[Zawgyi]

မ်က္ႏွာအသားအေရေပၚမွာ လိမ္းရတဲ့မိတ္ကပ္ေတြကို သန္႔ရွင္းမႈရွိဖို႔ကအစ လိုက္ၿပီးဂ႐ုစိုက္ေနဖို႔လိုပါတယ္။ ဝက္ၿခံေတြမျဖစ္ဖို႔အတြက္ဆိုရင္ မိတ္ကပ္ေတြကိုပဲ ေျပာင္စင္ေအာင္ဖ်က္ေပးဖို႔မဟုတ္ဘဲ ပ်ိဳေမတို႔အသံုးျပဳမယ့္ မိတ္ကပ္ေတြကလည္း သန္႔စင္ၿပီး မပ်က္စီးတာမ်ိဳးေတြကို လိမ္းမွေကာင္းမြန္တဲ့အသားအေရမ်ိဳးကို ရရွိမွာပဲျဖစ္ပါတယ္။ ဒီေတာ့ ဘာေတြကိုသတိထားသင့္ၿပီလဲ။

လက္နဲ႔အသံုးမျပဳပါနဲ႔

မိတ္ကပ္ေတြကိုအသံုးျပဳတဲ့အခါမွာ ဥပမာ Foundation လိမ္းေတာ့မယ္ဆိုရင္လည္း Foundation ကိုလက္နဲ႔ယူၿပီး မ်က္ႏွာေပၚမွာလိမ္းတာမ်ိဳးကို ေရွာင္သင့္ပါတယ္။ မိတ္ကပ္လိမ္းတဲ့အခါမွာသံုးတဲ့ မိတ္ကပ္ Brush ေတြနဲ႔သံုးေပးရင္အေကာင္းဆံုးပါ။

Brush ေတြကိုသန္႔စင္ေအာင္ထားပါ

မိတ္ကပ္ေတြကိုလိမ္းရတဲ့အရာျဖစ္တာေၾကာင့္ ေသခ်ာသန္႔စင္ထားဖို႔ေတာ့လိုအပ္ပါတယ္။ Brush ေတြကညစ္ပတ္ေနမယ္ဆိုရင္ ဘက္တီးရီးယားေတြကို သင့္မ်က္ႏွာျပင္ေပၚကိုေရာက္သြားေအာင္ တြန္းအားေပးသလိုျဖစ္ၿပီး ဝက္ၿခံေတြကိုျဖစ္လာေစႏိုင္ပါတယ္။

မိတ္ကပ္ရက္စြဲေတြကို မွတ္ထားပါ

မိတ္ကပ္အသစ္ဝယ္ၿပီဆိုတာနဲ႔ ဝယ္လာတဲ့ ေန႔စြဲကိုမိတ္ကပ္ဘူးမွာ မွတ္သားထားလိုက္တာက အေကာင္းဆံုးပါပဲ။ မိတ္ကပ္ေတြမွာလည္း သက္တမ္းကုန္ဆံုးရက္ဆိုတာရွိပါတယ္။ မိန္းကေလးေတြရဲ႕ အက်င့္က မိတ္ကပ္ေတြကိုအမ်ားႀကီးဝယ္ထားတတ္ေတာ့ အခ်ိန္ၾကာၾကာထိမကုန္ေတာ့ ဆက္သံုးေနတာမ်ိဳးေတြကို ျမင္ေတြ႔လာရပါတယ္။ ဒီအခ်က္မ်ိဳးက သင့္အသားအေရကိုပ်က္စီးလာေစႏိုင္တယ္ေနာ္။

မိတ္ကပ္ပစၥည္းေတြကို ေဝမွ်သံုးတာ

မိတ္ကပ္ပစၥည္းဆိုတာလည္း ေဝမွ်ၿပီးမသံုးသင့္တဲ့ထဲမွာ ပါဝင္္္ေနပါတယ္။ ႏႈတ္ခမ္းနီေတြ၊ မ်က္ေတာင္ေကာ့ေဆးေတြနဲ႔၊ မိတ္ကပ္ေပါင္ဒါေတြကို မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မွ်ၿပီးသံုးတတ္ၾကပါတယ္။ ဒီလိုလုပ္တာက ဘက္တီးရီးယားေတြကို အလြယ္တကူကူးစက္ေစၿပီး ဝက္ၿခံျဖစ္တာေတြနဲ႔၊ မ်က္လံုးပိုးဝင္တာေတြပါ ျဖစ္ေစႏိုင္ပါတယ္။

လက္ကိုသန္႔စင္ပါ

မိတ္ကပ္လိမ္းေတာ့မယ္ဆိုရင္ လက္ကိုအရင္သန္႔စင္တာက အေကာင္းဆံုးပါပဲ။ မ်က္ႏွာအသားအေရကုိ ထိေတြ႔ေနရမွာဆိုေတာ့ လက္ကလည္းသန္႔ရွင္းေနဖို႔အေရးႀကီးတာေပါ႔။ ဒါမွလည္း မျမင္ရတဲ့ဘက္တီးရီးယားေတြရဲ႕ရန္ကေန လြတ္ကင္းႏိုင္မွာေပါ႔။

