အလုပ်လုပ်ပြီဆိုထဲက လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ ပေါင်းသင်းဆက်ဆံရတာပါ။ လုပ်ငန်းတစ်ခုထဲမှာလုပ်နေကြတဲ့သူတွေဖြစ်တဲ့အတွက် မခေါ်မပြောချင်လို့လည်းမရပါဘူး။ ဒါကြောင့် အလုပ်ကလူတွေအကုန်လုံးနဲ့ အဆင်ပြေအောင် ဘယ်လိုပြောဆိုနေထိုင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကိုယ့်တာဝန်ကိုပြီးဆုံးအောင်လုပ်ပါ။

Photo Source: www.cheatsheet.com

ကိုယ်တာဝန်ယူထားရတဲ့အလုပ်တစ်ခု သူများကိုလွှဲမပေးပါနဲ့။ ကိုယ်တိုင်ပဲ ပြီးဆုံးအောင်လုပ်ပါ။ အလုပ်လုပ်တဲ့အခါမှာ နေ့ရွေ့ညရွေ့မလုပ်ပဲ စေတနာပါပါနဲ့လုပ်ပေးရင် လူတိုင်းက သဘောကျပါတယ်။ တစ်ခုခုကိုတာဝန်ပေးလိုက်တိုင်းမှာ ဆင်ခြင်မပေးပဲ အဆင်ပြေအောင် အတတ်နိုင်ဆုံးလုပ်မယ်ဆိုတဲ့ စိတ်ကိုပဲမွေးပါ။ အလုပ်မှာအမြဲတမ်း သွက်သွက်လတ်လတ်နဲ့ ပြုံးပြုံးလေးပဲနေပါ။

သည်းခံပါ။

Photo Source: www.impactbusinessgroup.com

အလုပ်မှာ သူကငါ့အပေါ်ဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုလုပ်တယ်ဆိုတာတွေကို ခေါင်းထဲမထားပါနဲ့။ လူတိုင်းနဲ့အဆင်ပြေအောင်နေပြီး အရာရာကို သည်းခံပါ။ သည်းခံလိုက်လို့ အောက်ကျတယ်ဆိုတာ မရှိပါဘူး။ အရာရာတိုင်းကို ခေါင်းထဲထည့်ပြီး တွေးနေမယ်ဆိုရင်တော့ ကိုယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ တစ်ခုခုပြောလိုက်ရင်လည်း ဆတ်ဆတ်ထိမခံပြန်ပြောတာမျိုး မလုပ်ပါနဲ့။ အားလုံးကို မေတ္တာထားပြီးပဲ ဆက်ဆံပါ။

အကောင်းမြင်စိတ်မွေးပါ။

Photo Source: www.jllrealviews.com

သူများ ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ ကိုယ်ကောင်းအောင်နေပါ။ သူများမကောင်းကြောင်းလည်း လုံးဝမပြောပါနဲ့။ လာပြောရင်လည်း နားပဲထောင်နေလိုက်ပါ။ လူတိုင်းနဲ့အဆင်ပြေအောင် ရေလိုက်ငါးလိုက်နေတတ်ရင် အားလုံးနဲ့ အဆင်ပြေမှာပါ။ ဒါပေမယ့် ကိုယ်တိုင်ကလည်း အနေမှန်ဖို့တော့ လိုပါတယ်။

ကိုယ်ပေါင်းစိတ်ခွာပဲနေပါ။

Photo Source: www.shape.com

အလုပ်ကလူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံပါ။ အားလုံးနဲ့လည်း အဆင်ပြေအောင်ပေါင်းပါ။ မိတ်ဆွေများလေ ကိုယ့်အတွက်အကျိုးရှိလေပါပဲ။ လူတွေကို စိတ်နှစ်ပြီးမပေါင်းပါနဲ့။ အားလုံးနဲ့ စိတ်ပေါင်း ကိုယ်ခွာပဲ ပေါင်းသင်းဆက်ဆံပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းရင် လူချစ်လူခင်ပေါပါတယ်။ နောက်ပြီး လုပ်ငန်းခွင်မှာလည်း အစစအရာရာ အဆင်ပြေစေပါတယ်။