး စုငွေစာရင်းထဲထည့်ထားပါ။ မဖြစ်မနေသုံးရမယ့် ကိစ္စမရှိသ၍ ထိုစုငွေကိုမသုံးပါနဲ့။ အရေးပေါ်ငွေသုံးစရာဆိုတာပေါ်လာတက်တာကြောင့် ငွေလိုမှချေးငှားတာထက် ကိုယ့်ရဲ့ ကိုယ်ပိုင်စုဆောင်းထားတဲ့ငွေကို သုံးရတာကပိုပြီးအဆင်ပြေပါတယ်။အကယ်၍လတိုင်းထိုကဲ့သို့ ငွေစုနိုင်မယ်ဆိုရင်တော့ ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ပြဿနာက လွှတ်မြောက်နိုင်မှာဖြစ်သလို ဘယ်ပဲသွားသွား ကိုယ့်လက်ထဲငွေရှိတဲ့အတွက် အားရှိစေပါတယ်။

(၄) အပျော်အပါးလျော့ပါ

Source : Socialise & Mingle

အပေါင်းအသင်းကဏ္ဍတွေ အပျော်အပါးကဏ္ဍတွေကလည်း ငွေထွက်ပေါက်ဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။လုံးအပျော်အပါးကိစ္စတွေမလုပ်နဲ့လို့တော့ မပြောလိုပါဘူး။ဒါပေမယ့် ကန့်သတ်ချက်လေးတစ်ခုတော့ထားသင့်ပါတယ်။တစ်လက ၂ ကြိမ်လောက် သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြစားကြသောက်ကြ မယ်ဆိုရင်အဆင်ပြေပါတယ်။အမြဲလိုလို Bar တွေသွားမယ် အပျော်အပါးနွံထဲမှပဲနစ်နေမယ်ဆိုရင်တော့ ရေရှည်အဆင်မပြေနိုင်ပါဘူး။