[Zawgyi]

အဆင္မေျပေတာ့လို႔ တစ္ေယာက္နဲ႔တစ္ေယာက္လမ္းခြဲၾကတဲ့အခါမွာ ဝမ္းနည္းမႈေတြကေတာ့ ႀကံဳေတြ႔ရမွာပဲေလ။ ကိုယ့္ကိုထားခဲ့တဲ့အခါမ်ိဳးဆိုရင္ေတာ့ ပိုဆိုးတာေပါ႔။

ဒီလိုအခ်ိန္မ်ိဳးမွာ ဝမ္းနည္းေနမယ့္အစား ကိုယ့္စိတ္ကိုျပန္လည္ၿပီးေတာ့ ထိန္းထားႏိုင္ဖို႔အတြက္ လုပ္ေပးသင့္တာေလးေတြကို လုပ္ေပးရင္း ျပင္ဆင္ၿပီးေနထိုင္မယ္ဆိုရင္ေတာ့ စိတ္ညစ္တာေတြ အသည္းကြဲတာမ်ိဳးေတြလည္း ရွိလာမွာမဟုတ္ပါဘူး။

ေခြးေလးတစ္ေကာင္ကိုဖက္ထားလိုက္ပါ

Source: cbc.ca

အသည္းကြဲေနတဲ့အခ်ိန္မွာ ေခြးေလးေတြနဲ႔အတူရွိေနတာက စိတ္ညစ္စရာေတြကို အနည္းငယ္ေတာ့ ေလ်ာ့နည္းသြားေစမွာပဲျဖစ္ပါတယ္။ သင့္မွာေခြးေလးမရွိဘူးဆိုရင္ေတာင္ သူငယ္ခ်င္းအသိတစ္ေယာက္ေယာက္ဆီက ေခြးေလးေတြနဲ႔ ခဏေလာက္သြားေဆာ့ၾကည့္လိုက္မယ္ဆိုရင္ သူတို႔ရဲ႕လႈပ္ရွားျပဳမူပံုေလးေတြေၾကာင့္ သင္စိတ္ညစ္တာေတြကိုေလ်ာ့နည္းသြားေစမွာပါ။

ဆံပင္သြားညွပ္လိုက္ပါ

Source: irishmirror.ie

ဆံပင္ညွပ္တဲ့အခါမွာ ဆံပင္အတိုပဲညွပ္ပစ္ရမယ္လို႔မဆိုလိုပါဘူးေနာ္။ နဂိုရွိေနတဲ့ ဆံပင္ထက္ပံုစံေလးအနည္းငယ္ေျပာင္းၿပီး ညွပ္ေပးတာမ်ိဳးဆိုရင္ စိတ္ကိုလည္းလန္းဆန္းသြားေစၿပီး ေျပာင္းလဲသြားတဲ့ပံုစံအသစ္ေၾကာင့္ ယံုၾကည္မႈေတြလည္းပိုတိုးလာေစမွာပါ။

သူငယ္ခ်င္းေတြနဲ႔ရယ္ေမာေနလိုက္ပါ

သူငယ္ခ်င္းဆိုတာမ်ိဳးက ေပ်ာ္ေနတဲ့အခ်ိန္ေတြမွာလည္း တူတူရွိေပးႏိုင္သလို စိတ္ညစ္စရာေတြရွိေနတဲ့ အခ်ိန္မ်ိဳးေတြမွာလည္း ေဘးနားကေနေကာင္းေကာင္းအေဖာ္လုပ္ေပးႏိုင္ပါတယ္။ ရည္းစားနဲ႔ျပတ္သြားလို႔ သူတို႔ေရွ႕မွာငိုျပေနတာထက္စာရင္ ရယ္စရာေတြ၊ ေပါက္ကရေတြေျပာၿပီး ေပ်ာ္ရႊင္ေနလိုက္တာက သင့္အတြက္ပိုၿပီးေတာ့အဆင္ေျပေစမွာပါ။

