ကိုယ်နဲ့ပြတ်သွားတဲ့ရည်းစားဟောင်းကို မမေ့နိုင်လို့စိတ်ထဲထည့်ထားပြီး ပြန်လာဖို့မျှော်လင့်နေကြတဲ့သူတွေ အများကြီးရှိကြမှာပါ။ တချို့ကျတော့ ပြတ်သွားပေမယ့် မပြတ်နိုင်လို့ ပြန်ဆက်သွယ်ကြတယ်၊ ပြန်တွဲကြတယ်။ တချို့ကျတော့ လုံးဝကိုပြန်မလာတော့ပဲ ပြီးဆုံးသွားကြတာ။ ဒါကြောင့် သင့်ရည်းစားဟောင်းက သင့်ဆီလုံးဝပြန်မလာတော့ဘူးဆိုတာ သိသာစေမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေနဲ့ကိုက်ညီတာများနေတယ်ဆိုရင်တော့ ပြန်လာဖို့မျှော်လင့်မနေပဲ မေ့လိုက်ပါတော့။

သင်ပိုတဲ့မက်ဆေ့ခ်ျတွေ၊ ဖုန်းခေါ်တာတွေကို ပြန်မဖြေတော့ဘူး။ သင့်ကို သူ့ဖုန်းမှာ Block ထားမယ်။ ဖုန်းနံပါတ်တွေလည်း ပြောင်းပစ်မယ်။ Facebook, Instagram စတဲ့ ဆက်သွယ်လို့ရမယ့်နေရာတွေမှာ အကုန် Block ထားမယ်။ ဒီလိုတွေလုပ်ထားရင်တော့ သင့်ဆီပြန်လာဖို့နေနေသာသာ သင်ပြန်လာပြီး ဆက်သွယ်မှာကိုတောင် မလိုချင်လို့ ရှောင်ပြေးနေတာပါ။

www.wikihow.com

သင်တို့နှစ်ယောက်စပြတ်ဆဲတဲ့နေ့ထဲက အခုချိန်ထိ သင်နဲ့ပြန်အဆင်ပြေဖို့ သူ့ဘက်ကဘာမှမလုပ်ခဲ့ဘူး။ မကြိုးစားခဲ့ဘူး။ သင်နဲ့တွဲရတာ သူပင်ပန်းနေပြီလို့ပြောမယ်။ သင်နဲ့တွေ့ရဖို့ကိုလည်း စိတ်မဝင်စားဘူး။ တွေ့ဖို့သင်ဘက်က တောင်းပန်ခဲ့ရင်တောင် လာမတွေ့ဘူး။ ဒါဆိုရင် သူ့ဘက်က သင်နဲ့လုံးဝဆက်မတွဲချင်တော့လို့ပါပဲ။

Source: www.wordpress.com

သင်နဲ့ပြတ်သွားလို့ ဝမ်းနည်းခံစားရတာမျိုးမရှိပဲ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေတဲ့ပုံမျိုးနဲ့ Social Media မှာ စာတင်မယ်။ သင်နဲ့ပြတ်သွားပြီးလည်း သူ့အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေမယ်။ သူနောက်တစ်ယောက်နဲ့ လျှောက်သွားနေမယ်။ သင့်ကို နောက်တစ်ယောက်နဲ့ သွား Date တာ၊ တွဲသွားတာမြင်လည်း ဂရုမစိုက်တော့ဘူး။ ဒါဆိုရင်တော့ သူလည်းသင့်အပေါ်မချစ်တော့လို့၊ နောက်တစ်ယောက်ကိုရဖို့ ကြိုးစားနေလို့၊ အသစ်လိုချင်နေလို့ပါပဲ။

Source: www.sweetyhigh.com

ရန်ဖြစ်တဲ့အချိန်၊ လမ်းခွဲကြတဲ့အချိန်မှာ သင့်ဘက်ကနေ ပြတ်သွားလည်း ငါ့အတွက် ဒီထက်ပိုကောင်းတဲ့သူ၊ နင့်ထက်သာတဲ့သူ၊ ငါနဲ့ထိုက်တန်တဲ့သူ ရောက်လာမှာလို့ ထိုးနှက်တဲ့စကားတွေ ပြောမိခဲ့ရင်လည်း သူသင့်ဆီပြန်လာတော့မှာ မဟုတ်ပါဘူး။ ဒီစကားတွေက တစ်ဖက်လူကို စိတ်နာပြီး စိတ်ပျက်သွားစေပါတယ်။  နောက်တစ်ခုကတော့ သူ့ဘက်က သင့်ကို အောက်ကျခံပြီး တောင်းပန်ခဲ့ချိန်မှာ သင်က ခါးခါးသီးသီးပြုမူခဲ့တာမျိုး၊ အရှက်ခွဲခဲ့တာမျိုးရှိရင်လည်း စိတ်နာသွားနိုင်ပါတယ်။

Source: www.romanceways.com