တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ၊ နားလည်မှုအပြည့်နဲ့လက်တွဲသွားမယ်ဆိုရင်တော့ LDRS မကလို့ ဘာပဲဖြစ်ဖြစ် ဝေးသွားစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့်လည်း တချို့က မတွေ့တာကြာရင် အနေဝေးပြီး သွေးအေးသွားမှာ စိုးရိမ်ကြတယ်။ ဒါကြောင့် အနေဝေးနေလည်း သွေးအေးသွားတာမျိုးမဖြစ်ရအောင် LDRS တွေအနေနဲ့ လိုက်နာရမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

နေ့တိုင်းစကားပြောပါ။

အမြဲနေ့တိုင်းဖုန်းဆက်စကားပြောပါ။ လိုင်းပေါ်မှာလည်း အမြဲစကားပြောပါ။ Video Call နေ့တိုင်းပြောပါ။ LDRS ဆိုတာ Video Call လေးပြောမှ တစ်ယောက်မျက်နှာတစ်ယောက် မြင်ရတာမျိုးလေ။ ဒါကြောင့် ideo Call ကို တစ်နေ့မှာ တစ်ခါတော့ ပြောပေးပါ။

Source: www.wikihow.com

တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းပါ။

အနေဝေးနေတာဆိုတော့ ကိုယ့်မျက်စိနဲ့လည်း မြင်ရတာမဟုတ်ဘူး ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ကိစ္စတိုင်းကို ပွင့်ပွင့်လင်းလင်းရှိဖို့လိုပါတယ်။ ကိစ္စသေးသေးလေးကအစ ကိစ္စအကြီးကြီးအထိ တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်ပွင့်ပွင့်လင်းလင်းပြောပေးပါ။

Source: www.longdistancerelationships.net

ခဏခဏရန်မဖြစ်ပါနဲ့။

LDRS ဆိုတော့ ရန်ဖြစ်လည်း အပြင်မှာ လူချင်းတွေ့ပြီး ချော့လို့လည်းမရ၊ ရှင်းပြလို့လည်းမရမို့ ခဏခဏရန်မဖြစ်ပါနဲ့။ ကြာလာရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်လာနိုင်ပါတယ်။

Source: www.wikihow.com

ယုံကြည်မှုထားပါ။

အနေဝေးနေလည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားပါ။ တစ်ယောက်ကို တစ်ယောက် မယုံမကြည်ဖြစ်နေရင် ပျော်ရွှင်ရမှာမဟုတ်ပါဘူး။

Source: www.wikihow.com

သံသယစိတ်တွေမများပါနဲ့။

သံသယစိတ်တွေများရင်လည်း RS တစ်ခုက ပြိုကွဲသွားနိုင်ပါတယ်။ အနေဝေးနေတဲ့ LDRS တွေအတွက်ဆိုရင် ပိုပြီးတော့ ပြိုကွဲလွယ်တာပေါ့။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်မနိုင်ရင် LDRS နဲ့ ရည်းစားမဖြစ်ခင်ထဲက ကြိုစဉ်းစားပါ။

Source: www.wikihow.com

မလိမ်ပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့၊ သံသယမဖြစ်ဖို့ဆိုတာ နှစ်ယောက်လုံးနဲ့ဆိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မလိမ်ပါနဲ့။ အရာရာကို အမှန်တိုင်းပဲပြောပါ။

Source: www.weheartit.com

နားလည်မှုထားပါ။

နားလည်မှုမရှိရင် အချစ်ရေးက အဆင်မပြေပါဘူး။ နားလည်ပေးသင့်တာကို နားလည်မှုမထားပဲ အရာရာလိုက်ချုပ်ချယ်နေရင် တစ်ဖက်လူလည်း စိတ်ပျက်သွားနိုင်ပါတယ်။

Source:

www.wikihow.com

သူမကြိုက်တာကိုမလုပ်ပါနဲ့။

တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်ပဲ Respect ထားပေးပါ။ ကိုယ်မကြိုက်တာလည်း သူမလုပ်ဘူး။ သူမကြိုက်တာလည်း ကိုယ်မလုပ်ဘူးဆိုရင်တော့ အနေဝေးလည်း အဆင်ပြေမှာသေချာပါတယ်။

Source: www.wikihow.com

Single လိုမနေပါနဲ့။

အပြင်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေ ရှေ့မှာပဲဖြစ်ဖြစ်၊ လိုင်းပေါ်မှာပဲဖြစ်ဖြစ် Single လို လုံးဝမနေပါနဲ့။

Source: www.

အချိန်ပေးပါ။

ဘယ်လောက်ပဲအလုပ်များများ အချိန်လေးတော့ပေးပါ။ အလုပ်များလို့ ပင်ပန်းလို့ ဖုန်းတောင်မပြောနိုင်တော့ဘူး မလုပ်ပါနဲ့။ ကိုယ်က LDRS ဖြစ်နေတဲ့အတွက် ကိုယ့်ချစ်သူကို အချိန်ခဏတော့ပေးပါ။

Source: www.loveexpands.com

သစ္စာရှိပါ။

နောက်ဆုံးတစ်ချက်ကတော့ သစ္စာရှိပါ။ မဖောက်ပြန်ပါနဲ့။ LDRS တွေအတွက် ဒါကတော့ အရေးကြီးဆုံးအချက်ပါပဲ။

Source: www.wikihow.com