[Zawgyi]

ကိုယ့္ရဲ႕ မိတ္ေဆြသူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ေရရွည္လက္တြဲဖို႔စိတ္ကူးထားတယ္ဆိုရင္ သူငယ္ခ်င္းေတြၾကားအခင္အမင္ပ်က္ေစမယ့္ ကိစၥတစ္ခ်ဳိ႕ကိုေတာ့ သတိထားဖို႔လိုပါမယ္။ ဘယ္ေလာက္ ပဲရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္ပါေစ အေသးအမႊားကိစၥေလးတစ္ခုကေန စိတ္ခုသြားတာမ်ဳိးေတြအမ်ားႀကီးရွိပါတယ္။ဒါေၾကာင့္ဒီေန႔မွာေတာ့ သူငယ္ခ်င္းေတြၾကား အခင္အမင္ပ်က္သြားေစမယ့္ သတိထားစရာလုပ္ရပ္တစ္ခ်ဳိ႕ ေရွာင္က်ဥ္ႏိုင္ဖို႔ ေပာျပေပးခ်င္ပါတယ္။

(၁) အခ်စ္ေရးမွာၾကားညွပ္ျခင္း

Source : Elite Daily

လူႏွစ္ေယာက္တည္ေဆာက္ထားတဲ့ Relationship တစ္ခု အေၾကာင္းကို အျပင္လူတစ္ေယာက္အေနနဲ႔ အတြင္းက်က်သိႏိုင္ဖို႔ ခဲယဥ္းလွပါတယ္။သူငယ္ခ်င္းေတြရဲ႕ Rs မွာျပႆနာတစ္ခုခုျဖစ္ေနသည္ရွိေသာ္ ဘယ္သူမွားတယ္မွန္တယ္ဆိုတာ ေသခ်ာမသိႏုိင္တဲ့အတြက္ ဝင္မပါတာေကာင္းပါတယ္။ကားသံုးၾကားမဝင္သင့္ဘူးဆိုတဲ့ ဆိုရိုးစကားလည္းရွိတာေၾကာင့္ ကိုယ္သူငယ္ခ်င္းရဲ႕ အိမ္ေထာင္ေရး အခ်စ္ေရးကိစၥေတြမွာ ပါဝင္ပတ္သတ္တာ ဂဂဏဏမသိပဲ ေဝဖန္တာေတြအတက္ႏိုင္ ဆံုးေရွာင္က်ဥ္သင့္ပါတယ္။

(၂) ေငြေၾကးကိစၥအရႈပ္အရွင္းရွိလာျခင္း

Source : www.sohu.com

လူကိုခင္ရင္ေငြမေခ်းပါနဲ႔ ဆိုတဲ့စကားသိပ္မွန္ပါတယ္။ဘယ္ ေလာက္ပဲရင္းႏွီးတဲ့ေဘာ္ဒါေတြျဖစ္ေနပါေစ အေပါင္းအသင္းက႑မွာေငြးေရးေၾကးေရးအရႈပ္အရွင္းပါလာရင္ေတာ့ ေရရွည္ဆက္ဆံလို႔ အဆင္ေျပေတာ့မွာမဟုတ္ပါဘူး။ဒါေၾကာင့္သူငယ္ခ်င္းအရင္းေခါက္ေခါက္ေတြစီက ပိုက္ဆံေခ်းတာမ်ဳိး ေငြေၾကးအရႈပ္အရွင္းလုပ္မိတာမ်ဳိးေတြ လံုးဝေရွာင္က်ဥ္သင့္ပါတယ္။

(၃) ကုန္းဆင္းျခင္း

Source : Mirage VR

ဘယ္ဆိုင္ပဲထိုင္ထိုင္စားေသာက္ၿပီးလို႔ ပိုက္ဆံရွင္းခါနီးတိုင္းအရူးကြက္နင္းၿပီး ကုန္းဆင္းသြားတက္တ့ဲသူငယ္ခ်င္းေတြနဲ႔ႀကံဳဖူးပါသလား။တစ္ခါႏွစ္ခါေလာက္ ကုန္းဆင္းသြားတယ္ဆို တာနားလည္ခြင့္လႊတ္ေပးလို႔ရေပမယ့္ အျမဲလိုလိုအေၾကာင္းျပခ်က္ အမ်ဳိးမ်ဳိးနဲ႔ ကုန္းဆင္းေနတဲ့သူေတြဆိုရင္ေတာ့ ေဘာ္ဒါ ေတြတျဖည္းျဖည္းေရွာင္ဖယ္လာၾကပါလိမ့္မယ္။ဒါေၾကာင့္ ေဘာ္ဒါအကန္႔မပ်က္ခ်င္ရင္အျမဲတမ္း ကုန္းဆင္းျခင္းကိုေရွာင္ က်ဥ္ပါ။

(၄) အားနည္းကိုေနာက္ေျပာင္ျခင္း

Source : Depositphotos

ေဘာ္ဒါေတြၾကားစတာေနာက္တာက စိတ္ဆိုးစရာမဟုတ္ဘူး လို႔ထင္ေကာင္းထင္ႏုိင္ပါတယ္။ဒါေပမယ့္ တစ္ဖက္လူရဲ႕ အား နည္းခ်က္ သည္းမခံႏိုင္တဲ့အရာေတြကိုေတာ့ ဟာသတစ္ခုအေနနဲ႔ မစသင့္ပါဘူး။ကိုယ္ကေတာ့ ဘာရယ္မဟုတ္ဘူးအေပ်ာ္ သေဘာနဲ႔ စေနာက္လိုက္ေပမယ့္ တစ္ဖက္လူရဲ႕ ရင္ထဲမွာခံစား ခ်က္ျပင္းျပင္းထန္ထန္ျဖစ္သြားႏိုင္တာေၾကာင့္ ကိုယ္သူငယ္ခ်င္းေတြေဘာ္ဒါေတြ မႀကိဳက္တဲ့အရာေတြကို မစေနာက္မိပါေစနဲ႔။

