သင့်ချစ်သူကို မေးခွန်းဘယ်လောက်များများ ထုတ်ဖူးပါသလဲ။ ကိုယ်မေးခွန်းထုတ်လိုက်တာကိုကော သူဘယ်နှစ်ကြိမ်လောက် စိတ်ရှည်လက်ရှည် ပြန်ဖြေဖူးပါသလဲ။

မေးခွန်းထုတ်တယ်ဆိုတာ မကောင်းတာတော့မဟုတ်ပေမယ့် သင့်ချစ်သူကောင်လေး သင့်ကို မမေးစေချင်တဲ့ မေးခွန်းတွေရှိပါတယ်။

၁။ ရည်းစားဟောင်းကဘယ်လိုပုံမျိုးလဲ

အို့ အို….။ သင့်ချစ်သူကိုမှမဟုတ်ဘူး။ သင့်ကိုလည်း အဲဒီလိုမေးခွန်းမျိုးမေးလာရင် သင်ဖြေချင်မယ်လို့ မထင်ပါဘူးနော်။ ဒီလိုမေးခွန်းမျိုးကို သင့်ချစ်သူကောင်လေးအပေါ် မမေးသင့်ပါဘူး။ အတိတ်ဆိုတာ အတိတ်မှာကျန်ခဲ့ပါပြီ။ အဲဒီတစ်ယောက်ကိုသာ သူတကယ်ချစ်ခဲ့ရင် သင့်ကိုရှာတွေ့မှာမဟုတ်ဘူးလို့ပဲ သင်ခံယူထားလိုက်ပါ။

၂။ လာမယ့် ၅ နှစ်အတွင်း ငါတို့နှစ်ယောက် ဘာတွေဖြစ်နေကြမလဲ

အခုမှ ချစ်သူစဖြစ်တဲ့သူတစ်ယောက်ကို အဲဒီလို အနာဂတ်နဲ့ဆိုင်တဲ့မေးခွန်းမျိုး မေးတာကိုတော့ မလုပ်သင့်ပါဘူး။ ဒါပေမယ့် သူနဲ့ကိုယ် တစ်သက်လုံး လက်တွဲဖို့သေချာသွားပြီဆိုရင်တော့ မေးသင့်တဲ့မေးခွန်းတစ်ခုပါ။

၃။ ကို့မိဘတွေနဲ့ ဘယ်အချိန်ဆုံခွင့်ရမလဲ

ဒါဟာ ချစ်သူနှစ်ဦးကြားမှာ အရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲ။ ဒါပေမယ့် အဲဒီမေးခွန်းမမေးခင် သူနဲ့ သူ့အိမ်ရဲ့ ဆက်ဆံရေးဘယ်လိုရှိသလဲ။ သူတို့မိသားစုက broken family လားဆိုတာ သေချာလေ့လာပါ။ သူကစပြီးဖိတ်ခေါ်မှ သွားတာကောင်းပါတယ်။

၎။ ကလေးလိုချင်လား

လက်ထပ်ပြီးလို့ အတူနေကြရင်တော့ ဒီမေးခွန်းဟာ သိပ်မဆန်းကျယ်လှပေမယ့် အခုမှ ချစ်သူစဖြစ်တဲ့ ကိုယ့်ချစ်သူကို ဒီလိုမေးခွန်းမျိုး မမေးသင့်ပါဘူး။ သင့်ကို ဘယ်လိုကြီးပါလိမ့်လို့ တွေးထင်သွားပါလိမ့်မယ်။

၅။ သူလှတယ်လို့ ရှင်ထင်လား

သင့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက် (သို့) သူ့အလုပ်က အသိမိတ်ဆွေသူငယ်ချင်းကောင်မလေးတစ်ယောက်ယောက်ကို သူလှတယ်လို့ ရှင်ထင်လား။ သူ့ကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းမျိုး မမေးသင့်ပါဘူး။ တခြားသူလှတယ်၊ ဆွဲဆောင်မှုရှိတယ်ဆိုတာ သူရှာတွေ့သွားရင် သူသင့်ကို ဘာလို့ ချစ်နေတော့မှာလဲ။

၆။ ရှင့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ

ငွေးကြေးကိစ္စဆွေးနွေးတာမျိုးဟာ သင်တို့နှစ်ယောက် အရမ်းရင်းနှီးသွားပြီးမှ ဆွေးနွေးတာမျိုး ဖြစ်သင့်ပါတယ်။ ဒါပေမယ့် သူ့ကို ငွေကြေးနဲ့ပတ်သက်တဲ့ မေးခွန်းကို မေးလိုက်ခြင်းအားဖြင့် သင်တို့နှစ်ယောက်ကြားမှာ ငွေဆိုတဲ့ စည်းလေးတစ်ခု ခြားသွားစေပါတယ်။ ယောင်္ကျားလေးတွေဟာ အမှီခိုခံချင်ကြသူတွေပါ။ သင့်ကို ဖေးမချင်ကြတဲ့သူတွေ၊ ကြင်နာချင်ကြတဲ့သူတွေဖြစ်ပြီး အားကိုးခံချင်တဲ့သူတွေဖြစ်ပါတယ်။ ဆိုင်မှာထိုင်လို့ သင်က ပိုက်ဆံရှင်းရင်တောင် သူတို့တွေက မကြိုက်ကြပါဘူး။