(Zawgyi Version)

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာကၤ်ားေလးပဲျဖစ္ျဖစ္ ကိုယ့္ခ်စ္သူကို သဝန္တိုတာက မဆန္းေပမယ့္ ခ်ဳပ္ခ်ယ္တာမ်ိဳးက်ေတာ့ ေနရာတကာလိုက္ခ်ဳပ္ခ်ယ္လို႔ မရပါဘူး။ ဘယ္ေလာက္ပဲ ကိုယ္ပိုင္တယ္ေျပာေျပာ၊ သူက ကိုယ့္အေပၚ ဘယ္ေလာက္ပဲ သည္းခံၿပီးခ်စ္ေနပါေစ မေျပာသင့္တဲ့စကားေတြနဲ႔ မခ်ဳပ္ခ်ယ္သင့္တဲ့ အရာေတြက သပ္သပ္စီရွိပါေသးတယ္။

မိသားစုကိစၥ

သူ႔မိသားစုကို ကိုယ့္ထက္အေရးမေပးနဲ႔၊ ကိုယ့္ထက္ပိုမခ်စ္နဲ႔ဆိုၿပီး ဘယ္ေတာ့မွ မေျပာမိပါေစနဲ႔။ တစ္ခုခုဆို မိသားစုနဲ႔ ယွဥ္ေျပာတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ မိသားစုနဲ႔ သြားတာလာတာကိုေတာင္ လိုက္ခ်ဳပ္ခ်ယ္တာမ်ိဳးေတြလည္း မလုပ္ပါနဲ႔။

အလုပ္ကိစၥ

သူ႔အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး သူ႔ဘက္ကတိုင္ပင္ၿပီး အႀကံေတာင္းတာမ်ိဳးမဟုတ္ပဲ ဝင္စြက္ဖက္တာမ်ိဳးမလုပ္ပါနဲ႔။ အလုပ္ကိစၥနဲ႔ သြားလာတာေတြကိုေတာ့ မခ်ဳပ္ခ်ယ္ပါနဲ႔။ ကိုယ္နဲ႔ခ်ိန္းထားတာကို အလုပ္ရွိလို႔ဖ်က္ရတဲ့အခါမ်ိဳးဆိုလည္း နားလည္ေပးဖို႔လိုပါတယ္။ ေနာက္တစ္ခုကေတာ့ အလုပ္ကိစၥနဲ႔ ေျပာဆိုဆက္ဆံေနရတဲ့၊ ေပါင္းသင္းေနရတဲ့လူေတြကို သူတို႔နဲ႔မေပါင္းနဲ႔ ေရာေရာေႏွာေႏွာမေနနဲ႔ဆိုၿပီး မေျပာသင့္ပါဘူး။ အလုပ္လုပ္ေနရတဲ့အခါ အားလံုးနဲ႔ ကင္းလို႔မရပါဘူး။

အေပါင္းအသင္းကိစၥ

အေပါင္းအသင္း၊ သူငယ္ခ်င္းေတြကိုလည္း မေကာင္းတဲ့သူဆိုရင္ေတာ့ မေပါင္းသင္းဖို႔အတြက္ ခ်စ္သူတစ္ေယာက္အေနနဲ႔ သတိေပးသင့္ပါတယ္။ ဒါေပမယ့္ ငယ္ငယ္ထဲကေပါင္းသင္းလာတဲ့သူမ်ိဳးကိုေတာ့ ဟိုလူနဲ႔ေပါင္းတာမႀကိဳက္ဘူး၊ မေပါင္းနဲ႔ ဆိုၿပီး ခ်ဳပ္ခ်ယ္လို႔မရပါဘူး။

