[Zawgyi]

ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ခ်င္တဲ့သူေတြအေနနဲ႔ သိထားသင့္တာက ဝိတ္ခ်တယ္ဆိုတာ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြလုပ္႐ံု၊ အစားေတြေလ်ာ့စားေန႐ံုနဲ႔မရပါဘူး။ ဝိတ္ေလ်ာ့ေနတဲ့အခ်ိန္အတြင္းမွာ မျဖစ္မေနလုပ္သြားဖို႔လိုတာေတြလည္း ရွိေနပါတယ္။ ဒါေတြကိုပံုမွန္လုပ္သြားမယ္ဆိုရင္ ပ်ိဳေမတို႔ရဲ႕ဝိတ္ခ်ေနတဲ့အခ်ိန္အတြင္းမွာလည္း ေကာင္းမြန္တဲ့အက်ိဳးေက်းဇူးေတြကို ရရွိမွာပဲျဖစ္ပါတယ္။

အက်င့္ေတြကိုေျပာင္းလဲပစ္ပါ

အရင္တုန္းကလုပ္ေနၾကျဖစ္တဲ့ သူငယ္ခ်င္းေတြနဲ႔ေတြ႔တဲ့အခါမွာ မုန္႔ထြက္စားတာမ်ိဳး၊ အိမ္မွာပဲမုန္႔ေတြလုပ္စားတာမ်ိဳးေတြကို ေျပာင္းလဲဖို႔လိုပါတယ္။ အဲဒီအစား သူငယ္ခ်င္းေတြနဲ႔ ဒီတုိင္းပဲအျပင္သြားမယ္ ႐ုပ္ရွင္ၾကည့္၊ ေရွာ႔ပင္းထြက္တာမ်ိဳးေတြကို လုပ္ၾကည့္ပါ။

ဆင္ျခင္သံုးသပ္ပါ

သင္စားေနတဲ့အစားစာေတြကို ျပန္ၿပီးေတာ့ဆင္ျခင္သံုးသပ္ၾကည့္ဖို႔လိုပါတယ္။ ဝိတ္ခ်တယ္ဆိုၿပီး ေလ့က်င့္ခန္းေတြလုပ္တယ္၊ အစားေတြေလ်ာ့စားေနေပမယ့္လည္း စားလိုက္တဲ့အစားစာေတြက အဆီမ်ားတဲ့အစားစာေတြျဖစ္ေနမယ္ဆိုရင္လည္း ဝိတ္ကက်မွမဟုတ္ပါဘူး။ ဒါေၾကာင့္ စားေနတဲ့အစားစာေတြကို ေသခ်ာခ်င့္ခ်ိန္ၿပီး စားတတ္တဲ့အက်င့္မ်ိဳးလုပ္ေပးဖို႔လိုပါတယ္။

ေရမ်ားမ်ားေသာက္ပါ

ခႏၶာကိုယ္မွာ ေရဓာတ္ေကာင္းေကာင္းျပည့္ဝေနတာက သင့္အတြက္အေကာင္းမြန္ဆံုးေတြကိုပဲျဖစ္လာေစမွာပါ။ ေရမ်ားမ်ားေသာက္တာက သင့္ကိုျပည့္ဝေနေစၿပီး ဗိုက္ခဏခဏဆာတတ္တယ္ဆိုရင္ေတာင္ ေရမ်ားမ်ားေသာက္ထားတာေၾကာင့္ ထိန္းၿပီးသားျဖစ္ေနမွာပါ။ အစားေလ်ာ့ဖို႔လိုၿပီး ခဏခဏဗုိက္ဆာေနတတ္တယ္ဆိုရင္ေတာ့ ေရမ်ားမ်ားေသာက္ၿပီး ထိန္းလို႔ရပါတယ္။

မနက္စာေကာင္းေကာင္းစားေပးပါ

ေတာ္ေတာ္မ်ားမ်ားက မနက္စာကိုနည္းနည္းပဲ စားတတ္ၾကပါတယ္။ က်န္းမာတဲ့သူတစ္ေယာက္ျဖစ္ဖို႔အတြက္ဆိုရင္ မနက္စာကိုေကာင္းေကာင္းစားေပးဖုိ႔လိုတယ္လို႔ က်န္းမာေရးေဆာင္းပါးေတြမွာ ေဖာ္ျပထားၿပီးသားျဖစ္ပါတယ္။ မနက္စာကို ေကာင္းေကာင္းစားထားေတာ့ ေန႔ခင္းဘက္ေတြမွာလည္း အမ်ားႀကီးမစားမိေတာ့ဘူးေပါ႔။

