[Zawgyi]

ျပိဳင္ဆုိင္မႈျပင္းထန္တ့ဲယေန႔ေခတ္မွာ အလုပ္မ်ားတဲ့သူေတြအတြက္ အသက္ျပင္းျပင္းတစ္ခ်က္ရွဴဖုိ႔ေတာင္ အခ်ိန္မရၾကသလို စိတ္ဖိစီးမႈေတြကလည္းဒုနဲ႔ေဒးရွိၾကပါတယ္။ဒါေပမယ့္လည္း အလုပ္ႀကီးပဲဖိလုပ္ေနရင္သင့္ရဲ႕စိတ္က်န္းမာေရးအတြက္ေရာ ကိုယ္က်န္းမာေရးအတြက္ပါ စိုးရိမ္စရာေတြရွိလာႏိုင္ပါတယ္။ဒါေၾကာင့္ကိုယ့္အတြက္ သီးသန္႔အားလပ္ခ်ိန္ဆိုတာလည္း ရွိဖုိ႔လိုအပ္ပါတယ္။ဒါဆို အားလပ္ခ်ိန္ေတြကိုဘယ္လိုအက်ဳိးရွိရွိျဖတ္သန္းၾကမလဲ အဖိုးတန္လွတဲ႔ အားလပ္ခ်ိန္ေတြမွာ ဘာေတြလုပ္သင့္လဲဆိုတာေျပာျပေပးခ်င္ပါတယ္။

(၁) အားကစားလုပ္ပါ

Source : Healthista

အားကစားလိုက္စားျခင္းက သင္႔ခႏၶာကိုယ္က်န္းမာေရးအတြက္ အလြန္အေရးပါပါတယ္။ ကိုယ္စိတ္ဝင္စားတဲ႔ အားကစားတခုခုကို လုပ္ျခင္းက စိတ္ဖိစီးမႈကို ေလွ်ာ႔က်ေစသလို၊ ေသြးဖိအားေလွ်ာ႔က်ေစတာ၊ ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ႔ က်ေစတာ စတဲ႔ အက်ိဳးေက်းဇူးမ်ားစြာ ရရွိေစပါတယ္။ ဒါေၾကာင္႔အားလပ္ခ်ိန္မွာ အားကစားလုပ္ဖုိ႔ အႀကံေပးခ်င္ပါတယ္။

(၂) စာဖတ္ပါ

Source : EyeEm

သင္ဟာ စာၾကမ္းပိုးတစ္ေယာက္ဆုိရင္ေတာ႔ စာအုပ္တစ္အုပ္ဝယ္ၿပီး (သို႔) ဌားၿပီး ဖတ္လိုက္ပါ။ အခုေခတ္က စာအုပ္ေကာင္းတစ္အုပ္ဖတ္ရဖို႔ ခက္ခဲတဲ႔ကိစၥမဟုတ္ပါဘူး။ သင္နဲ႔ အနီးဆံုး စာၾကည္႔တိုက္မွာေသာ္လည္းေကာင္း၊ သူငယ္ခ်င္းတစ္ေယာက္ဆီကေသာ္လည္းေကာင္း ဌားၿပီးဖတ္ႏိုင္သလုိ၊ အြန္လိုင္းေပၚမွလည္း အလြယ္တကူ ကလစ္တခ်က္ နွိပ္လုိက္ရံုနဲ႔ စာအုပ္ေကာင္းေတြ ရွာေဖြႏိုင္ပါတယ္။စာအုပ္ေကာင္းတစ္အုပ္ဟာ သင္႔ကို လက္ရွိကမာၻကေန တျခားကမာၻကို ေခၚေဆာင္သြားနိူင္စြမ္းရွိပါတယ္။ စာအုပ္ဖတ္ျခင္းက ကမာၻႀကီးကို ျပတင္းေပါက္တစ္ခ်ပ္ကေန ၾကည္႔ေနသလုိပါပဲ။ ဘယ္မွမသြားမလာရဘဲ အနယ္နယ္အရပ္ရပ္မွာ ျဖစ္ေနတဲ႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို သိႏိုင္ပါတယ္။

(၃) ပရဟိတလုပ္ပါ

Source : New Digs Ministries

 

