ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုမှာ အားလုံးနဲ့ အဆင်ပြေအောင်နေဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်အလုပ်ပဲပြီးအောင်လုပ်မယ်၊ သီးသီးသန့်သန့်နဲ့ ဘယ်သူနဲ့မှ သိပ်မရောပဲနေမယ်ဆိုရင်တော့ ကြာလာရင် လူအမြင်ကပ်ခံရတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာလူမုန်းနည်းပြီး အားလုံးနဲ့အဆင်ပြေချင်ရင် ဒီအချက်လေးတွေကိုတော့ လိုက်နာဖို့လိုပါလိမ့်မယ်။

ကိုယ့်အလုပ်ကလူတွေအားလုံးနဲ့ အဆင်ပြေအောင် ခင်ခင်မင်မင်နေပါ။ အမြဲနှုတ်ဆက်၊ စကားစမြည်ပြောပြီး နေပါ။ လူတိုင်းကို အပြုံးနဲ့ဆက်ဆံပြီး လိုက်ရောညီထွေနေတတ်အောင် နေပါ။ ကိုယ်က ဒါကိုလက်မခံနိုင်ဘူးဆိုရင်တောင်မှ အပြတ်မငြင်းပဲ Follow လေးလိုက်တတ်ဖို့တော့ လိုမယ်နော်။ ဒါမှလည်း ကိုယ့်အတွက်လည်းအဆင်ပြေ၊ အလုပ်အတွက်လည်း အဆင်ပြေပြီး လူမုန်းနည်းလာမှာပါ။

Source: www.freepik.es

ကိုယ့်အလုပ်တာဝန်ကလွဲလို့ ကျန်တဲ့အလုပ်တွေ မလုပ်ဘူးဆိုတဲ့ စိတ်ကိုမထားပါနဲ့။ ကိုယ့်တာဝန်မဟုတ်ပေမယ့်လည်း ကိုယ်ကူညီပေးနိုင်တာရှိရင် ကူညီပေးလိုက်ပါ။ အမြဲတမ်းလိုက်လုပ်ပေးနေစရာမလိုပါဘူးနော်။ သူများအခက်တွေ့နေတဲ့အချိန်မှသာ ကူညီလုပ်ဆောင်ပေးလိုက်ပါ။ တခြားသော လူမှုရေးကိစ္စတွေမှာလည်း အမြဲတမ်း ကူညီတတ်တဲ့သူတစ်ယောက်အဖြစ် နေထိုင်ပါ။

Source: www.transitioning.org

လူတိုင်းကို အကောင်းမြင်စိတ်ထားပြီး အကောင်းဘက်ကကြည့်ပေးလိုက်မယ်ဆိုရင် ကိုယ့်အတွက်လည်း စိတ်သက်သာရာရပါတယ်။ အမြဲတမ်းအကောင်းမြင်စိတ်ထားပေးတဲ့သူကို မုန်းတဲ့သူတော့ မရှိပါဘူး။ ဒါကြောင့် ဘယ်သူတွေက ဘယ်လောက်ပဲမကောင်းဘူးပြောပြော ကိုယ့်ဘက်ကတော့ အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။

Source: www.businessnhmagazine.com

အလုပ်မှာ မိန်းကလေးတော်တော်များများက အတင်းပြောတတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံး မပြောမိအောင်နေပါ။ တစ်ဖက်လူပြန်သိသွားရင်လည်း မျက်နှာပျက်ရသလို၊ အတင်းပြောလိုက်လို့လည်း ကိုယ့်အတွက်ကောင်းသွားတာ မရှိပါဘူး။ ဒါကြောင့် သူများမကောင်းကြောင်းလဲ မပြောပဲ အားလုံးနဲ့ အဆင်ပြေအောင်သာ ရေလိုက်ငါးလိုက်နေတာတော့ အကောင်းဆုံးပါပဲ။ နောက်ပြီး ကိုယ့်အလုပ်ကို ပြီးအောင်လုပ်ပြီး တက်တက်ကြွကြွနဲ့ အလုပ်ကြိုးစားမယ်ဆိုရင်တော့ သင်လုပ်နေတဲ့အလုပ်မှာ စိတ်ချမ်းသာပြီး ပျော်ရွှင်ရမှာပါ။

Source: www.thebalancecareers.com