ခဏေလာက္အိပ္လိုက္ပါ

Source: Freepik

ေတာ္ေတာ္မ်ားမ်ားကစိတ္ညစ္စရာေတြရွိေနတဲ့အခ်ိန္မ်ိဳးမွာ အိပ္လိုက္ဖို႔ႀကိဳးစားတတ္ၾကပါတယ္။ ေန႔တိုင္းလိုလိုအိပ္ေနတာမ်ိဳးက မေကာင္းဘူးဆိုေပမယ့္ စိတ္ညစ္စရာေတြရွိေနတဲ့အခါမွာ ခဏေလာက္ေမ႔သြားႏိုင္ဖို႔ အိပ္ေပ်ာ္ေအာင္အိပ္လိုက္တာက စိတ္ကိုတဖန္ျပန္လည္လန္းဆန္းလာေစၿပီး ခႏၶာကိုယ္ကိုလည္းအနားေပးၿပီးသားျဖစ္ေစမွာေပါ႔။

စိတ္တည္ၿငိမ္ေအာင္

Source: Webdesigner Depot

အသည္းကြဲေနတဲ့အခ်ိန္မွာ စိတ္မတည္ျငိမ္တာမ်ိဳးေတြကို ႀကံဳေတြ႔ရတတ္ပါတယ္။ ကိုယ့္စိတ္ကိုမထိန္းခ်ဳပ္ႏိုင္ပဲ သူ႔ဆီကိုစိတ္ေရာက္ၿပီး ဖုန္းဆက္မိသြားတာမ်ိဳး၊ သူနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို ေတြးမိၿပီးဝမ္းနည္းသြားတာမ်ိဳးေတြ မျဖစ္ေအာင္စိတ္ကိုေသခ်ာထိန္းခ်ဳပ္ႏိုင္ဖို႔လိုပါတယ္။ အဲဒီအတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ပံုဆြဲတာမ်ိဳး၊ စိတ္တည္ၿငိမ္ေစဖို႔ အေရာင္ျခယ္တာမ်ိဳးေတြကို လုပ္မယ္ဆိုရင္ အခ်ိန္ပိုင္းတစ္ခုေလာက္ေတာ့ သင့္စိတ္ကုိတည္ၿငိမ္သြားေစမွာပါ။

အခန္းကိုသန္႔ရွင္းေရလုပ္ေပးလိုက္ပါ

Source: Factory Mattress

ရွဳပ္ပြေနတဲ့သင့္အခန္းကို ေနရာတက်ျပန္ျဖစ္ေအာင္ ထားေပးမယ္ဆိုရင္ စိတ္ကိုလည္း ျပန္လည္လန္းဆန္းလာေစဖို႔ အေထာက္အကူျဖစ္ေစမွာပဲျဖစ္ပါတယ္။ ပစၥည္းေတြကိုေနရာတစ္က် ျပန္လည္စီစဥ္လိုက္မယ္ဆိုရင္ အခန္းေလးကရွင္းလင္းၿပီး သပ္ရပ္သြားတာေၾကာင့္ သင္စိတ္ကိုလည္းျပန္ၿပီးလန္းဆန္းလာေစမွာပါ။

Photo Source: Pinterest

Featured Image Source: studybreaks.com

[Unicode]

အဆင်မပြေတော့လို့ တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲကြတဲ့အခါမှာ ဝမ်းနည်းမှုတွေကတော့ ကြုံတွေ့ရမှာပဲလေ။ ကိုယ့်ကိုထားခဲ့တဲ့အခါမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။

ဒီလိုအချိန်မျိုးမှာ ဝမ်းနည်းနေမယ့်အစား ကိုယ့်စိတ်ကိုပြန်လည်ပြီးတော့ ထိန်းထားနိုင်ဖို့အတွက် လုပ်ပေးသင့်တာလေးတွေကို လုပ်ပေးရင်း ပြင်ဆင်ပြီးနေထိုင်မယ်ဆိုရင်တော့ စိတ်ညစ်တာတွေ အသည်းကွဲတာမျိုးတွေလည်း ရှိလာမှာမဟုတ်ပါဘူး။

ခွေးလေးတစ်ကောင်ကိုဖက်ထားလိုက်ပါ

Source: cbc.ca

အသည်းကွဲနေတဲ့အချိန်မှာ ခွေးလေးတွေနဲ့အတူရှိနေတာက စိတ်ညစ်စရာတွေကို အနည်းငယ်တော့ လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။ သင့်မှာခွေးလေးမရှိဘူးဆိုရင်တောင် သူငယ်ချင်းအသိတစ်ယောက်ယောက်ဆီက ခွေးလေးတွေနဲ့ ခဏလောက်သွားဆော့ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့လှုပ်ရှားပြုမူပုံလေးတွေကြောင့် သင်စိတ်ညစ်တာတွေကိုလျော့နည်းသွားစေမှာပါ။