ဒီအခ်က္ေတြကေတာ့ မိတ္ကပ္ကိုဘယ္လိုမ်ိဳး သန္႔စင္ေအာင္လိမ္းျခယ္ရမလဲဆိုတဲ့ အခ်က္ေတြျဖစ္ၿပီး မိတ္ကပ္လိမ္းရင္ဝက္ၿခံေပါက္တယ္ဆုိတဲ့ ပ်ိဳေမတို႔အတြက္ ဆင္ျခင္ရမယ့္နည္းလမ္းအမွန္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Photo Source: Pexels

[Unicode]

မျက်နှာအသားအရေပေါ်မှာ လိမ်းရတဲ့မိတ်ကပ်တွေကို သန့်ရှင်းမှုရှိဖို့ကအစ လိုက်ပြီးဂရုစိုက်နေဖို့လိုပါတယ်။ ဝက်ခြံတွေမဖြစ်ဖို့အတွက်ဆိုရင် မိတ်ကပ်တွေကိုပဲ ပြောင်စင်အောင်ဖျက်ပေးဖို့မဟုတ်ဘဲ ပျိုမေတို့အသုံးပြုမယ့် မိတ်ကပ်တွေကလည်း သန့်စင်ပြီး မပျက်စီးတာမျိုးတွေကို လိမ်းမှကောင်းမွန်တဲ့အသားအရေမျိုးကို ရရှိမှာပဲဖြစ်ပါတယ်။ ဒီတော့ ဘာတွေကိုသတိထားသင့်ပြီလဲ။

လက်နဲ့အသုံးမပြုပါနဲ့

မိတ်ကပ်တွေကိုအသုံးပြုတဲ့အခါမှာ ဥပမာ Foundation လိမ်းတော့မယ်ဆိုရင်လည်း Foundation ကိုလက်နဲ့ယူပြီး မျက်နှာပေါ်မှာလိမ်းတာမျိုးကို ရှောင်သင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာသုံးတဲ့ မိတ်ကပ် Brush တွေနဲ့သုံးပေးရင်အကောင်းဆုံးပါ။

Brush တွေကိုသန့်စင်အောင်ထားပါ

မိတ်ကပ်တွေကိုလိမ်းရတဲ့အရာဖြစ်တာကြောင့် သေချာသန့်စင်ထားဖို့တော့လိုအပ်ပါတယ်။ Brush တွေကညစ်ပတ်နေမယ်ဆိုရင် ဘက်တီးရီးယားတွေကို သင့်မျက်နှာပြင်ပေါ်ကိုရောက်သွားအောင် တွန်းအားပေးသလိုဖြစ်ပြီး ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။

မိတ်ကပ်ရက်စွဲတွေကို မှတ်ထားပါ

မိတ်ကပ်အသစ်ဝယ်ပြီဆိုတာနဲ့ ဝယ်လာတဲ့ နေ့စွဲကိုမိတ်ကပ်ဘူးမှာ မှတ်သားထားလိုက်တာက အကောင်းဆုံးပါပဲ။ မိတ်ကပ်တွေမှာလည်း သက်တမ်းကုန်ဆုံးရက်ဆိုတာရှိပါတယ်။ မိန်းကလေးတွေရဲ့ အကျင့်က မိတ်ကပ်တွေကိုအများကြီးဝယ်ထားတတ်တော့ အချိန်ကြာကြာထိမကုန်တော့ ဆက်သုံးနေတာမျိုးတွေကို မြင်တွေ့လာရပါတယ်။ ဒီအချက်မျိုးက သင့်အသားအရေကိုပျက်စီးလာစေနိုင်တယ်နော်။

မိတ်ကပ်ပစ္စည်းတွေကို ဝေမျှသုံးတာ

မိတ်ကပ်ပစ္စည်းဆိုတာလည်း ဝေမျှပြီးမသုံးသင့်တဲ့ထဲမှာ ပါဝင်နေပါတယ်။ နှုတ်ခမ်းနီတွေ၊ မျက်တောင်ကော့ဆေးတွေနဲ့၊ မိတ်ကပ်ပေါင်ဒါတွေကို မိန်းကလေးတော်တော်များများက မျှပြီးသုံးတတ်ကြပါတယ်။ ဒီလိုလုပ်တာက ဘက်တီးရီးယားတွေကို အလွယ်တကူကူးစက်စေပြီး ဝက်ခြံဖြစ်တာတွေနဲ့၊ မျက်လုံးပိုးဝင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။

လက်ကိုသန့်စင်ပါ

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် လက်ကိုအရင်သန့်စင်တာက အကောင်းဆုံးပါပဲ။ မျက်နှာအသားအရေကို ထိတွေ့နေရမှာဆိုတော့ လက်ကလည်းသန့်ရှင်းနေဖို့အရေးကြီးတာပေါ့။ ဒါမှလည်း မမြင်ရတဲ့ဘက်တီးရီးယားတွေရဲ့ရန်ကနေ လွတ်ကင်းနိုင်မှာပေါ့။

ဒီအချက်တွေကတော့ မိတ်ကပ်ကိုဘယ်လိုမျိုး သန့်စင်အောင်လိမ်းခြယ်ရမလဲဆိုတဲ့ အချက်တွေဖြစ်ပြီး မိတ်ကပ်လိမ်းရင်ဝက်ခြံပေါက်တယ်ဆိုတဲ့ ပျိုမေတို့အတွက် ဆင်ခြင်ရမယ့်နည်းလမ်းအမှန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source: Pexels