ပ်ိဳေမတို႔အေနနဲ႔ဝိတ္ေလ်ာ့ဖို႔စၿပီး လုပ္ေနၿပီဆိုရင္ေတာ့ ဒီအခ်က္ေတြက သိကိုသိထားသင့္ၿပီး ေန႔တိုင္းလုပ္ေပးေနဖို႔လည္းလိုပါတယ္ေနာ္။

Photo Source: Pexels

[Unicode]

ကိုယ်အလေးချိန်ကို လျော့ချချင်တဲ့သူတွေအနေနဲ့ သိထားသင့်တာက ဝိတ်ချတယ်ဆိုတာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ရုံ၊ အစားတွေလျော့စားနေရုံနဲ့မရပါဘူး။ ဝိတ်လျော့နေတဲ့အချိန်အတွင်းမှာ မဖြစ်မနေလုပ်သွားဖို့လိုတာတွေလည်း ရှိနေပါတယ်။ ဒါတွေကိုပုံမှန်လုပ်သွားမယ်ဆိုရင် ပျိုမေတို့ရဲ့ဝိတ်ချနေတဲ့အချိန်အတွင်းမှာလည်း ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ရရှိမှာပဲဖြစ်ပါတယ်။

အကျင့်တွေကိုပြောင်းလဲပစ်ပါ

အရင်တုန်းကလုပ်နေကြဖြစ်တဲ့ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာ မုန့်ထွက်စားတာမျိုး၊ အိမ်မှာပဲမုန့်တွေလုပ်စားတာမျိုးတွေကို ပြောင်းလဲဖို့လိုပါတယ်။ အဲဒီအစား သူငယ်ချင်းတွေနဲ့ ဒီတိုင်းပဲအပြင်သွားမယ် ရုပ်ရှင်ကြည့်၊ ရှော့ပင်းထွက်တာမျိုးတွေကို လုပ်ကြည့်ပါ။

ဆင်ခြင်သုံးသပ်ပါ

သင်စားနေတဲ့အစားစာတွေကို ပြန်ပြီးတော့ဆင်ခြင်သုံးသပ်ကြည့်ဖို့လိုပါတယ်။ ဝိတ်ချတယ်ဆိုပြီး လေ့ကျင့်ခန်းတွေလုပ်တယ်၊ အစားတွေလျော့စားနေပေမယ့်လည်း စားလိုက်တဲ့အစားစာတွေက အဆီများတဲ့အစားစာတွေဖြစ်နေမယ်ဆိုရင်လည်း ဝိတ်ကကျမှမဟုတ်ပါဘူး။ ဒါကြောင့် စားနေတဲ့အစားစာတွေကို သေချာချင့်ချိန်ပြီး စားတတ်တဲ့အကျင့်မျိုးလုပ်ပေးဖို့လိုပါတယ်။

ရေများများသောက်ပါ

ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေတာက သင့်အတွက်အကောင်းမွန်ဆုံးတွေကိုပဲဖြစ်လာစေမှာပါ။ ရေများများသောက်တာက သင့်ကိုပြည့်ဝနေစေပြီး ဗိုက်ခဏခဏဆာတတ်တယ်ဆိုရင်တောင် ရေများများသောက်ထားတာကြောင့် ထိန်းပြီးသားဖြစ်နေမှာပါ။ အစားလျော့ဖို့လိုပြီး ခဏခဏဗိုက်ဆာနေတတ်တယ်ဆိုရင်တော့ ရေများများသောက်ပြီး ထိန်းလို့ရပါတယ်။

မနက်စာကောင်းကောင်းစားပေးပါ

တော်တော်များများက မနက်စာကိုနည်းနည်းပဲ စားတတ်ကြပါတယ်။ ကျန်းမာတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် မနက်စာကိုကောင်းကောင်းစားပေးဖို့လိုတယ်လို့ ကျန်းမာရေးဆောင်းပါးတွေမှာ ဖော်ပြထားပြီးသားဖြစ်ပါတယ်။ မနက်စာကို ကောင်းကောင်းစားထားတော့ နေ့ခင်းဘက်တွေမှာလည်း အများကြီးမစားမိတော့ဘူးပေါ့။

ပျိုမေတို့အနေနဲ့ဝိတ်လျော့ဖို့စပြီး လုပ်နေပြီဆိုရင်တော့ ဒီအချက်တွေက သိကိုသိထားသင့်ပြီး နေ့တိုင်းလုပ်ပေးနေဖို့လည်းလိုပါတယ်နော်။

Photo Source: Pexels

Featured Image Source: firstquotehealth.com