(Zawgyi Version)

အခုကမိုးလည္းကုန္ေနၿပီဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားက ကမ္းေျခကိုသြားေနၾကပါၿပီ။ ကမ္းေျခသြားၿပီးရင္ အသားအေရေနေလာင္ၿပီး မဲသြားမွာပဲ။ ဒီလိုမျဖစ္ခ်င္ရင္ေတာ့ ကိုယ္တုိင္က ေသခ်ာဂရုစိုက္ေပးဖို႔ လိုပါတယ္။ ဒါေၾကာင့္ ကမ္းေျခသြားၿပီးျပန္လာလည္း ေနေလာင္ၿပီး အသားမဲသြားတာမ်ိဳးမျဖစ္ေအာင္ ဘယ္လိုဂရုစိုက္မလဲဆိုတာကို ေျပာျပေပးလိုက္ပါတယ္။

ကမ္းေျခေရာက္ေနတဲ့အခ်ိန္ေတြမွာေတာ့ Sunscreen ကိုမျဖစ္မေနလိမ္းေပးပါ။ ၄ နာရီျခားတစ္ခါ လိမ္းေပးရင္ေတာ့ အေကာင္းဆံုးပါပဲ။ မ်က္ႏွာနဲ႔ တစ္ကိုယ္လံုးကို Sunscreen ႏိုင္ႏိုင္လိမ္းေပးရမွာပါ။ ခဏခဏထုတ္လိမ္းရတာမ်ိဳးမလုပ္ခ်င္ရင္ေတာ့ Sun spray ယူသြားၿပီး ၃ နာရီ ၊ ၄ နာရီျခားတစ္ခါ ျဖန္းေပးပါ။ Lotion လိမ္းေပးဖို႔လည္း မေမ့ပါနဲ႔။

ကမ္းေျခကေနျပန္ေရာက္လာၿပီဆိုတာနဲ႔ ေနာက္ေန႔မွာခ်က္ခ်င္း Spa သြားပါ။ တအားေဆာ့ၿပီးေနေလာင္လာရင္ေတာ့ Spa သြားဖို႔လိုပါတယ္။ ဒါမွသာ နဂိုအသားအေရာင္အတိုင္း ျပန္ရမွာပါ။ မဟုတ္ရင္ေတာ့ နဂိုအသားအေရအတိုင္းျပန္ရဖို႔ ၾကာပါလိမ့္မယ္။

ကိုယ့္အေနနဲ႔ ေနတအားမေလာင္ခဲ့ဘူး၊ Sunscreen လည္း အေပၚမွာေျပာတဲ့အတိုင္း ၄ နာရီျခားတစ္ခါေလာက္ ေသခ်ာလိမ္းေပးတယ္ဆိုရင္ေတာ့ အိမ္ျပန္ေရာက္တာနဲ႔ ကိုယ့္အိမ္မွာကိုယ္တိုင္ Scrub သံုးၿပီး Lotion လိမ္းလိုက္ရင္ရပါတယ္။ ၅ ရက္၊ တစ္ပတ္ေလာက္ေတာ့ ဘယ္မွမသြားပဲ အိမ္တြင္းပုန္းေနလိုက္မယ္ဆိုရင္ေတာ့ အသားလည္းလံုးဝမဲေတာ့မဟုတ္ပါဘူး။ အသားအေရလည္းမပ်က္စီးပဲ အရင္တိုင္းလွပေနမွာပါ။

မ်က္ႏွာဆိုလည္း Sunscreen လိမ္းရပါမယ္။ သူလည္း Body လိုပဲ ၄ နာရီၾကားတစ္ခါလိမ္းပါ။ ညဘက္ဆိုရင္ Sheet Mask ကပ္ၿပီးမွအိပ္ပါ။ ကမ္းေျခကျပန္ေရာက္တာနဲ႔ Body Spa သြားမယ္ဆိုရင္ေတာ့ မ်က္ႏွာကိုပါ ဆိုင္မွာတစ္ခါထဲေပါင္းတင္လို႔ရပါတယ္။ ေနအရမ္းမေလာင္ခဲ့ရင္ေတာ့ အိပ္မွာ ေပါင္းတင္တာမ်ိဳးျပန္လုပ္ေပးရံုနဲ႔ ရပါတယ္။

