မိတ်ကပ်ပညာရှင်တွေ မိတ်ကပ်လိမ်းတဲ့အခါ အရမ်းကို နူးညက်ပြီး လှပတယ်လို့ ခံစားတတ်ကြပါတယ်။ အခုလို ဖြစ်နေတာ သူတို့မှာ လျှို့ဝှက်ချက်တွေရှိနေလို့ပါ။ မိတ်ကပ်ပညာရှင်တွေ သုံးတတ်တဲ့ လျှို့ဝှက်ချက်ကို မျှဝေပေးလိုက်ပါတယ်နော်။

ပေါင်ဒါ

ကျွန်မတို့တွေဟာ မိတ်ကပ်လိမ်းတဲ့အခါ ပေါင်ဒါပါးပါးလေးပုပ်ပြီး အဆုံးသတ်လေ့ရှိကြပါတယ်။ ပေါင်ဒါကို Mascara နဲ့အတူ မျက်တောင်မွှေးမှာ လိမ်းပေးလို့ရပါတယ်။ အဲဒီလိုလိမ်းပေးတာဟာ သင့်မျက်တောင်မွှေး ပိုထူသလို ထင်ရစေမှာဖြစ်ပါတယ်။

Balm နှုတ်ခမ်းနီ

Balm နှုတ်ခမ်းနီတွေကို နှုတ်ခမ်းနီဆိုးရုံသာမဟုတ်ဘဲ Highlighter အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။

Moisture သုံးပါ

အသားအရေလေး စိုစိုဝင်းဝင်းလေးဖြစ်စေဖို့ မိတ်ကပ်မလိမ်းခင် Moisturizer သုံးပေးသင့်ပါတယ်။ ပြီးသွားရင် Primer သုံးပေးပါ။ ပြီးရင် ဖောင်ဒေးရှင်းကိုလည်း သုံးပေးပါ။

ခြောက်သွေ့တဲ့အသားအရေကို ဖြေရှင်းပါ

အသားအရေခြောက်သွေ့တာမျိုး မဖြစ်တာအကောင်းဆုံးပါပဲ။ မျက်နှာကို အဆီဖြည့်တင်းပါ။

Bronzer သုံးပါ

Bronzer ကို သင့်မျက်နှာရဲ့ ထင်ရှားတဲ့အစိတ်အပိုင်းလေးတွေအတွက် သုံးပေးသင့်ပါတယ်။

မျက်ကွင်းညိုတာကို ဖုံးပါ

မျက်ကွင်းညိုတာကို ဖုံးပေးသင့်ပါတယ်။ အဲဒီအတွက် Concealer နဲ့အတူ နှုတ်ခမ်းနီအနီရောင်ကို မျက်လုံးအောက်နားမှာ လိမ်းပေးလိုက်ပါ။

သင့်နှုတ်ခမ်းအပြင်ဖက်ကိုပုံဖော်ပါ


နှုတ်ခမ်းသား ပုံပေါ်စေဖို့အတွက် နှုတ်ခမ်းအပြင်ဖက်လိုင်းတွေကို နှုတ်ခမ်းနီ အရောင်နည်းနည်းဖျော့တာလေးနဲ့ လိုက်ပေးပါ။

မျက်တောင်အတုတပ်ပါ

မျက်တောင်မွှေးအတုကို သေသေချာချာ ကျကျနန တပ်လို့ရပါတယ်။ ဒါဆိုရင် သင့်မျက်လုံးကိုပိုပြီး ဆွဲဆောင်မရှိစေမှာဖြစ်ပါတယ်။