ရည်းစားဟောင်းဖြစ်တဲ့ Ex ကို မပြတ်နိုင်သေးပဲ အတွဲခံရတဲ့ Feeling က အရမ်းကိုဆိုးလွန်းပါတယ်။ သစ္စာဖောက်ခံရတာပါပဲ။ ကိုယ်နဲ့တွဲနေတဲ့သူက ရည်းစားဟောင်းကို မမေ့နိုင်သေးဘူးဆိုရင် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရည်းစားက သူ့ရဲ့ရည်းစားဟောင်းအပေါ်မှာ စိတ်မပြတ်နိုင်သေးဘူးဆိုတာ ဒီအချက်တွေနဲ့တင် သိသာစေပါတယ်။
ရည်းစားဟောင်းနဲ့ပတ်သက်တာတွေကိုမဖျက်နိုင်သေးဘူး
ပြတ်သွားပြီး single ဖြစ်နေသေးရင်တော့ စိတ်မပြတ်နိုင်သေးလို့ အမှတ်တရတွေကို မဖျက်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကိုယ့်မှာလည်း RS အသစ်ရနေပြီကို ရည်းစားဟောင်းနဲ့ပတ်သက်တာတွေ မဖျက်နိုင်သေးဘူးဆိုရင်တော့ RS အသစ်အပေါ်မှာ respect မရှိရာကျပါတယ်။ ခံရတဲ့သူအတွက်လည်း သစ္စာဖောက်ခံရသလို ဖြစ်စေပါတယ်။
အရက်မူးတိုင်းမှာရည်းစားဟောင်းအကြောင်းထွက်လာတယ်
အရက်မူးတိုင်းမှာ တခြားအကြောင်းမထွက်ပဲ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းအကြောင်းပဲ ထွက်လာတာဟာ သူကိုယ်တိုင်ကိုက မမေ့နိုင်သေးပဲ ခံစားနေရလို့ပါ။ ကိုယ်ရှိနေရက်နဲ့ ရည်းစားဟောင်းကို မမေ့နိုင်သေးတဲ့သူမျိုးနဲ့တော့ ဆက်မတွဲသင့်ပါဘူး။
မကောင်းကြောင်းပြောတာလုံးဝမကြိုက်ဘူး
သူ့ရည်းစားဟောင်းကို မကောင်းပြောတာနဲ့ လုံးဝမကြိုက်ပဲ ကိုယ့်ကိုပြန်အပြစ်ပြောတာမျိုး၊ ရန်လုပ်တာမျိုးတွေလုပ်နေရင်တော့ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းကို မမေ့နိုင်သေးပဲ ခံစားချက်ကရှိနေလို့ပါပဲ။
ရည်းစားဟောင်းအကြောင်းတွေစုံစမ်းနေသေးတယ်
ကိုယ်ရှိနေရက်နဲ့ ရည်းစားဟောင်းကို မမေ့နိုင်ပဲ ရည်းစားဟောင်းအကြောင်းတွေ လိုက်စုံစမ်းပြီး သူငယ်ချင်းတွေနဲ့တွေ့တိုင်းလည်း သူ့အကြောင်းတွေမေးနေတာမျိုးက အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ သစ္စာဖောက်ခံရသလိုပါပဲ။
Feel တဲ့စာတွေတင်နေသေးတယ်
RS အသစ်ရနေပြီးတာတောင် feel တဲ့စာတွေတင်ပြီး feel နေသေးရင်တော့ သူ့ရည်းစားဟောင်းကို မမေ့နိုင်သေးလို့ပါ။ ကိုယ်ရှိနေရက်နဲ့ တခြားတစ်ယောက်ကို ရင်ထဲထည့်ထားတဲ့သူမျိုးနဲ့တွဲရင် ကိုယ်ပဲဝမ်းနည်းပြီး နာကျင်ခံစားရမှာပါ။