ပိုက္ဆံအတြက္ အလုပ္လုပ္တဲ႔အခ်ိန္မွာ လူေတြရဲ႕တံုျပန္မႈနဲ႔၊ ပရဟိတ လုပ္တဲ႔အခ်ိန္မွာ လူေတြရဲ႕တံုျပန္မႈေတြက မတူပါဘူး။ ပရဟိတလုပ္ငန္းေတြမွာပါဝင္ကူညီၿပီးရလာတဲ႔ ခံစားခ်က္၊ ပီတိေတြက ဘာနဲ႔မွမတူပါဘူး။ ၿပီးေတာ႔ ပရဟိတ လုပ္ငန္းက လူအမ်ားနဲ႔ လုပ္ရတာ ျဖစ္တဲ႔အတြက္ေၾကာင္႔ လူေတြနဲ႔ ဘယ္လိုအလုပ္အလုပ္ရမလဲ ဆုိတာကိုပါ သိႏိုင္ပါတယ္။

(၄) တရားထုိင္ပါ

Source : ELEMENTOS

ဒီေခတ္ကမာၻႀကီးမွာ အသက္ရွင္ေနထုိင္ဖုိ႔ အလြန္ပဲခက္ခဲလွပါတယ္။ ဒါေၾကာင္႔ စိတ္ပိုင္းဆုိင္ရာ ပ်က္စီးယိုယြင္းမႈမရွိရေလေအာင္ သင္႔အားလပ္ခ်ိန္ရဲ႕ တစိတ္တပိုင္းကို တရားထုိင္ဖုိ႔အတြက္ အသံုးျပဳသင္႔ပါတယ္။ ပံုမွန္တရားထုိင္ေလ႔ရွိ႕တဲ႔သူေတြဟာ အလုပ္ဖိအားသို႔ လူမူေရးဖိအားေတြေအာက္မွာ ပိုမိုရွင္သန္ႏိုင္ၾကတယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာထားပါတယ္။

(၅) စာေရးပါ

Source : Linkedin

ယခုေခတ္တြင္ အြန္လိုင္းေပၚမွာ စာေရးၿပီး ဝင္ေငြရွာတဲ႔ လူငယ္ေတြ မ်ားလာတာေတြ႔ရပါတယ္။ သင္က စာအေရးအသားေကာင္းမြန္သူ တစ္ေယာက္ဆုိရင္ေတာ႔ ဘေလာ႔ (သို႔) ေဆာင္းပါးျဖစ္ျဖစ္ ေရးၿပီး အြန္လိုင္းေပၚမွာ တင္ၾကည္႔လုိက္ပါ။ ဒီလုိလုပ္ျခင္းအားျဖင္႔ မိမိိကို လူသိမ်ားလာမွာျဖစ္သလို၊ အပိုဝင္ေငြရဖုိ႔လည္း အခြင္႔အလမ္းေတြရလာတတ္ပါတယ္။

[Unicode]

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ယနေ့ခေတ်မှာ အလုပ်များတဲ့သူတွေအတွက် အသက်ပြင်းပြင်းတစ်ချက်ရှူဖို့တောင် အချိန်မရကြသလို စိတ်ဖိစီးမှုတွေကလည်းဒုနဲ့ဒေးရှိကြပါတယ်။ဒါပေမယ့်လည်း အလုပ်ကြီးပဲဖိလုပ်နေရင်သင့်ရဲ့စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာရေးအတွက်ပါ စိုးရိမ်စရာတွေရှိလာနိုင်ပါတယ်။ဒါကြောင့်ကိုယ့်အတွက် သီးသန့်အားလပ်ချိန်ဆိုတာလည်း ရှိဖို့လိုအပ်ပါတယ်။ဒါဆို အားလပ်ချိန်တွေကိုဘယ်လိုအကျိုးရှိရှိဖြတ်သန်းကြမလဲ အဖိုးတန်လှတဲ့ အားလပ်ချိန်တွေမှာ ဘာတွေလုပ်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) အားကစားလုပ်ပါ

