မိန်းကလေးတော်တော်များများက အဝတ်အစားဝယ်ဆို အရမ်းဝယ်ကြတယ်။ ဝယ်ပြီးရင်လည်း ဘယ်တော့မှ ဝတ်စရာမရှိကြဘူး။ အပြင်သွားလို့ တွေ့ရင်လည်း ဝယ်ကြတယ်။ Online Shopping တွေကလည်း တွေ့ရင်တွေ့သလို မှာကြတယ်။ ဒီလိုနဲ့ပဲ ပိုက်ဆံတွေက အဝတ်အစားဖိုးမှာတင် ကုန်နေပြီ။ ဒါကြောင့် အဝတ်အစားတွေမြင်တိုင်း ဘာမှမစဉ်းစားပဲ ခဏခဏဝယ်မိနေတဲ့အကျင့်ကို ထိန်းချုပ်ပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်တယ်နော်။

သင်သုံးထားတာတွေကို ချရေးပြီး မှတ်ထားပါ။

ကိုယ်သုံးသမျှ၊ ဝယ်သမျှ သေးသေးလေးကအစ မှတ်စုစာအုပ်နဲ့ ချရေးပြီး မှတ်ထားပါ။ ဒါကိုကြည့်ပြီး ဆင်ခြင်လို့ ချိန်ဆလို့ရအောင်ပေါ့။

အပြင်သွားရင် ATM Card တွေထားခဲ့ပါ။ ပိုက်ဆံအများကြီးယူမသွားပါနဲ့။

အပြင်သွားမယ်ဆိုရင် ATM Card ကို ယူမသွားပါနဲ့။ လိုချင်တာတွေ့လို့ ပိုက်ဆံမပါရင်တောင် ATM ထဲက သွားထုတ်ပြီး ဝယ်မိပါလိမ့်မယ်။ ပိုက်ဆံလည်း ကိုယ်သွားမယ့်နေရာအတွက်ပဲ လုံလောက်အောင်ယူသွားပါ။ အပိုပိုက်ဆံယူသွားတာမျိုး၊ ပိုက်ဆံများများထည့်သွားတာမျိုးမလုပ်ပါနဲ့။ ပိုက်ဆံမပါရင် မဝယ်ဖြစ်ပါဘူး။

ပိုက်ဆံတွေကို အလွယ်တကူယူသုံးလို့မရတဲ့နေရာမှာထားပါ။

ပိုက်ဆံတွေကို အလွယ်တကူယူသုံးလို့မရတဲ့ နေရာတွေမှာထားပါ။ ဥပမာ ဘဏ်စာအုပ်ထဲထည့်လိုက်တာမျိုးပေါ့။ ဘဏ်စာအုပ်ထဲထည့်လိုက်ရင် အလုပ်ရှုပ်တော့ တော်ရုံသွားမထုတ်ဖြစ်တော့ဘူး။

Online Shopping တွေကို Unfollow လုပ်ထားပါ။

Online Shopping တွေကို Unfollow လုပ်ထားလိုက်ရင် အဝတ်အစားတွေ မမြင်ရတော့ မဝယ်မိတော့ဘူးပေါ့။

အဝတ်ဗီဒိုကိုသေချာရှင်းပြီး သပ်သပ်ရပ်ရပ်ပြန်လုပ်ပါ။

သင့်အဝတ်ဗီဒိုကို သေချာရှင်းလင်းပြီး စုတ်နေတဲ့အဝတ်အစားတွေကို ဖယ်ထုတ်ပါ။ မဝတ်တာကြာတဲ့ အဝတ်အစားတွေကိုပြန်ထုတ်ပြီး အားလုံးကို သပ်သပ်ရပ်ရပ်နဲ့ သေချာပြန်စီထားလိုက်ပါ။ သပ်သပ်ရပ်ရပ်လေးဖြစ်သွားရင် အရင်ကမကြိုက်လို့ ချောင်ထိုးထားတာတွေကိုတောင် ပြန်ကြိုက်လာတတ်ပါတယ်။

ဘယ်အဝတ်အစားက သင့်အတွက်အရေးအကြီးဆုံးလဲစဉ်းစားပါ။

ဘယ်အဝတ်အစား၊ ဘယ်ဖက်ရှင်စတိုင်လ်ကို သင်အကြိုက်ဆုံးလဲဆိုတာစဉ်းစားပြီး ဒါမျိုးကိုပဲ ဝယ်ထားပါ။ ကိုယ်သိပ်မကြိုက်ပဲ ကိုယ့်စတိုင်လ်မဟုတ်ပဲ အသစ်ထွက်တိုင်း၊ လှတာမြင်တိုင်းလဲ မဝယ်ပါနဲ့။

အခြားသူတွေဘယ်လိုတွေးမလဲဆိုတာကို မစဉ်းစားပါနဲ့။

ငါ့မှာရှိတဲ့ဟာတွေပဲဝတ်ရင်၊ ဒါတွေပဲဝတ်နေရင်၊ အဝတ်အစား သူများလို အသစ်ထွက်တိုင်းမဝယ်ရင် သူများတွေ ငါ့ကို ဘယ်လိုထင်သွားမလဲဆိုတာမျိုး မစဉ်းစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ရှိတာကိုယ်ဝတ်ပြီး သပ်သပ်ရပ်ရပ်နေရင် လူတိုင်းလှပါတယ်။

ကိုယ့်အတွက်ဘာကအလိုအပ်ဆုံးလဲဆိုတာကို စဉ်းစားပါ။

သင့်အတွက်ဘာက အလိုအပ်ဆုံးလဲဆိုတာ စဉ်းစားပါ။ အဝတ်အစားက အလိုအပ်ဆုံးလား? ကိုယ့်အတွက်အလိုအပ်ဆုံးဆိုတာကို ဖြစ်အောင်လုပ်ဖို့ ငွေစုလိုက်ပါ။ ဒါဆိုရင်တော့ အဝတ်အစားမြင်တိုင်း ဝယ်နေတတ်တဲ့အကျင့်က နည်းနည်းတော့ပျောက်သွားပါလိမ့်မယ်။