မိန်းကလေးတစ်ယောက်ရဲ့အသားအရေဆိုတာ  ကောင်းမွန်ကြည်လင်ပြီးလှပနေမှလည်း ပိုပြီးလှပတယ်လို့မြင်ရစေမှာပါ။ ရုပ်ရည်လေးကချောမောနေပြီး မျက်နှာအသားအရေမှာ အပြစ်အနာဆာတွေ၊ အသားအရေမကောင်းတာမျိုးတွေဖြစ်နေရင်လည်း အဆင်မပြေဘူးလေ။

လူတစ်ယောက်လှတယ်မလှဘူးဆိုတာ အသားအရေကောင်းတာ၊ မကောင်းတာနဲ့လည်း အများကြီးသက်ဆိုင်နေတာဆိုတော့ အသားအရေနဲ့ပတ်သက်ပြီး ညဘက်မှာဂရုတစိုက်နဲ့ လုပ်ပေးသင့်တာကတော့ Night Cream ကို ဂရုတစိုက်နဲ့လိမ်းပေးတာပါပဲ။

ဘာကြောင့် Night Cream ကိုအသုံးပြုသင့်တာလဲ

အသားအရေဆိုတာ ကောင်းကောင်းဂရုစိုက်ပေးနိုင်မှ ကျန်းမာပြီးလှပမှုတွေကို ရရှိမှာပဲဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ လိမ်းထားတဲ့မိတ်ကပ်တွေကို သေချာပြောင်စင်အောင်ဖျက်ပေးပြီး Night Cream ကိုလည်းသေချာလိမ်းပေးမယ်ဆိုရင်တော့ အသားအရေကိုကောင်းမွန်လာစေမှာပါ။ Night Cream ကသင့်အသားအရေအတွက် လိုအပ်တဲ့ Collagen တွေကို တိုးလာအောင်လုပ်ပေးနိုင်တာကြောင့် အသားအရေအတွက် ကောင်းကျိုးတွေ အများကြီးရရှိစေမှာပဲဖြစ်ပါတယ်။

ဝယ်ယူတော့မယ်ဆိုရင် ဘာတွေကိုသိထားသင့်လဲ

Night Cream ကိုဝယ်တော့မယ်ဆိုရင် လိုအပ်တာကတော့ အရည်အသွေးကောင်းတဲ့ Night Cream မျိုးကိုဝယ်ယူဖို့နဲ့ နောက်ထပ်လိုအပ်တဲ့အရာကတော့ စမ်းကြည့်ဖို့ပါ။ ဆိုင်မှာသွားဝယ်ပြီဆိုရင် သင်သုံးချင်တဲ့ Night Cream ကိုလက်ပေါ်မှာအရင်ဆုံးလိမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါးရှိမရှိ စမ်းသပ်ကြည့်ပါ။

လိမ်းလိုက်တဲ့အခါမှာ ထူထူကြီးဖြစ်နေမယ်ဆိုရင် မယူသင့်ပါဘူး။ Night Cream တိုင်းက ပေါ့ပေါ့ပါးပါးပဲလိမ်းရမှာဖြစ်တဲ့အတွက်ကြောင့် ထူထူကြီးဖြစ်တာမျိုးကိုလိမ်းနေမယ်ဆိုရင် အိပ်ပျော်နေတဲ့အချိန်မှာ အလုပ်လုပ်တဲ့ ချွေးပေါက်တွေကိုပိတ်ဆို့မှုတွေဖြစ်ပြီး အသားအရေကို ပျက်စီးတာတွေဖြစ်စေပါတယ်နော်။

အသုံးပြုရမယ့်နည်းလမ်း

ပျိုမေတို့ရဲ့ ညဘက်အိပ်ခါနီးအချိန်တွေမှာ မျက်နှာပေါ်မှာရှိနေတဲ့ မိတ်ကပ်တွေကို ပြောင်စင်အောင်ဖျက်ပေးပြီး မျက်နှာကိုသေချာသန့်စင်ပေးလိုက်ပါ။ မျက်နှာသစ်ပေးပြီး မျက်နှာလည်းကောင်းကောင်းသန့်စင်သွားပြီဆိုရင် Night Cream ကို လက်ထဲအနည်းငယ်ထည့်ပေးပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံပွတ်ပြီး ညင်ညင်သာသာလိမ်းပေးရုံပါပဲ။

ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့

Night Cream ကိုပုံမှန်လေး ဂရုစိုက်ပြီးလိမ်းပေးမယ်ဆိုရင် အရေးအကြောင်းတွေကို လျော့နည်းလာစေမှာပဲဖြစ်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ဓာတ်တွေကို ဖြည့်တင်းပေးနိုင်တာကြောင့် အသားအရေကို သိသိသာသာကြည်လင်လာစေပြီး၊ နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်လာရစေမှာပဲဖြစ်ပါတယ်။ အမြဲတမ်းပုံမှန်လိမ်းပေးလာမယ်ဆိုရင်တော့ အပြစ်အနာဆာကင်းပြီး ကြည်လင်ချောမွေ့တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

ပျိုမေတို့ရဲ့အသားအရေကောင်းမွန်ပြီးလှပဖို့အတွက်ဆိုရင် Night Cream ကိုလည်းပုံမှန်သုံးပေးဖို့ လိုအပ်တာကြောင့် ပျိုမေတို့ရဲ့တစ်နေ့တာ အသားအရေထိန်းသိမ်းမှုထဲမှာ Night Cream ကိုလည်းထည့်ထားပေးသင့်ပါတယ်နော်။

Featured Image Source: freepik.com