Source : Healthista

အားကစားလိုက်စားခြင်းက သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အားကစားတခုခုကို လုပ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ကျစေသလို၊ သွေးဖိအားလျှော့ကျစေတာ၊ ခန္ဓာကိုယ်အလေးချိန်လျှော့ ကျစေတာ စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ဒါကြောင့်အားလပ်ချိန်မှာ အားကစားလုပ်ဖို့ အကြံပေးချင်ပါတယ်။

(၂) စာဖတ်ပါ

Source : EyeEm

သင်ဟာ စာကြမ်းပိုးတစ်ယောက်ဆိုရင်တော့ စာအုပ်တစ်အုပ်ဝယ်ပြီး (သို့) ဌားပြီး ဖတ်လိုက်ပါ။ အခုခေတ်က စာအုပ်ကောင်းတစ်အုပ်ဖတ်ရဖို့ ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ သင်နဲ့ အနီးဆုံး စာကြည့်တိုက်မှာသော်လည်းကောင်း၊ သူငယ်ချင်းတစ်ယောက်ဆီကသော်လည်းကောင်း ဌားပြီးဖတ်နိုင်သလို၊ အွန်လိုင်းပေါ်မှလည်း အလွယ်တကူ ကလစ်တချက် နှိပ်လိုက်ရုံနဲ့ စာအုပ်ကောင်းတွေ ရှာဖွေနိုင်ပါတယ်။စာအုပ်ကောင်းတစ်အုပ်ဟာ သင့်ကို လက်ရှိကမ္ဘာကနေ တခြားကမ္ဘာကို ခေါ်ဆောင်သွားနိူင်စွမ်းရှိပါတယ်။ စာအုပ်ဖတ်ခြင်းက ကမ္ဘာကြီးကို ပြတင်းပေါက်တစ်ချပ်ကနေ ကြည့်နေသလိုပါပဲ။ ဘယ်မှမသွားမလာရဘဲ အနယ်နယ်အရပ်ရပ်မှာ ဖြစ်နေတဲ့ ကိစ္စတော်တော်များများကို သိနိုင်ပါတယ်။

(၃) ပရဟိတလုပ်ပါ

Source : New Digs Ministries

ပိုက်ဆံအတွက် အလုပ်လုပ်တဲ့အချိန်မှာ လူတွေရဲ့တုံပြန်မှုနဲ့၊ ပရဟိတ လုပ်တဲ့အချိန်မှာ လူတွေရဲ့တုံပြန်မှုတွေက မတူပါဘူး။ ပရဟိတလုပ်ငန်းတွေမှာပါဝင်ကူညီပြီးရလာတဲ့ ခံစားချက်၊ ပီတိတွေက ဘာနဲ့မှမတူပါဘူး။ ပြီးတော့ ပရဟိတ လုပ်ငန်းက လူအများနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် လူတွေနဲ့ ဘယ်လိုအလုပ်အလုပ်ရမလဲ ဆိုတာကိုပါ သိနိုင်ပါတယ်။

(၄) တရားထိုင်ပါ

Source : ELEMENTOS

ဒီခေတ်ကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်ဖို့ အလွန်ပဲခက်ခဲလှပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုမရှိရလေအောင် သင့်အားလပ်ချိန်ရဲ့ တစိတ်တပိုင်းကို တရားထိုင်ဖို့အတွက် အသုံးပြုသင့်ပါတယ်။ ပုံမှန်တရားထိုင်လေ့ရှိ့တဲ့သူတွေဟာ အလုပ်ဖိအားသို့ လူမူရေးဖိအားတွေအောက်မှာ ပိုမိုရှင်သန်နိုင်ကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

(၅) စာရေးပါ

Source : Linkedin

ယခုခေတ်တွင် အွန်လိုင်းပေါ်မှာ စာရေးပြီး ဝင်ငွေရှာတဲ့ လူငယ်တွေ များလာတာတွေ့ရပါတယ်။ သင်က စာအရေးအသားကောင်းမွန်သူ တစ်ယောက်ဆိုရင်တော့ ဘလော့ (သို့) ဆောင်းပါးဖြစ်ဖြစ် ရေးပြီး အွန်လိုင်းပေါ်မှာ တင်ကြည့်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိကို လူသိများလာမှာဖြစ်သလို၊ အပိုဝင်ငွေရဖို့လည်း အခွင့်အလမ်းတွေရလာတတ်ပါတယ်။