လေဆိပ်တွေက နိုင်ငံတစ်နိုင်ငံရဲ့ ခမ်းနား ကြွယ်ဝမှုကို ပြသနေတယ်လို့ ပြောရမှာပါဘဲ။ အရာတိုင်းမှာ First Impression က အရေးကြီးတာကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ လေဆိပ်တွေကလည်း နိုင်ငံကို ခြေချခါစ ကမ္ဘာလှည့် ခရီးသည်တွေ နိုင်ငံကိုအထင်ကြီး လေးစားနိုင်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး လေဆိပ်များအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ဂျွန် အက်ဖ် ကနေဒီ နိုင်ငံတကာ လေဆိပ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာတည်ရှိတဲ့ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်ဖြစ်ပါတယ်။ လေဆိပ်အဟောင်းကို ပြန်လည်ပြုပြင်ထားတာဖြစ်ပြီး အတွင်းပိုင်း လှေကားပုံစံတွေက ဆန်းသစ်လှပါတယ်။

ဘေဂျင်း နိုင်ငံတကာ လေဆိပ်

တရုတ်နိုင်ငံမှာရှိတဲ့ ပထမဆုံး ဆောက်လုပ်တဲ့ လေဆိပ်ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာတည်ရှိပြီး အပြင်ပိုင်း အဆောက်အအုံတွေကို နဂါးပုံစံတည်ဆောက်ထားပြီး အတွင်းပိုင်းမှာတော့ ဆောင်းတွင်းမှာရှိတဲ့ ဥယျာဉ်ပုံစံမျိုး တည်ဆောက်ထားပါတယ်။ တရုတ် ရိုးရာ ထုံးလမ်းဓလေ့တွေ ဆင်မြန်းနေတဲ့ လေဆိပ်တစ်ခုလည်းဖ်ြစပါတယ်။ လေဆိပ်တင်မကဘဲ တရုတ်ရိုးရာ ယဉ်ကျေးမှု ပြတိုက်တစ်မျိုးလည်းဖြစ်နေပါတယ်။

Denver နိုင်ငံတကာ လေဆိပ်

အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတဲ့ Denver နိုင်ငံတကာ လေဆိပ်ဖြစ်ပါတယ်။ အဲ့ဒီ လေဆိပ်ကို ဆောက်တုန်းက မြေကြီးတွေ အများကြီး ဖယ်ထုတ်နေတာကြောင့် အဲ့ဒီလေဆိပ်အောက်ထပ်မှာ လျှို့ဝှက်ခန်းတွေ အများကြီးရှိနေပေမယ့် လူတွေက ယူဆနေကြပါတယ်။ အဲ့ဒီ ယူဆချက်နဲ့အတူ မြောက်မြားလှစွာသော ကောလဟာလတွေကလည်း ထွက်နေဆဲပါ။

Kensai နိုင်ငံတကာ လေဆိပ်


ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ Kensai နိုင်ငံတကာ လေဆိပ်ဖြစ်ပါတယ်။ ရေတစ်ပိုင်း ကုန်းတစ်ပိုင်းမှာ တည်ဆောက်ထားတဲ့ လေဆိပ်ဖြစ်ပြီး ကုန်းပေါ်မှာရှိတဲ့ လေဆိပ်နဲ့ ဆက်သွယ်ဖို့ လေယာဉ်ပြေးလမ်းကို ရေထဲမှာ တံတား အကြီးကြီး ထိုးပြီး တည်ဆောက်ထားပါတယ်။ အဲ့ဒီ Sky Gate Bridge R က ပေ ၁ သောင်း ၂ ထောင်ကျော်ရှည်ပါတယ်။ Kensai နိုင်ငံတကာ လေဆိပ်က ၂၀ ရာစုရဲ့ အင်ဂျင်နီယာထွန်းကားမှုကိုလည်း ညွှန်းဆိုပြနေပါတယ်။

ဒူဘိုင်း နိုင်ငံတကာ လေဆိပ်

UAE မှာရှိတဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ဖြစ်ပါတယ်။ လေဆိပ်ထဲမှာ တကယ့် ထန်းပင်တွေစိုက်ထားပါတယ်။ လေဆိပ်ရဲ့ Terminal 1 မှာ တဲလေးတွေ တည်ဆောက်ထားပြီး အဲ့ဒီ တဲထဲမှာ အိပ်ယာ၊ မြန်နှုန်းမြင့် အင်တာနက်နဲ့ တီဗီတို့လည်း ပါရှိပါတယ်။

Samui နိုင်ငံတကာ လေဆိပ်

ထိုင်းနိုင်ငံမှာရှိတဲ့ Samui နိုင်ငံတကာလေဆိပ်ဖြစ်ပါတယ်။ တခြား လေဆိပ်တွေလို ခေတ်မီပုံစံမျိုး ၊ အဆောက်အအုံကြီးကြီးမားမား နဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ ထိုင်းရိုးရာဓလေ့ အဆောက်အအုံပုံစံလေးတွေနဲ့ တည်ဆောက်ထားတာကြောင့် တမူထူးခြားပါတယ်။ နိုင်ငံထဲမှာ အလုပ်အများဆုံး ၆ ခုမြောက် လေဆိပ်ဖြစ်ပါတယ်။

Princess Juliana လေဆိပ်

ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ စိန့် မာတန် နိုင်ငံမှာတည်ရှိတဲ့ Princess Juliana လေဆိပ်ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းက ကမ်းခြေနဲ့ နီးတာကြောင့် ကမ်းခြေပေါ်မှာ နိမ့်နိမ့်လေး ဖြတ်ပျံရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့နိုင်ငံဖြစ်နေပါတယ်။