မိဘတိုင်းကတော့ ကိုယ့်သားသမီးကိုချစ်လို့ စိုးရိမ်တာ၊ ဂရုစိုက်တာမှန်ပေမယ့် တချို့အရာလေးတွေကျတော့ မလုပ်သင့်တာတွေရှိပါတယ်။ ကိုယ့်သားသမီးကို မှန်ကန်တဲ့နည်းလမ်းလေးနဲ့ ပြောဆိုထိန်းကျောင်းနိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးအပေါ် မှားယွင်းစွာပြုမူမိနေတဲ့အပြုအမူတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ကလေးတွေကို အခြားသူတွေက မေးတဲ့အခါမှာ မိဘကဝင်ပြောတာမျိုးတွေ မလုပ်ပဲ ကလေးကိုပဲ ပေးပြောလိုက်ပါ။ မိဘကပဲ တစ်ချိန်လုံးလိုက်ပြောပေးနေရင် ကြာလာတဲ့အခါ ကိုယ့်ကလေးက သွက်သွက်လက်လက်မရှိပဲ နေပါလိမ့်မယ်။

ကိုယ့်သားသမီးနဲ့ သူငယ်ချင်းလိုတစ်မျိုး၊ မိဘလိုတစ်မျိုးဆက်ဆံပေးပါ။ သူငယ်ချင်းတစ်ယောက်လို ကိစ္စတိုင်းကို တိုင်တိုင်ပင်ပင်၊ ပွင့်ပွင့်လင်းလင်ပြောခိုင်းပြီး နားလည်သင့်တာ နားလည်ပေး၊ ပြောပြသင့်တာ အလိမ္မာလေးသုံးပြီး ပြောပြပေးပါ။ မိဘက ဒါဆိုဒါလုပ်ဆိုတဲ့ ပုံစံမျိုးနဲ့ အရမ်းချုပ်ချယ်တာမျိုးမလုပ်မိပါစေနဲ့။

ကိုယ့်သားသမီးကို ငယ်ငယ်ထဲက အလိုအရမ်းမလိုက်ပဲ Want နဲ့ Need ကို ကွဲကွဲပြားပြားသိပြီး ဆုံးဖြတ်တတ်အောင် သင်ပေးပါ။ ဥပမာ ကလေးက Candy တောင်းရင် Candy ထက်  Broccoli က ပိုအာဟာရရှိတယ်၊ ပိုစားသင့်တယ်ဆိုတာကို နားလည်အောင် အမြဲပြောပြပါ။ ဆူပူရိုက်နှက်တာမျိုးမလုပ်ပဲ နားဝင်အောင်၊ သူတို့တွေနားလည်လာအောင် သေချာပြောပြပေးပါ။

ကလေးကိုယ်တိုင်လုပ်နိုင်တာမျိုးဆိုရင် ပေးလုပ်လိုက်ပါ။ ဒီလိုသူလုပ်နိုင်တာကို ပေးလုပ်တာမျိုးကို ငယ်ငယ်ထဲကသာ အကျင့်လုပ်ထားပေးရင် ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာမှာပါ။

ကိုယ်ဖြစ်ချင်တာကို ဦးစားမပေးပဲ ကိုယ့်ကလေးဘာဖြစ်ချင်လဲ၊ သူ့ဆန္ဒကဘယ်လိုရှိလဲဆိုတာကို အရင်မေးပါ။ ကိုယ့်အကြိုက်ထက် ကလေးဘာကြိုက်လဲဆိုတာကိုလည်း မေးပါ။ ကလေးရဲ့ခံစားချက်ကို အမြဲထည့်စဉ်းစားပေးရပါမယ်။

ပိုက်ဆံစုတာက ကောင်းတဲ့အကျင့်ဖြစ်လို့ ဒီလိုစုတတ်အောင် သင်ပေးရပါမယ်။ ကလေးက ပိုက်ဆံစုထားရင် နင့်ပိုက်ဆံဘယ်လောက်ရှိပြီလဲ၊ ဒီပိုက်ဆံတွေကို နင်ဘယ်မှာသုံးမလို့လဲ ဆိုတဲ့မေးခွန်းမျိုးတွေ လိုက်မမေးပါနဲ့။ ပိုက်ဆံကို တစ်နေ့ဘယ်လောက်နှုန်းနဲ့ စုမယ်ဆိုရင် တစ်လဆိုရင်တော့ ဒီလောက်ရမယ်။ ၆ လ ဆက်စုလို့ ဒီလောက်ရမယ်ဆိုရင် သူလိုချင်တဲ့ပစ္စည်းလေးကို ဝယ်လို့ရပြီဆိုပြီး Motivation ပေးတဲ့ စကားလေးတွေပဲ ပြောပေးပါ။

ကိုယ့်သားသမီးကို ကြီးလာရင် ဆရာဝန်လုပ်၊ အင်ဂျင်နီယာလုပ်ဆိုတာထက် သူဘာဝါသနာပါလဲ၊ ဘာကိုစိတ်ဝင်စားတာလဲ၊ ကြီးလာရင် သူဖြစ်ချင်တာက ဘာလဲဆိုတာကို မေးပြီး ကလေးဖြစ်ချင်တာကို အကောင်းဆုံးဖြစ်အောင်ပဲ Support ပေးပါ။

ကိုယ့်ကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ဝင်စွက်ဖက်တာမျိုး အရမ်းမလုပ်ပါနဲ့။ ဒီလိုတစ်ချိန်လုံး ဝင်စွက်ဖက်တာမျိုးလုပ်ရင် ကလေးက မိဘသိမှာစိုးလို့ ခိုးလုပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ကလေးက မကောင်းတဲ့သူနဲ့ပေါင်းပြီဆိုရင် ဆူတာမျိုးမလုပ်ပဲ အကောင်းအဆိုးကို သေချာနားဝင်အောင် ပြောပြပါ။ ဒီလိုလုပ်မှလည်း တစ်ခုခုဆို ကိုယ့်ကိုကြောက်မနေပဲ ပွင့်ပွင့်လင်းလင်းပြောပြီး ခွင့်တောင်းတတ်လာမှာပါ။

Source: www.brightside.me