ကိုယ့်ချစ်သူကို တကယ်ချစ်တယ်၊ မြတ်နိုးတယ်ဆိုရင် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် သူပျော်ရွှင်အောင် အမြဲထားပေးပါ။ သစ္စာရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်ဖို့ဆိုတာတော့ နှစ်ယောက်လုံးရဲ့လုပ်ရပ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကိုပျော်ရွှင်စေချင်ရင် ဒီအချက်လေးတွေကိုအမြဲလုပ်ပေးလိုက်နော်။

Anniversary နေ့၊ မွေးနေ့၊ အမှတ်တရနေ့လေးတွေမှာ ကြီးကြီးမားမားမဟုတ်တောင် အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပစ္စည်းလေးတွေကို အမြဲပေးပြီး အမှတ်တရဖြစ်စေမယ့် အရာလေးတွေ လုပ်ပေးပါ။ ဒီလိုလေးတွေလုပ်ပေးတာက ပြန်တွေးတိုင်း ကြည်နူးရလို့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားပဲဖြစ်ဖြစ် သဘောကျပြီး ပျော်မှာသေချာပါတယ်။

Source: www.lovebondings.com

သူငယ်ချင်း၊ အပေါင်းအသင်းရှေ့မှာဆိုရင် ပိုဂရုစိုက်ပြီး ကြင်နာပေးပါ။ ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်းရှေ့မှာ ငါ့ရည်းစားက ငါ့ကို အရမ်းချစ်တာ၊ အရမ်းဂရုစိုက်တာဆိုပြီး ကြွားချင်ကြတာချည်းပါပဲ။ ယောင်္ကျားလေးမှ ဒီလိုလုပ်ပေးရမှာမဟုတ်ဘူးနော်။ မိန်းကလေးတွေလည်း ဒီလိုလေးလုပ်ပေးပါ။ အရေးကြီးတာကတော့ သူငယ်ချင်း၊ အပေါင်းအသင်းနဲ့ လူအများရှေ့မှာ ဘယ်လောက်စိတ်တိုတို လုံးဝမအော်ပါနဲ့။ စိတ်မရှည်တဲ့ပုံတွေ မလုပ်မိပါစေနဲ့။

Source: www.pexels.com

ကိုယ့်ချစ်သူအားငယ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ အနားမှာနေပြီး အားပေးပါ။ သူ့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပြီး အားပေးစကားတွေ ပြောပေးပါ။ အဝေးရောက်နေရင်တောင် ဂရုစိုက်တာတွေ လျော့မသွားပဲ အရင်ထက်ပိုဂရုစိုက်ပေးမယ်ဆိုရင်တော့ ရန်ဖြစ်တာမျိုးလည်း ရှိတော့မှာမဟုတ်ပါဘူး။

Source: www.pexels.com

နောက်ဆုံးအနေနဲ့ အရေးကြီးတာကတော့ သစ္စာရှိပေးဖို့ပါပဲ။ သစ္စာရှိရှိတဲ့ ကိုယ့်ချစ်သူတစ်ယောက်ထဲကိုပဲ ချစ်ပေးပြီး ဂရုစိုက်ကြင်နာမယ်၊ နားလည်မှုပေးထားမယ်ဆိုရင်တော့ သာယာပျော်ရွှင်တဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ရမှာပါ။

Source: www.limwstory.com