[Zawgyi]

အိမ္မွာေနရင္းနဲ႔ပဲ ထူထူေလးနဲ႔လွပတဲ့ ဆံသားေတြကိုပိုင္ဆိုင္ခ်င္ၿပီလား။ မိန္းကေလးတိုင္းရဲ႕ ျဖစ္ခ်င္တဲ့ ဆႏၵေတြထဲမွာ ဆံသားထူၿပီးလွပတာကလည္း ပါဝင္ေနတယ္ဆိုတာေတာ့ အမွန္ပါပဲေနာ္။ ဆံသားေလးေတြက ႏူးညံ့ေတာက္ေျပာင္ၿပီး ထူထူေလးလွေနဖို႔ဆိုတာက ေတာ္ေတာ္ေလးကိုဂ႐ုစိုက္ ျပင္ဆင္ႏိုင္မွရမွာပါ။ Hair Salon ေတြကိုသြားၿပီး အကုန္အက်ခံၿပီး အလွေတြျပင္ေနစရာမလိုေတာ့ပဲ အိမ္မွာေနရင္းနဲ႔ပဲ ျပင္ဆင္လို႔ရမယ့္ ထိေရာက္တဲ့နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့ ဂ်င္းနဲ႔ အုန္းဆီတို႔ပဲျဖစ္ပါတယ္။ ပါဝင္ပစၥည္းကလည္း အိမ္မွာပဲအလြယ္တကူရွိႏိုင္တဲ့ ပစၥည္းဆိုေတာ့ ပ်ိဳေမတို႔လည္းလုပ္ရတာ မခက္ခဲေတာ့ဘူးေပါ႔။ ဂ်င္းအနည္းငယ္ေလာက္ကို အခြံေတြေသခ်ာႏႊာၿပီး ေသးေသးေလးေတြျဖစ္သြားေအာင္လွီးေပးလိုက္ပါ။ ပန္းကန္လံုးတစ္လံုးထဲကို အုန္းဆီေတြထည့္ထားေပးရမွာပဲျဖစ္ပါတယ္။

တကယ္လို႔အုန္းဆီေတြက ခဲေနမယ္ဆိုရင္ေတာ့ အရည္ျဖစ္သြားေအာင္ေစာင့္ေပးဖို႔လိုပါတယ္။ မီးေပၚတင္ၿပီးအပူေပးလိုက္တာတို႔၊ Microwave ထဲထည့္တာမ်ိဳးေတြကို ေရွာင္ပါ။ ဒီလိုမ်ိဳးအပူေပးၿပီး လုပ္တာေတြက အုန္းဆီမွာပါဝင္ေနတဲ့ အက်ိဳးရွိတဲ့ရလဒ္ေတြကို ေလ်ာ့နည္းသြားေစႏိုင္ပါတယ္ေနာ္။

ဂ်င္းေတြကိုညစ္ၿပီးရလာတဲ့အရည္ကို အုန္းဆီနဲ႔ေရာၿပီး Spray ဘူးလြတ္ထဲကိုေျပာင္းၿပီးထည့္ထားေပးလိုက္ပါ။ ေနေရာင္နဲ႔တိုက္႐ိုက္ထိေတြ႔တာကို ေရွာင္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းထားေပးလို႔လည္းရပါတယ္။ သင္သံုးေတာ့မယ့္အခ်ိန္မွာ ခဲေနခဲ့မယ္ဆိုရင္ ေရေႏြးဇလံုထဲကို ပုလင္းစိမ္ထားၿပီး အရည္ေပ်ာ္လာတာကိုေစာင့္ၿပီး အသံုးျပဳေပးလို႔ရပါတယ္။

