ကလေးလေးတွေအတွက် အသုံးပြုပေးရတဲ့ Baby Oil ကလူကြီးတွေအတွက်လည်း နည်းလမ်းမျိုးစုံအသုံးဝင်နေပါသေးတယ်။ တစ်ခြားမိတ်ကပ်ပစ္စည်းတွေက ကောင်းမွန်တယ်ဆိုပေမယ့်လည်း ဓာတ်မတည့်မှာကြောက်တဲ့သူတွေ၊ နည်းလမ်းအသစ်ကိုစမ်းပြီးတော့ သုံးကြည့်ချင်တဲ့သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိတ်ကပ်ဖျက်ဆေးအနေနဲ့

တစ်ခါတစ်လေမှာ ပုံမှန်မိတ်ကပ်ဖျက်ဆေးတွေက Eyeliner နဲ့ Mascara တွေကိုကောင်းကောင်း မဖျက်ပေးနိုင်ပဲ မျက်တောင်ကျွတ်တာမျိုးတွေ ရှိတတ်တာကြောင့် သေချာဖျက်ပေးနိုင်မယ့် နည်းလမ်းတွေကို မိန်းကလေးတိုင်းသိချင်နေကြတာပါ။ ဒီလိုအရာတွေကို Baby Oil ကကောင်းကောင်းဖြေရှင်းပေးနိုင်ပါတယ်။ ဖျက်ရခက်တဲ့ Eyeliner တွေ Mascara တွေကို Baby Oil လေးနဲ့ပွတ်ပြီးဖျက်ပေးရင် အန္တရာယ်လည်းကင်းပြီး မိတ်ကပ်တွေကိုလည်းသန့်စင်သွားစေပါတယ်။

ဆံပင်ပုံသွင်းမယ်ဆိုရင်

Baby Oil ကဆံပင်တွေ ခြောက်သွေ့ကြမ်းတမ်းပြီး ဖွာထွက်နေတာတွေကို လျော့နည်းစေပြီး ဆံပင်ပုံသွင်းတဲ့အခါမှာလည်း အရမ်းကိုအသုံးဝင်ပါတယ်။ ဆံပင်ကိုအကောက်လေးတွေ လုပ်ချင်တယ်ဆိုရင်တော့ Baby Oil နဲ့အဆင်မပြေပေမယ့် ဆံသားကိုဖြောင့်စင်းနေတဲ့ ပုံစံမျိုးလိုချင်တယ်ဆိုရင်တော့ Baby Oil အနည်းငယ်ကိုဆံသားမှာလိမ်းပေးပြီး ပုံသွင်းပေးမယ်ဆိုရင်တော့ ဖြောင့်စင်းပြီးသပ်ရပ်တဲ့ဆံပင်ပုံစံမျိုးကို ရရှိမှာပဲဖြစ်ပါတယ်။

မျက်နှာအစိုဓာတ်ရရှိဖို့

ညဘက်တွေမှာ Skin Care တွေလုပ်ရတာလည်း မိန်းကလေးတွေရဲ့ အလုပ်ကိစ္စတစ်ခုလိုပါပဲ။ မျက်နှာသစ်ပြီးသွားတဲ့အချိန်မှာ မျက်နှာပေါ်ကရေဓာတ်တွေ မခမ်းခြောက်သွားစေဖို့ Baby Oil လေးလိမ်းပြီး မျက်နှာအသားအရေကို အစိုဓာတ်ထိန်းထားပေးလို့ရပါတယ်နော်။

လှပတဲ့ခြေထောက်

အတိုလေးတွေဝတ်တဲ့အချိန်မှာ ခြေထောက်လေးတွေက အပြစ်အနာဆာမရှိပဲ လှပနေဖို့က လိုအပ်တဲ့အရာပါပဲ။ အပြင်တွေကိုသွားဖို့ အဝတ်အစားကိုအတိုဝတ်ဖို့ ရွေးချယ်လိုက်ပြီဆိုရင်တော့ မလိုအပ်တဲ့အမွှေးအမျှင်တွေကို ဖယ်ရှားပြီး ခြေထောက်လေးကိုပြောင်ပြောင်လေးဖြစ်နေစေဖို့ဆိုရင် Baby Oil အနည်းငယ်ကိုခြေထောက်မှာ ပွတ်ပြီးတော့လိမ်းပေးလို့ရပါတယ်နော်။

ဒီနည်းလမ်းလေးတွေကတော့ နေ့စဉ်ဖြတ်သန်းရတဲ့အချိန်တွေမှာ အထောက်အကူပြုနေဖို့အတွက် သိထားရမယ့်အရာတွေဖြစ်ပြီး Baby Oil ကလည်း ကိုယ့်ရဲ့အလှအပအတွက် အရေးပါနေတယ်ဆိုတာကို မှတ်ထားဖို့လိုပါတယ်နော်။

Photo Source: Pinterest