[Unicode]

ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရေရှည်လက်တွဲဖို့စိတ်ကူးထားတယ်ဆိုရင် သူငယ်ချင်းတွေကြားအခင်အမင်ပျက်စေမယ့် ကိစ္စတစ်ချို့ကိုတော့ သတိထားဖို့လိုပါမယ်။ ဘယ်လောက် ပဲရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပါစေ အသေးအမွှားကိစ္စလေးတစ်ခုကနေ စိတ်ခုသွားတာမျိုးတွေအများကြီးရှိပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ သူငယ်ချင်းတွေကြား အခင်အမင်ပျက်သွားစေမယ့် သတိထားစရာလုပ်ရပ်တစ်ချို့ ရှောင်ကျဉ်နိုင်ဖို့ ပောပြပေးချင်ပါတယ်။

(၁) အချစ်ရေးမှာကြားညှပ်ခြင်း

Source : Elite Daily

လူနှစ်ယောက်တည်ဆောက်ထားတဲ့ Relationship တစ်ခု အကြောင်းကို အပြင်လူတစ်ယောက်အနေနဲ့ အတွင်းကျကျသိနိုင်ဖို့ ခဲယဉ်းလှပါတယ်။သူငယ်ချင်းတွေရဲ့ Rs မှာပြဿနာတစ်ခုခုဖြစ်နေသည်ရှိသော် ဘယ်သူမှားတယ်မှန်တယ်ဆိုတာ သေချာမသိနိုင်တဲ့အတွက် ဝင်မပါတာကောင်းပါတယ်။ကားသုံးကြားမဝင်သင့်ဘူးဆိုတဲ့ ဆိုရိုးစကားလည်းရှိတာကြောင့် ကိုယ်သူငယ်ချင်းရဲ့ အိမ်ထောင်ရေး အချစ်ရေးကိစ္စတွေမှာ ပါဝင်ပတ်သတ်တာ ဂဂဏဏမသိပဲ ဝေဖန်တာတွေအတက်နိုင် ဆုံးရှောင်ကျဉ်သင့်ပါတယ်။

(၂) ငွေကြေးကိစ္စအရှုပ်အရှင်းရှိလာခြင်း

Source : www.sohu.com

လူကိုခင်ရင်ငွေမချေးပါနဲ့ ဆိုတဲ့စကားသိပ်မှန်ပါတယ်။ဘယ် လောက်ပဲရင်းနှီးတဲ့ဘော်ဒါတွေဖြစ်နေပါစေ အပေါင်းအသင်းကဏ္ဍမှာငွေးရေးကြေးရေးအရှုပ်အရှင်းပါလာရင်တော့ ရေရှည်ဆက်ဆံလို့ အဆင်ပြေတော့မှာမဟုတ်ပါဘူး။ဒါကြောင့်သူငယ်ချင်းအရင်းခေါက်ခေါက်တွေစီက ပိုက်ဆံချေးတာမျိုး ငွေကြေးအရှုပ်အရှင်းလုပ်မိတာမျိုးတွေ လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၃) ကုန်းဆင်းခြင်း

Source : Mirage VR

ဘယ်ဆိုင်ပဲထိုင်ထိုင်စားသောက်ပြီးလို့ ပိုက်ဆံရှင်းခါနီးတိုင်းအရူးကွက်နင်းပြီး ကုန်းဆင်းသွားတက်တဲ့သူငယ်ချင်းတွေနဲ့ကြုံဖူးပါသလား။တစ်ခါနှစ်ခါလောက် ကုန်းဆင်းသွားတယ်ဆို တာနားလည်ခွင့်လွှတ်ပေးလို့ရပေမယ့် အမြဲလိုလိုအကြောင်းပြချက် အမျိုးမျိုးနဲ့ ကုန်းဆင်းနေတဲ့သူတွေဆိုရင်တော့ ဘော်ဒါ တွေတဖြည်းဖြည်းရှောင်ဖယ်လာကြပါလိမ့်မယ်။ဒါကြောင့် ဘော်ဒါအကန့်မပျက်ချင်ရင်အမြဲတမ်း ကုန်းဆင်းခြင်းကိုရှောင် ကျဉ်ပါ။

(၄) အားနည်းကိုနောက်ပြောင်ခြင်း

Source : Depositphotos

ဘော်ဒါတွေကြားစတာနောက်တာက စိတ်ဆိုးစရာမဟုတ်ဘူး လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမယ့် တစ်ဖက်လူရဲ့ အား နည်းချက် သည်းမခံနိုင်တဲ့အရာတွေကိုတော့ ဟာသတစ်ခုအနေနဲ့ မစသင့်ပါဘူး။ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူးအပျော် သဘောနဲ့ စနောက်လိုက်ပေမယ့် တစ်ဖက်လူရဲ့ ရင်ထဲမှာခံစား ချက်ပြင်းပြင်းထန်ထန်ဖြစ်သွားနိုင်တာကြောင့် ကိုယ်သူငယ်ချင်းတွေဘော်ဒါတွေ မကြိုက်တဲ့အရာတွေကို မစနောက်မိပါစေနဲ့။