မိန်းကလေးတော်တော်များများရဲ့ စိတ်အပြောင်းအလဲမြန်တဲ့ ပြဿနာတစ်ချို့ပေါ့။ ရှေ့ဆံပင်လေးတွေ အတိလေးညှပ်ပြီးမှာ မထားချင်တော့လို့ ရှည်ချင်ပါတယ်ဆိုတဲ့ ပျိုမေတို့ရဲ့လိုအင်ဆန္ဒတွေကိုပြည့်စုံဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရှေ့ဆံမြိတ်ထားပြီးမှ မကြိုက်တော့လို့ပြန်ပြောင်းချင်တဲ့သူတွေအတွက်တော့ အသုံးဝင်စေမယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်။

ဆံပင်လေးကိုနည်းနည်းလောက်ခွဲထားလိုက်ပါ

ရှေ့ဆံပင်အတိတွေကို မထားချင်တော့ဘူး ဆံပင်ပုံစံပြောင်းမယ်ဆိုရင် အတိဖြစ်နေတဲ့ရှေ့ဆံပင်ကို နည်းနည်းလောက်ခွဲထားပေးလိုက်ပါ။ အမြဲတမ်းရှေ့တည့်တည့်ကိုပဲ ချထားရတာဆိုတော့ နည်းနည်းလောက်ခွဲထားပေးလိုက်မယ်ဆိုရင် ဆံပင်ကိုလည်းပိုရှည်လာစေပြီး ဆံပင်ပုံစံပြောင်းရတာ ပိုလွယ်ကူသွားမှာပါ။

ဆံသားကောင်းမွန်အောင် ထိန်းသိမ်းပါ

ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်းမှာ ဆံပင်ပျော့ဆေးကို ဂရုတစိုက်နဲ့သုံးပေးပြီး ဆံသားလေးတွေကိုထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဆံသားတွေကရေဓာတ်ကောင်းကောင်းပြည့်ဝနေပြီး အစိုဓာတ်လေးရှိနေမှ အရှည်မြန်စေမှာဖြစ်တာကြောင့် ထိန်းသိမ်းမှုလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုမယ်နော်။

ဆံပင်ခွဲကြောင်းပြောင်းလိုက်ပါ

ရှေ့ကိုဆံပင်ချပြီး မထားချင်တော့ဘူးဆိုရင်တော့ ဆံပင်ကိုခွဲကြောင်းပြောင်းလိုက်ဖို့စဉ်းစားပါ။ အလယ်ကိုပဲခွဲမှာလား၊ ဘေးကိုခွဲမှာလားဆိုတာ သေချာဆုံးဖြတ်ပြီး ပြောင်းလဲလိုက်ပါ။

ဆံညှပ်လေးတွေအသုံးပြုပေးပါ

ရှေ့ဆံပင်တွေကိုပုံစံပြောင်းဖို့အတွက်ဆိုရင် ညှပ်လေးတွေနဲ့အနည်းငယ်ထိန်းပြီး ညှပ်ထားပေးမယ်ဆိုရင်ဖက်ရှင်လည်းကျပြီး သင့်ဆံသားတွေကို ပုံစံပြောင်းသွားစေဖို့ ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုးလေးတွေလုပ်ပေးမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ ရှေ့ဆံပင်လေးကခွဲကြောင်းပြောင်းပြီး ပုံစံအသစ်လေးနဲ့လှပနိုင်မှာပဲဖြစ်ပါတယ်။

Photo Source: Pinterest