အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အကြိုက်ဆုံး မဟုတ်ဘဲ အကြောက်ဆုံး ဝင်ပေါက်တစ်ခုကို ရွေးချယ်ရမှာပါ။

၁။ ဒီပုံကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့ အရှိအတိုင်းကို နားလည်လက်ခံနိုင်ပြီး သင့်ကိုယ်သင် လက်ခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သင်ဟာ တစ်ခုခုမှားသွားရင်လည်း စိုးရိမ်မှုသိပ်မရှိပါဘူး။ တစ်ယောက်တည်းကျန်ခဲ့မှာ ဝမ်းနည်းနေရာမှာကိုတော့ သင်ကြောက်ရွံ့နေတတ်ပါတယ်။

၂။ ဒီပုံလေးကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင့်စိတ်ထဲမှာ အမှောင်တစ်ခုဖြစ်နေပြီဆိုတဲ့ လက္ခဏာရပ်ပါပဲ။ ဆိုလိုတာက သင့်စိတ်ကို အနားပေးဖို့ ရှင်းလင်းဖို့လိုပါတယ်။ သင့်လက်၇ှိအခက်အခဲတွေကို တခြားသင်ယုံကြည်ရတဲ့သူကို ပြောပြလိုက်ပါ။ အမှောင်ပြီးရင် အလင်းလာပါလိမ့်မယ်။

၃။ ဒီရေတွင်းပျက်ပုံလေးကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ တစ်ယောက်ယောက်က သင့်ကိုလာပြီးကယ်တင်ဖို့ စောင့်ဆိုင်းနေပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့။ အသစ်အသစ်ကိုသင်ယူပါ။ သင့်ဘဝကို ပျော်ရွှင်အောင်နေထိုင်လိုက်ပါနော်။

၎။ ဒီဝင်ပေါက်လေးက သင်အကြောက်ဆုံးဆိုရင်တော့ သင်ဟာ သင့်မိသားစုနား၊ သင့်အလုပ်နားမှာ နေရတာ သက်သောင့်သက်သာရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်က အပြင်က ဗဟုသုတတွေကို သင်ယူဖို့ အချိန်ပါပဲ။ သင်ဟာသင့်ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေနေပါတယ်။

၅။ အဆောက်အဦးအပျက်ထဲကိုဝင်ရမှာကြောက်တဲ့သူကတော့ သင်ဟာ သန်မာပြီး ခွဲခြမ်းစိတ်ဖြာနိုင်မှု အားကောင်းတဲ့သူပါ။ ဘဝကို ဘဝလို့ ခံယူထားတဲ့သူဖြစ်ပါတယ်။ သင်ဟာ ကိုယ်ကျင့်တရားကောင်းမွန်သို သင့်ပတ်ဝန်းကျင်က သူတွေကိုလည်း သင်ပြုမူသလို ပြုမူဖို့ မျှော်လင့်တတ်ပါတယ်။ သင်ဟာလက်ရှိမှာ သင့်စိတ်ကျေနပ်မှုတစ်ခုကို ရှာဖွေနေပါတယ်။ သင့်ခံစားချက်နဲ့ ပတ်သက်လို့ တစ်ယောက်ယောက်ကို ပြောဆို ဆက်သွယ်ချင်နေတယ်။

၆။ ဒီလိုအိမ်က သင့်ကိုကြောက်နေသလား။ သင်ဟာ စိတ်သဘောထားကြီးတယ်၊ ကြင်နာတတ်တယ်။ ယုံကြည်ရတဲ့သူဖြစ်ပါတယ်။ သင်ချစ်တဲ့သူကို ကာကွယ်ပေးချင်တယ်။ သူတို့လိုချင်တာ ဖြည့်ဆည်းပေးချင်တယ်။

သင်မလုပ်ပေးနိုင်ဘူးဆိုရင် သင်အရမ်းကို ကြေကွဲရတတ်ပါတယ်။

၇။ လှေကားထစ်တွေကိုကြောက်တဲ့သူ စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာပြည့်နေတဲ့ ဘဝကို ဆာလှောင်နေသူဖြစ်ပါတယ်။ ဒီလှေကားထစ်တွေကနေ သင်မသိတဲ့နေရာကို ဆင်းသွားရင် အနိုင်ကျင့်တာမျိုးခံရတတ်တယ်လို့ ပြသနေပါတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်ချေရှိပါတယ်။ သင့်ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပါ။ မကောင်းတဲ့အကျင့်တွေကိုဖျောက်ပစ်ပါ။

၈။ ဒီအပြာရောင် တံခါးကြီးကြီးကိုကြောက်တယ်ဆိုရင် သင်ဟာ ဇွဲကောင်းဖို့လိုပါတယ်။ ဇွဲကောင်းရင် သင့်ပန်းတိုင်ကို ရောက်မှာသေချာပါတယ်။ ဒါပေမယ့် တခါတလေမှာလည်း ပန်းတိုင်ကိုရောက်ဖို့ခက်ခဲတတ်ပါတယ်။ ကျောက်တုံးလေးတွေကတော့ ကာလရှည်ကြာတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

Source: www.brightside.me

By: MyStyle Myanmar