ဆံပင်သွားညှပ်လိုက်ပါ

Source: irishmirror.ie

ဆံပင်ညှပ်တဲ့အခါမှာ ဆံပင်အတိုပဲညှပ်ပစ်ရမယ်လို့မဆိုလိုပါဘူးနော်။ နဂိုရှိနေတဲ့ ဆံပင်ထက်ပုံစံလေးအနည်းငယ်ပြောင်းပြီး ညှပ်ပေးတာမျိုးဆိုရင် စိတ်ကိုလည်းလန်းဆန်းသွားစေပြီး ပြောင်းလဲသွားတဲ့ပုံစံအသစ်ကြောင့် ယုံကြည်မှုတွေလည်းပိုတိုးလာစေမှာပါ။

သူငယ်ချင်းတွေနဲ့ရယ်မောနေလိုက်ပါ

သူငယ်ချင်းဆိုတာမျိုးက ပျော်နေတဲ့အချိန်တွေမှာလည်း တူတူရှိပေးနိုင်သလို စိတ်ညစ်စရာတွေရှိနေတဲ့ အချိန်မျိုးတွေမှာလည်း ဘေးနားကနေကောင်းကောင်းအဖော်လုပ်ပေးနိုင်ပါတယ်။ ရည်းစားနဲ့ပြတ်သွားလို့ သူတို့ရှေ့မှာငိုပြနေတာထက်စာရင် ရယ်စရာတွေ၊ ပေါက်ကရတွေပြောပြီး ပျော်ရွှင်နေလိုက်တာက သင့်အတွက်ပိုပြီးတော့အဆင်ပြေစေမှာပါ။

ခဏလောက်အိပ်လိုက်ပါ

Source: Freepik

တော်တော်များများကစိတ်ညစ်စရာတွေရှိနေတဲ့အချိန်မျိုးမှာ အိပ်လိုက်ဖို့ကြိုးစားတတ်ကြပါတယ်။ နေ့တိုင်းလိုလိုအိပ်နေတာမျိုးက မကောင်းဘူးဆိုပေမယ့် စိတ်ညစ်စရာတွေရှိနေတဲ့အခါမှာ ခဏလောက်မေ့သွားနိုင်ဖို့ အိပ်ပျော်အောင်အိပ်လိုက်တာက စိတ်ကိုတဖန်ပြန်လည်လန်းဆန်းလာစေပြီး ခန္ဓာကိုယ်ကိုလည်းအနားပေးပြီးသားဖြစ်စေမှာပေါ့။

စိတ်တည်ငြိမ်အောင်

Source: Webdesigner Depot

အသည်းကွဲနေတဲ့အချိန်မှာ စိတ်မတည်ငြိမ်တာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ပဲ သူ့ဆီကိုစိတ်ရောက်ပြီး ဖုန်းဆက်မိသွားတာမျိုး၊ သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို တွေးမိပြီးဝမ်းနည်းသွားတာမျိုးတွေ မဖြစ်အောင်စိတ်ကိုသေချာထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ ပုံဆွဲတာမျိုး၊ စိတ်တည်ငြိမ်စေဖို့ အရောင်ခြယ်တာမျိုးတွေကို လုပ်မယ်ဆိုရင် အချိန်ပိုင်းတစ်ခုလောက်တော့ သင့်စိတ်ကိုတည်ငြိမ်သွားစေမှာပါ။

အခန်းကိုသန့်ရှင်းရေလုပ်ပေးလိုက်ပါ

ရှုပ်ပွနေတဲ့သင့်အခန်းကို နေရာတကျပြန်ဖြစ်အောင် ထားပေးမယ်ဆိုရင် စိတ်ကိုလည်း ပြန်လည်လန်းဆန်းလာစေဖို့ အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ပစ္စည်းတွေကိုနေရာတစ်ကျ ပြန်လည်စီစဉ်လိုက်မယ်ဆိုရင် အခန်းလေးကရှင်းလင်းပြီး သပ်ရပ်သွားတာကြောင့် သင်စိတ်ကိုလည်းပြန်ပြီးလန်းဆန်းလာစေမှာပါ။

Photo Source: Pinterest

Featured Image Source: studybreaks.com