မနေ့က ရုပ်ရှင်အစည်းအရုံးက ဦးစီးကျင်းပတဲ့ အနုပညာရှင် သက်ကြီးပူဇော်ပွဲကို သမီးလေး နေမကောင်းလို့ မသွားနိုင်ခဲ့ဘူးလို့ သရုပ်ဆောင်သက်မွန်မြင့်က ရင်ဖွင့်ထားပါတယ်။ ဒါပေမယ့်လည်း တဖက်တလှမ်းကနေ အလှူငွေထည့်ခွင့်ရတာကြောင့် ဝမ်းသာမိတဲ့အကြောင်းလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ရင်ဖွင့်ထားပါတယ်။

ကလေးနေမကောင်းတာကြောင့် အနုပညာရှင် သက်ကြီးပူဇော်ပွဲမသွားနိုင်ခဲ့လို့ စိတ်မကောင်းဘူးလို့ ရင်ဖွင့်လိုက်တဲ့ သရုပ်ဆောင် သက်မွန်မြင့်

ဒီနေ့ ရုပ်ရှင်အစည်းအရုံးက ဦးစီးပြီးလုပ်တဲ့ အနုပညာရှင် သက်ကြီးပူဇော်ပွဲ မသွားနိုင်ခဲ့!
မနှစ်ကလည်း မီးမီးလေး ကိုယ်ဝန်နဲ့ နေမကောင်းနေခဲ့ဘူး!
ဒီနှစ်ကျတော့ မီးမီးလေး ကိုယ်ပူမကျတာ ၅ ရက်မြောက်..
သဘောကောင်းပြီး အမြဲပြုံးရွှင်နေတတ်တဲ့သူက ဂျီတွေကျလို့.. ချီထားမှ ကြာကြာအိပ်လေတော့ မချရဲ..
ဆရာမလည်း ပင်ပန်းလှပြီ
ဒီအမေချောင်းဆိုးသက်သာတော့ ချီပိုး.. သူ့အကြိုက်နေပေးရတာပေါ့
အဲ့တော့ သားသားက အငယ်လေးကို ပိုဂရုစိုက်နေလို့ အမေကိုပိုချွဲ.. ပိုကပ်
ဒီလိုနဲ့ ပဲ တစ်ရက် တစ်ရက် ကုန်သွားရော..
လှုမှုရေးလည်း မလုပ်နိုင်, အလုပ်လည်းမပြီး

အင်းးးး….ဘာပဲဖြစ်ဖြစ်လေ ချစ်ခင်လေးစားရတဲ့ သက်ကြီး အနုပညာရှင်တွေကို ကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီမိုးမကန်တော့နိုင်ခဲ့လို့ စိတ်မကောင်းပေမယ့် အလှုငွေလေးနဲ့ တထောင့်တနေရာက ပါဝင်ခွင့်ရလို့ ဝမ်းသာရပါတယ်လေ…
(သူများတွေ ကြည့်ပြီးတော့ အားကျရတာပေါ့)

(ဒါတောင် အစည်းအရုံးမှာ ကားရိုက်နေတုန်း အလှုထည့်လို့ရတယ်ဆိုတော့ လက်ထဲ ပိုက်ဆံမရှိခဲ့လို့ စိတ်မကောင်းချိန် သဘောကောင်းတဲ့ ထုတ်လုပ်သူက ကားရိုက်မပြီးသေးပဲ အနုပညာကြေး ပေးလေတော့ ပျော်ပြီး လှုတာပေါ့.. လှုခွင့်ကံပါလို့ပေါ့နော် 🙂
ချစ်ခင်လေးစားရတဲ့ အနုပညာရှင်ကြီးများကို ဒီနေရာကနေ ကန်တော့ပါတယ်နော်??????
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