မိခင်ဆိုတာ ကလေးတွေကို ဆိုဆုံးမဖို့ တာဝန်ရှိတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ဒါဟာမမှန်ပါဘူး။ သားသမီး အထူးသဖြင့် သားယောင်္ကျားလေးကို ဖခင်တစ်ယောက်က ပြုစုပျိုးထောင်တာဟာ ပိုကောင်းပါတယ်။

၁။ ပြိုင်ပွဲတစ်ခုကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုအနိုင်ယူရမလဲ၊ ရှုံးသွားရင်လည်း ဘယ်လိုပြန်ပြီးကြိုးစားရမလဲဆိုတာ သင်ပေးပါ။

ပြိုင်ပွဲတစ်ခုကို အနိုင်ရဖို့ သင်ပေးသလို တကယ်လို့ ရှုံးသွားရင်လည်း ပြန်ကြိုးစားဖို့ လဲသွားရင်လည်း ပြန်ထဖို့ သင်ပေးပါ။ တစ်ခုခုကို ဆုံးရှုံးရတာဟာ ကြောက်စရာ၊ ရှက်စရာမဟုတ်ဘူးဆိုတာကို နှလုံးသွင်းတတ်အောင်သင်ပေးပါ။

၂။ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားတတ်ဖို့ သင်ပေးပါ။

မိန်းကလေးတစ်ယောက်ကို အထင်သေးတာမျိုးမဟုတ်ဘဲ ဘယ်လို လေးလေးစားစား ဆက်ဆံရမလဲဆိုတာကို ဖခင်ဖြစ်သူက သင်ပေးသင့်ပါတယ်။ ကိုယ့်ချစ်သူကိုရော ဘယ်လိုတန်ဖိုးထား လေးစားရမလဲဆိုတာ သင်ပေးရပါမယ်။ အဲဒီလိုသင်ပေးဖို့အတွက် ကိုယ့်အနေနဲ့လည်း ချစ်ဇနီးဖြစ်သူကို ကြင်နာတာ ပန်းစည်းလက်ဆောင်ပေးတာမျိုး လုပ်ပြပါ။ မိန်းကလေးတိုင်းကို ကိုယ်ချင်းစာဖို့ ကိုယ့်နှမ ၊ အစ်မလို စိတ်ထဲထားဖို့ သင်ပေးပါ။

၃။ ယောင်္ကျားချင်း ပွင့်ပွင့်လင်းလင်း အချစ်အကြောင်းပြောတတ်အောင်သင်ပေးပါ

ယောင်္ကျားချင်းချင်း အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့ သင်ပေးပါ။ တိုင်ပင်တယ်ဆိုတာ သင့်ကို တိုင်ပင်ဖို့ပြောတာပါ။ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောပြီးရင် သူ့ဆီကအဖြေပြန်ရဖို့ အလျင်မလိုသင့်တဲ့အကြောင်း သင်ပေးရပါမယ်။

၎။ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သင်ပေးပါ

သူတို့ကို ရန်လာရှာတဲ့သူတွေ ရန်လာပြုတဲ့သူတွေကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့ ပြန်ပြီး တိုက်ခိုက် တုံ့ပြန်ရမလဲဆိုတာကို သင်ပေးပါ။ ကိုယ်ကစပြီး ရန်မပြုသင့်ကြောင်းနဲ့ တခြားသူရဲ့ အားနည်းချက်ကို လှောင်ပြောင်တာမျိုးမလုပ်ဖို့ သင်ပေးရပါမယ်။

၅။ ကမ္ဘာကြီးကို အကောင်းဖက်က မြင်တတ်ဖို့သင်ပေးပါ

သူဟာ ကမ္ဘာကြီးမှာ လူဖြစ်ရတာ ဘယ်လောက် တန်ဖိုးရှိတဲ့အကြောင်း၊ သူ့ကို သင်ဘယ်လောက်တန်ဖိုးထားကြောင်း ပြောပြပါ။

၆။ သူ့ရဲ့ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးပါ။

သူဟာ ကလေးပဲရှိသေးပေမယ့် သူ့မှာ စူးစမ်းလိုစိတ်ရှိကြပါတယ်။ အဲဒီလို စူးစမ်းလိုတဲ့ စိတ်ကို မဟန့်တားဘဲ မြေတောင်မြောက်ပေးပါ။ သင်နဲ့မတူတဲ့ အမြင်တွေရှိတာမို့ သူ့အမြင်တွေကို တန်ဖိုးထားပါ။