(Zawgyi Version)

မနက္အိပ္ယာထေနာက္က်ရင္ ေက်ာင္းေနာက္က်၊ အလုပ္ေနာက္က်နဲ႔ အဆင္မေျပတာေတြဟာ မနက္ခင္းမွာကတည္းက စျဖစ္ေတာ့တာပါပဲ။ ဒါေၾကာင့္ မနက္ေစာေစာထႏိုင္တဲ့ အက်င့္ျဖစ္ေအာင္ ဘာေတြကို ပံုမွန္လုပ္ေပးရမလဲ?

ႏွစ္ၿခိဳက္စြာနဲ႔ ေကာင္းေကာင္းမြန္မြန္ အိပ္စက္ႏိုင္ဖုိ႔ဆိုရင္ အိပ္ယာကို သန္႔ရွင္းေအာင္ထားဖို႔က အေရးႀကီးပါတယ္။ အိပ္ယာမသန္႔ရင္ ယားတာမ်ိဳး၊ စိတ္အေႏွာက္အယွက္ျဖစ္တာမ်ိဳးေတြ ျဖစ္တတ္လို႔ အိပ္ေပ်ာ္ဖို႔ခက္ပါတယ္။ ေကာင္းေကာင္းအိပ္မေပ်ာ္မွေတာ့ မနက္လည္း ေစာေစာမထႏိုင္ေတာ့ဘူးေပါ့။

ညဘက္ကိုေစာေစာအိပ္တတ္တဲ့ အက်င့္ျဖစ္ေအာင္လုပ္ပါ။ ေစာေစာအိပ္ရင္ အိပ္ေရးဝၿပီး မနက္ဆို ေစာေစာႏိုးပါတယ္။ ဒါေၾကာင့္ ၁၀ နာရီ ကိုေနာက္ဆံုးထားၿပီး အိပ္ေပးရင္ အေကာင္းဆံုးပါပဲ။

၁၀ နာရီမွာအိပ္မယ္ဆိုရင္ ၈ နာရီေလာက္ထဲက ဖုန္းမသံုးပါနဲ႔၊ ဂိမ္းေဆာ့တာ၊ ကြန္ျပဴတာၾကည့္တာမ်ိဳးလည္း မလုပ္ပါနဲ႔။ မအိပ္ခင္ ၂ နာရီအလိုထဲက မ်က္စိကို အနားေပးထားပါ။ ဖုန္းနဲ႔ ကြန္ျပဴတာၾကည့္ရင္ မ်က္စိေၾကာင္ၿပီး ေတာ္ရံုနဲ႔ အိပ္မေပ်ာ္ေတာ့ပါဘူး။

အိပ္ခါနီးမွာ ေရအမ်ားႀကီးမေသာက္ပါနဲ႔။ ေရခဏခဏေသာက္ရင္ တစ္ေရးႏိုး အေပါ့သြားခ်င္လို႔ ထရတာနဲ႔ ေကာင္းေကာင္းမအိပ္ရလို႔ မနက္ေစာေစာမထႏိုင္ေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။

ကိုယ္က အခုမွ ေစာေစာထတတ္တဲ့အက်င့္ကိုလုပ္မွာဆိုရင္ေတာ့ အေပၚကအခ်က္ေတြလုပ္ၿပီးတာနဲ႔ ကိုယ့္ကိုယ္ကို စိတ္မခ်ေသးရင္ ႏိႈးစက္ေပးထားပါ။ ႏိႈးစက္ေပးရင္လည္း အိပ္ယာေဘးမွာ မထားပါနဲ႔။ အိပ္ယာနဲ႔ေဝးနဲ႔ ခံုေပၚတင္ထားတာမ်ိဳးလုပ္ေပးပါ။ ဒါမွ ႏိႈးစက္ထပိတ္ရင္းနဲ႔ အိပ္ယာထႏိုင္မွာပါ။ အနီးနားမွာထားရင္ ႏိႈးစက္ပိတ္ၿပီး ျပန္အိပ္မိပါလိမ့္မယ္။

Photo Source: www.freepik.com

(Unicode Version)
မနက်အိပ်ယာထနောက်ကျရင် ကျောင်းနောက်ကျ၊ အလုပ်နောက်ကျနဲ့ အဆင်မပြေတာတွေဟာ မနက်ခင်းမှာကတည်းက စဖြစ်တော့တာပါပဲ။ ဒါကြောင့် မနက်စောစောထနိုင်တဲ့ အကျင့်ဖြစ်အောင် ဘာတွေကို ပုံမှန်လုပ်ပေးရမလဲ?

နှစ်ခြိုက်စွာနဲ့ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့ဆိုရင် အိပ်ယာကို သန့်ရှင်းအောင်ထားဖို့က အရေးကြီးပါတယ်။ အိပ်ယာမသန့်ရင် ယားတာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်တာမျိုးတွေ ဖြစ်တတ်လို့ အိပ်ပျော်ဖို့ခက်ပါတယ်။ ကောင်းကောင်းအိပ်မပျော်မှတော့ မနက်လည်း စောစောမထနိုင်တော့ဘူးပေါ့။

ညဘက်ကိုစောစောအိပ်တတ်တဲ့ အကျင့်ဖြစ်အောင်လုပ်ပါ။ စောစောအိပ်ရင် အိပ်ရေးဝပြီး မနက်ဆို စောစောနိုးပါတယ်။ ဒါကြောင့် ၁၀ နာရီ ကိုနောက်ဆုံးထားပြီး အိပ်ပေးရင် အကောင်းဆုံးပါပဲ။

၁၀ နာရီမှာအိပ်မယ်ဆိုရင် ၈ နာရီလောက်ထဲက ဖုန်းမသုံးပါနဲ့၊ ဂိမ်းဆော့တာ၊ ကွန်ပြူတာကြည့်တာမျိုးလည်း မလုပ်ပါနဲ့။ မအိပ်ခင် ၂ နာရီအလိုထဲက မျက်စိကို အနားပေးထားပါ။ ဖုန်းနဲ့ ကွန်ပြူတာကြည့်ရင် မျက်စိကြောင်ပြီး တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။

အိပ်ခါနီးမှာ ရေအများကြီးမသောက်ပါနဲ့။ ရေခဏခဏသောက်ရင် တစ်ရေးနိုး အပေါ့သွားချင်လို့ ထရတာနဲ့ ကောင်းကောင်းမအိပ်ရလို့ မနက်စောစောမထနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

ကိုယ်က အခုမှ စောစောထတတ်တဲ့အကျင့်ကိုလုပ်မှာဆိုရင်တော့ အပေါ်ကအချက်တွေလုပ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကို စိတ်မချသေးရင် နှိုးစက်ပေးထားပါ။ နှိုးစက်ပေးရင်လည်း အိပ်ယာဘေးမှာ မထားပါနဲ့။ အိပ်ယာနဲ့ဝေးနဲ့ ခုံပေါ်တင်ထားတာမျိုးလုပ်ပေးပါ။ ဒါမှ နှိုးစက်ထပိတ်ရင်းနဲ့ အိပ်ယာထနိုင်မှာပါ။ အနီးနားမှာထားရင် နှိုးစက်ပိတ်ပြီး ပြန်အိပ်မိပါလိမ့်မယ်။

Photo Source: www.freepik.com