ခႏၶာကိုယ္၊ အလွအပနဲ႔ေဝဖန္တာ

သူ႔ပံုစံကို လက္ခံႏိုင္လို႔ ႀကိဳက္လို႔တြဲၿပီးကာမွ သူ႔ရဲ႔ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ပတ္သက္ၿပီး ေဝဖန္ေျပာဆိုတာမ်ိဳး လံုးဝမလုပ္ပါနဲ႔။ အလွအပေရးရာနဲ႔ပတ္သက္လို႔လည္း ေဝဖန္အျပစ္တင္တာမ်ိဳး မလုပ္သင့္ပါဘူး။

Photo Source: www.freepik.com

(Unicode Version)

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို သဝန်တိုတာက မဆန်းပေမယ့် ချုပ်ချယ်တာမျိုးကျတော့ နေရာတကာလိုက်ချုပ်ချယ်လို့ မရပါဘူး။ ဘယ်လောက်ပဲ ကိုယ်ပိုင်တယ်ပြောပြော၊ သူက ကိုယ့်အပေါ် ဘယ်လောက်ပဲ သည်းခံပြီးချစ်နေပါစေ မပြောသင့်တဲ့စကားတွေနဲ့ မချုပ်ချယ်သင့်တဲ့ အရာတွေက သပ်သပ်စီရှိပါသေးတယ်။

မိသားစုကိစ္စ

သူ့မိသားစုကို ကိုယ့်ထက်အရေးမပေးနဲ့၊ ကိုယ့်ထက်ပိုမချစ်နဲ့ဆိုပြီး ဘယ်တော့မှ မပြောမိပါစေနဲ့။ တစ်ခုခုဆို မိသားစုနဲ့ ယှဉ်ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။ မိသားစုနဲ့ သွားတာလာတာကိုတောင် လိုက်ချုပ်ချယ်တာမျိုးတွေလည်း မလုပ်ပါနဲ့။

အလုပ်ကိစ္စ

သူ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သူ့ဘက်ကတိုင်ပင်ပြီး အကြံတောင်းတာမျိုးမဟုတ်ပဲ ဝင်စွက်ဖက်တာမျိုးမလုပ်ပါနဲ့။ အလုပ်ကိစ္စနဲ့ သွားလာတာတွေကိုတော့ မချုပ်ချယ်ပါနဲ့။ ကိုယ်နဲ့ချိန်းထားတာကို အလုပ်ရှိလို့ဖျက်ရတဲ့အခါမျိုးဆိုလည်း နားလည်ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အလုပ်ကိစ္စနဲ့ ပြောဆိုဆက်ဆံနေရတဲ့၊ ပေါင်းသင်းနေရတဲ့လူတွေကို သူတို့နဲ့မပေါင်းနဲ့ ရောရောနှောနှောမနေနဲ့ဆိုပြီး မပြောသင့်ပါဘူး။ အလုပ်လုပ်နေရတဲ့အခါ အားလုံးနဲ့ ကင်းလို့မရပါဘူး။

အပေါင်းအသင်းကိစ္စ

အပေါင်းအသင်း၊ သူငယ်ချင်းတွေကိုလည်း မကောင်းတဲ့သူဆိုရင်တော့ မပေါင်းသင်းဖို့အတွက် ချစ်သူတစ်ယောက်အနေနဲ့ သတိပေးသင့်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ထဲကပေါင်းသင်းလာတဲ့သူမျိုးကိုတော့ ဟိုလူနဲ့ပေါင်းတာမကြိုက်ဘူး၊ မပေါင်းနဲ့ ဆိုပြီး ချုပ်ချယ်လို့မရပါဘူး။

ခန္ဓာကိုယ်၊ အလှအပနဲ့ဝေဖန်တာ

သူ့ပုံစံကို လက်ခံနိုင်လို့ ကြိုက်လို့တွဲပြီးကာမှ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး လုံးဝမလုပ်ပါနဲ့။ အလှအပရေးရာနဲ့ပတ်သက်လို့လည်း ဝေဖန်အပြစ်တင်တာမျိုး မလုပ်သင့်ပါဘူး။

Photo Source: www.freepik.com