ဆံပင်ကြမ်းတဲ့သူတွေအတွက် ဆံပင်ပျော့အောင် ပုံမှန်လုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ကိုယ့်ဆံသားကို သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းပေးပြီး ရှောင်ရမှာတွေ ရှောင်လိုက်မယ်ဆိုရင်တော့ ဆံသားကျန်းမာပြီး အရင်ထက်ပိုလှလာမှာပါ။

ကိုယ့်ဆံသားနဲ့အဆင်ပြေမယ့်၊ ကောင်းမွန်တဲ့ hair care products တွေကိုသာ သေချာရွေးသုံးပါ။

ခေါင်းလျှော်ပြီးတိုင်းမှာ conditioner သုံးပေးဖို့ မမေ့ပါနဲ့။ conditioner သုံးရင်လည်း ၃ မိနစ် (သို့) ၅ မိနစ်လောက်ထားပြီးမှ ရေပြန်ဆေးချပါ။

နေ့တိုင်း ခေါင်းလျှော်တာမျိုး လုံးဝမလုပ်ပါနဲ့။ အများဆုံး ၃ ရက်တစ်ခါပဲ ခေါင်းလျှော်ပါ။

ခေါင်းလျှော်ရင် ဘယ်လောက်အေးအေး ရေနွေးနဲ့ ခေါင်းမလျှော်ပါနဲ့။ ရေနွေးနဲ့ ခေါင်းလျှော်တာက ဆံပင်ပိုကြမ်းစေပါတယ်။

ဆံပင်ကို Oil လိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။ ခေါင်းလျှော်ပြီးချိန်မှ လိမ်းပေးရမှာမဟုတ်ပါဘူး။ နေ့တိုင်း ပုံမှန်လိမ်းပေးရပါမယ်။ တစ်ခေါင်းလုံးမလိမ်းရင်တောင် ဆံပင်အဖျားလေးတွေကိုတော့ လိမ်းပေးပါ။

တစ်ပတ်တစ်ခါ hair mask လုပ်ပေးဖို့ လိုပါတယ်။ hair mask လုပ်တာက ဆံသားပျော့ပျောင်းပြီး ဆံသားကျန်းမာစေဖို့ အရမ်းအထောက်အကူဖြစ်စေပါတယ်။ hair mask လုပ်ရင်လည်း ၁ နာရီကြာအောင်ထားပြီးမှ ခေါင်းလျှော်ပါ။ ဆံပင်ပျော့အောင် အိမ်မှာလုပ်လို့ရတဲ့ hair mask ကတော့ ကြက်ဥအနှစ်၊ ထောပတ်သီးနဲ့ ငှက်ပျောသီးကို ရောကျိတ်ပြီး ပေါင်းတင်တာပါပဲ။

နေပူထဲသွားတဲ့အခါမှာ ထီး (သို့) ဦးထုပ်မပါပဲ မသွားပါနဲ့။ နေရောင်ခြည်တိုက်ရိုက်ထိရင် ဆံသားပျက်စီးပြီး ကြမ်းတမ်းစေပါတယ်။

အပူချောင်းတွေနဲ့ ဆံပင်ဖြောင့်တာ၊ ကောက်တာတွေကို ခဏခဏမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဆံသားပျက်စီးပြီး ကြမ်းစေပါတယ်။

.ဆံပင်အရောင်ခဏခဏဆိုးတာမျိုး မလုပ်ပါနဲ့။ ခဏခဏဆိုးရင် ဆံပင်ပျက်စီးပြီး ပိုကြမ်းပါတယ်။ ဆိုးမယ်ဆိုလည်း ဆေးကောင်းပဲသုံးသင့်ပါတယ်။ ဆံပင်အရောင်ချွတ်တာကိုရှောင်ပါ။ ဆံပင်အရောင်ချွတ်တာက သိသိသာသာကို ဆံပင်ကြမ်းစေပါတယ်။

photo source:www.freepik.com