ဂ်င္းက သင့္ဆံသားေတြကို သန္မာလာၿပီး ေတာက္ေျပာင္ေနေစဖို႔ကူညီေပးႏိုင္ၿပီး အုန္းဆီကေတာ့ သင့္ဆံသားေတြကိုမည္းနက္ၿပီး ႏူးည့ံလာေစဖို႔အေထာက္အကူျပဳေနပါတယ္ေနာ္။ ဒီအဆီေလးကိုေန႔တိုင္းလိမ္းေပးၿပီး ဆံသားေတြကိုဂ႐ုစိုက္ေပးမယ္ဆိုရင္ေတာ့ က်န္းမာၿပီးသန္စြမ္းတဲ့ဆံသားေတြကို အခ်ိန္တိုအတြင္းမွာ ပိုင္ဆိုင္လာရေစမွာပဲျဖစ္ပါတယ္။

Photo Source: Pexels

[Unicode]

အိမ်မှာနေရင်းနဲ့ပဲ ထူထူလေးနဲ့လှပတဲ့ ဆံသားတွေကိုပိုင်ဆိုင်ချင်ပြီလား။ မိန်းကလေးတိုင်းရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေထဲမှာ ဆံသားထူပြီးလှပတာကလည်း ပါဝင်နေတယ်ဆိုတာတော့ အမှန်ပါပဲနော်။ ဆံသားလေးတွေက နူးညံ့တောက်ပြောင်ပြီး ထူထူလေးလှနေဖို့ဆိုတာက တော်တော်လေးကိုဂရုစိုက် ပြင်ဆင်နိုင်မှရမှာပါ။ Hair Salon တွေကိုသွားပြီး အကုန်အကျခံပြီး အလှတွေပြင်နေစရာမလိုတော့ပဲ အိမ်မှာနေရင်းနဲ့ပဲ ပြင်ဆင်လို့ရမယ့် ထိရောက်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျင်းနဲ့ အုန်းဆီတို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းကလည်း အိမ်မှာပဲအလွယ်တကူရှိနိုင်တဲ့ ပစ္စည်းဆိုတော့ ပျိုမေတို့လည်းလုပ်ရတာ မခက်ခဲတော့ဘူးပေါ့။ ဂျင်းအနည်းငယ်လောက်ကို အခွံတွေသေချာနွှာပြီး သေးသေးလေးတွေဖြစ်သွားအောင်လှီးပေးလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲကို အုန်းဆီတွေထည့်ထားပေးရမှာပဲဖြစ်ပါတယ်။

တကယ်လို့အုန်းဆီတွေက ခဲနေမယ်ဆိုရင်တော့ အရည်ဖြစ်သွားအောင်စောင့်ပေးဖို့လိုပါတယ်။ မီးပေါ်တင်ပြီးအပူပေးလိုက်တာတို့၊ Microwave ထဲထည့်တာမျိုးတွေကို ရှောင်ပါ။ ဒီလိုမျိုးအပူပေးပြီး လုပ်တာတွေက အုန်းဆီမှာပါဝင်နေတဲ့ အကျိုးရှိတဲ့ရလဒ်တွေကို လျော့နည်းသွားစေနိုင်ပါတယ်နော်။

ဂျင်းတွေကိုညစ်ပြီးရလာတဲ့အရည်ကို အုန်းဆီနဲ့ရောပြီး Spray ဘူးလွတ်ထဲကိုပြောင်းပြီးထည့်ထားပေးလိုက်ပါ။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာကို ရှောင်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပေးလို့လည်းရပါတယ်။ သင်သုံးတော့မယ့်အချိန်မှာ ခဲနေခဲ့မယ်ဆိုရင် ရေနွေးဇလုံထဲကို ပုလင်းစိမ်ထားပြီး အရည်ပျော်လာတာကိုစောင့်ပြီး အသုံးပြုပေးလို့ရပါတယ်။

ဂျင်းက သင့်ဆံသားတွေကို သန်မာလာပြီး တောက်ပြောင်နေစေဖို့ကူညီပေးနိုင်ပြီး အုန်းဆီကတော့ သင့်ဆံသားတွေကိုမည်းနက်ပြီး နူးညံ့လာစေဖို့အထောက်အကူပြုနေပါတယ်နော်။ ဒီအဆီလေးကိုနေ့တိုင်းလိမ်းပေးပြီး ဆံသားတွေကိုဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျန်းမာပြီးသန်စွမ်းတဲ့ဆံသားတွေကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်လာရစေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels