အတိတ်တွေကို ဘယ်လောက်ပဲ စိတ်မဝင်စားဘူးလို့ ပြောပြော သူအတိတ်မှာဘာတွေလုပ်ခဲ့ဖူးလဲ။ ဘယ်လိုနေထိုင်ခဲ့ရလဲသိမှ သူနဲ့ဘယ်လိုရေရှည်လက်တွဲရမလဲဆိုတာကို သိမှာပါ။

၁။ မကောင်းတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရတယ်

Source: Flickr

သူကဘယ်လောက်ပဲ ကောင်းတဲ့သူလို့ပြောပြော၊ မကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာဖြစ်လို့ သူ့ရဲ့စိတ်ခံစားချက်တွေက သာမန်လူတွေနဲ့တော့ မတူပါဘူး။ ၎င်းရဲ့အနာဂတ်နဲ့ မိသားစုထဲကိုပါ သက်ရောက်လာနိုင်တာမို့ သင်က အရိပ်အခြေကိုကြည့်ပြီး ကိုင်တွယ်တတ်ဖို့လိုပါတယ်။

၂။ ကျန်းမာရေးအခြေအနေ

Source: Good Housekeeping

သင့်ချစ်သူမှာ ကုမရတဲ့ရောဂါ (သို့) အမြစ်ဖြတ်မရတဲ့ ရောဂါပိုးတွေရှိ၊ မရှိကို အခုတည်းကကြိုလေ့လာထားဖို့လိုပါမယ်။ သင်ကတော့ သူ့ကိုချစ်လို့ ရောဂါကူးလည်း ဘာမှမဖြစ်ဘူးဆိုပေမဲ့ နောက်ပိုင်းသား၊ သမီးတွေဘာတွေရလာလို့ သူတို့ဆီကိုပါကူးသွားခဲ့ရင်တော့ သင့်မှာအပြစ်ရှိသွားပါပြီ။

၃။ ကလေးရှိခဲ့တယ်

Source: songmoi.vn

ဒါကလည်း ပြသနာတစ်မျိုးပါပဲ။ အခုခေတ်မှာ လူတိုင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိနေတာမို့ “တစ်ပင်လဲမူ တစ်ပင်ထူ” ကသိပ်ကိစ္စမရှိပါဘူး။ အကယ်လို့သူ့မှာ အရင်တစ်ယောက်နဲ့ ကလေးရှိပြီးသားဆိုရင်တော့ သင်ရေရှည်အတွက်ကြိုတွေးပြီး သေချာစဉ်းစားဖို့ လိုပါပြီ။

၎။ ဒဏ်ရာတွေရှိခဲ့ဖူးတယ်

Source: Best Life

စိတ်ဒဏ်ရာကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ တချို့တွေက ချစ်ခြင်းမေတ္တာကို အခြေတည်ပြီး ကြီးပြင်လာခဲ့ရပေမဲ့ တချို့တွေကတော့ ဒဏ်ရာတွေကို သယ်ပိုးပြီး ယနေ့ဒီနေရာမှာ ရပ်တည်နေကြရတာပါ။ ဒါကြောင့် သူ့ဒဏ်ရာကိုထိမိတဲ့အခါ သူဘယ်လိုတုံ့ပြန်မလဲ။ သူဘယ်လိုခံစားသွားရမလဲဆိုတာတွေကို သင်ကြိုလေ့လာထားဖို့လိုပါမယ်။ ဒီအရာကလည်း သင်တို့ Relationship အပေါ် သက်ရောက်မှုအများကြီးရှိပါတယ်။

၅။ အလိမ်အညာတွေရှိခဲ့တယ်

Source: Ketemujodohku.com

သင်နဲ့မတွဲခင် အရှေ့မှာတွဲခဲ့တဲ့သူတွေကို သင့်ချစ်သူက လိမ်ညာခဲ့သည်ဖြစ်စေ၊ သူကိုယ်တိုင်အလိမ်ခံခဲ့ရသည်ဖြစ်စေ သင်သုံးသပ်ကြည့်ဖို့လိုပါတယ်။ နှစ်ခုလုံးက လက်ရှိ Relationship အပေါ် သက်ရောက်မှုတွေရှိပါတယ်။

Featured image source: Good Housekeeping