Photo Source: www.freepik.com

(Unicode Version)

အခုကမိုးလည်းကုန်နေပြီဆိုတော့ တော်တော်များများက ကမ်းခြေကိုသွားနေကြပါပြီ။ ကမ်းခြေသွားပြီးရင် အသားအရေနေလောင်ပြီး မဲသွားမှာပဲ။ ဒီလိုမဖြစ်ချင်ရင်တော့ ကိုယ်တိုင်က သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ကမ်းခြေသွားပြီးပြန်လာလည်း နေလောင်ပြီး အသားမဲသွားတာမျိုးမဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကမ်းခြေရောက်နေတဲ့အချိန်တွေမှာတော့ Sunscreen ကိုမဖြစ်မနေလိမ်းပေးပါ။ ၄ နာရီခြားတစ်ခါ လိမ်းပေးရင်တော့ အကောင်းဆုံးပါပဲ။ မျက်နှာနဲ့ တစ်ကိုယ်လုံးကို Sunscreen နိုင်နိုင်လိမ်းပေးရမှာပါ။ ခဏခဏထုတ်လိမ်းရတာမျိုးမလုပ်ချင်ရင်တော့ Sun spray ယူသွားပြီး ၃ နာရီ ၊ ၄ နာရီခြားတစ်ခါ ဖြန်းပေးပါ။ Lotion လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

ကမ်းခြေကနေပြန်ရောက်လာပြီဆိုတာနဲ့ နောက်နေ့မှာချက်ချင်း Spa သွားပါ။ တအားဆော့ပြီးနေလောင်လာရင်တော့ Spa သွားဖို့လိုပါတယ်။ ဒါမှသာ နဂိုအသားအရောင်အတိုင်း ပြန်ရမှာပါ။ မဟုတ်ရင်တော့ နဂိုအသားအရေအတိုင်းပြန်ရဖို့ ကြာပါလိမ့်မယ်။

ကိုယ့်အနေနဲ့ နေတအားမလောင်ခဲ့ဘူး၊ Sunscreen လည်း အပေါ်မှာပြောတဲ့အတိုင်း ၄ နာရီခြားတစ်ခါလောက် သေချာလိမ်းပေးတယ်ဆိုရင်တော့ အိမ်ပြန်ရောက်တာနဲ့ ကိုယ့်အိမ်မှာကိုယ်တိုင် Scrub သုံးပြီး Lotion လိမ်းလိုက်ရင်ရပါတယ်။ ၅ ရက်၊ တစ်ပတ်လောက်တော့ ဘယ်မှမသွားပဲ အိမ်တွင်းပုန်းနေလိုက်မယ်ဆိုရင်တော့ အသားလည်းလုံးဝမဲတော့မဟုတ်ပါဘူး။ အသားအရေလည်းမပျက်စီးပဲ အရင်တိုင်းလှပနေမှာပါ။

မျက်နှာဆိုလည်း Sunscreen လိမ်းရပါမယ်။ သူလည်း Body လိုပဲ ၄ နာရီကြားတစ်ခါလိမ်းပါ။ ညဘက်ဆိုရင် Sheet Mask ကပ်ပြီးမှအိပ်ပါ။ ကမ်းခြေကပြန်ရောက်တာနဲ့ Body Spa သွားမယ်ဆိုရင်တော့ မျက်နှာကိုပါ ဆိုင်မှာတစ်ခါထဲပေါင်းတင်လို့ရပါတယ်။ နေအရမ်းမလောင်ခဲ့ရင်တော့ အိပ်မှာ ပေါင်းတင်တာမျိုးပြန်လုပ်ပေးရုံနဲ့ ရပါတယ်။

Photo Source: www.freepik.com