သူမကတော့ အသက် ၅၀နီးပါးရှိပြီဖြစ်တဲ့ တရုတ်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အသက်ကတော့ ၄၉ နှစ်ဆိုပေမယ့် ၂၂ အရွယ် သားဖြစ်သူ သမီးရည်းစားလားလို့ အမြဲတမ်းလိုလို အထင်မှားခံရလေ့ရှိပါတယ်။

ကျန်းမာရေးလိုက်စားပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ် အချိုးစားလှပနေပြီး အရေးကြောင်း မရှိသလောက် ပါပဲ။ မိတ်ကပ်လိမ်းလေ့မရှိပေမယ့် အမြဲတမ်းလိုလို လှပနုပျိုနေတာဖြစ်ပါတယ်။

Weibo ဆိုတဲ့တရုတ်လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာတော့ Follower ပေါင်း ၇သောင်းခွဲကျော်ရှိပြီး သူမရဲ့အလှက Fitness Goals အတွက် ရေပန်းစားတဲ့ အကြောင်းအရာတစ်ခုဖြစ်လို့နေပါတယ်။

သူ့ကို ဘာလို့ နုပျိုနေရသလဲလို့ မေးတော့ သူမက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက် လေ့ကျင့်ခန်းပုံမှန်လုပ်လာခဲ့တာဖြစ်ပြီး ဝိတ်မတာနဲ့ ရေကူးတာကို ခုန်မင်နှစ်သက်တယ်လို့ ဆိုပါတယ်။


သူမရဲ့ နာမည်ကတော့ Liu Yelin ပါ။ Swimsuit ဝတ်စုံနဲ့လည်း ဆွဲဆောင်မှုရှိနေသူဖြစ်ပါတယ်။


နုပျိုခြင်း မနုပျိုခြင်းဆိုတာ ကျွန်မတို့ရဲ့ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်တဲ့။ အမျိုးသမီးတွေလှနိုင်ဖို့ဆိုတာ ချစ်သော ခင်ပွန်းဖြစ်သူရဲ့ ပံ့ပိုးအားပေးမှုတွေလည်း လိုအပ်ပါတယ်နော်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးနိုင်ဖို့ရယ်၊ အလှပြင်ပစ္စည်းတွေ၊ အဝတ်အစားကောင်းကောင်းဝတ်ဖို့ ငွေဆိုတာတော့ မဖြစ်မနေ လိုအပ်တာအမှန်ပါပဲ။