လူတစ်ယောက်က ရုပ်မလှရင်တောင် ဖက်ရှင်ကျကျနဲ့ဝတ်စားတတ်ရင် တော်တော်လေးကြည့်ကောင်းပြီး စမတ်ကျနေပါတယ်။ ဒီလိုစတိုင်လ်ရှိပြီး စမတ်ကျဖို့ဆိုတာ အဝတ်အစားအကောင်းကြီးတွေဝတ်မှ Branded တွေဝတ်မှ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် ကိုယ့်မှာရှိတာလေးတွေနဲ့ ပိုပြီးလှသွားအောင်၊ ပိုပြီးစမတ်ကျသွားအောင် ဝတ်စားတတ်ဖို့ပဲလိုတာပါ။

အဝတ်အစားဝယ်တဲ့အခါမှာ ကိုယ့်အတွက်မလိုအပ်တဲ့၊ ကိုယ်ဝတ်နေကျမဟုတ်တဲ့ ဖက်ရှင်မျိုးတွေကို အများကြီးမဝယ်ပါနဲ့။ ကိုယ်ဝတ်နေကျပုံလေးတွေကိုပဲ ပိုလှသွားအောင်၊ ပိုပြီးဖက်ရှင်ကျသွားအောင် ဘယ်လိုတွေဝတ်ရမလဲဆိုတာကိုပဲ စဉ်းစားပါ။

Photo Source:www.vivendomomentopresente.com

စမတ်ကျချင်ရင်တော့ သူများဝတ်တိုင်းလိုက်မဝတ်ပဲ ကိုယ်နဲ့လိုက်မလိုက်ကို အရင်ကြည့်ပါ။ ကိုယ်နဲ့မလိုက်တဲ့ဖက်ရှင်တစ်ခုဟာ ဘယ်လောက်ပဲဈေးကြီးနေပါစေ ကြည့်ရတာအဆင်မပြေပါဘူး။ ဝတ်ပြီးသားတွေကို မဝတ်ချင်လို့၊ ရိုးသွားလို့ဆိုပြီး ချောင်ထိုးထားတာမျိုးတွေ မလုပ်ပါနဲ့။ ရိုးသွားလို့မဝတ်ချင်ရင် Youtube က ဗီဒီယိုလေးတွေကိုကြည့်ပြီး ဒီဇိုင်းတစ်မျိုးထွင်ကြည့်ပါ။ ပိုက်ဆံမကုန်ပဲဖက်ရှင်ကျအောင်၊ ပိုက်ဆံမကုန်ပဲ အဝတ်အစားအသစ်ရအောင် ဒီလိုလေးတွေလည်း လုပ်တတ်ဖို့လိုပါတယ်။

Photo Source:www.instyle.com

အဓိကကတော့ ဘယ်လိုဖက်ရှင်မျိုး၊ ဘယ်လိုအဝတ်အစားမျိုးပဲဝတ်ဝတ် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့သူတစ်ယောက်ဟာ ကြည့်လိုက်တာနဲ့တင် အရမ်းသိသာပါတယ်။ သူများထက်လည်း တစ်ပန်းသာပါတယ်။

ဒါကြောင့် ဘယ်လိုအဝတ်အစားမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ် ငါနဲ့လိုက်ပါ့မလား၊ ငါနဲ့ဆို အဆင်ပြေပါ့မလားဆိုတဲ့ စိတ်တွေကို ဖျောက်ပစ်ပါ။ ဒီစိတ်တွေရှိနေသရွေ့တော့ ဘယ်လိုနေနေ စမတ်ကျတဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။

Photo Source: www.girlscosmo.com

ကိုယ့်ဆီကနေ အနံ့ဆိုးတွေနဲ့ ချွေးနံ့တွေမထွက်အောင်လည်း အထူးဂရုစိုက်ပါ။ ဖက်ရှင်ကျကျဝတ်စားထားပြီး ကိုယ်နံ့ဆိုးတွေထွက်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုလျော့နည်းလာသလို၊ လူအများကြားမှာလည်း ကိုယ့်ကိုသူများက ရှုံ့ချတာမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေမွှေးအမြဲဆွတ်ပါ။

ကိုယ်ကချွေးနံ့ထွက်တတ်တဲ့သူဆိုရင် အိတ်ထဲမှာ ရေမွှေးပုလင်းလေးကို သွားလေရာဆောင်သွားပါ။ စတိုင်လ်ရှိပြီး စမတ်ကျနေစေဖို့ ဒီအချက်ကလည်း အရမ်းကိုအရေးကြီးပါတယ်နော်။

Photo Source: www.huffingtonpost.com