လိုက်လို့ကို မမီတော့ပါဘူး။ သံပရာသီးကို ရေနွေးနဲ့စိမ်သောက်ရင် ဝိတ်ကျတယ်ပြောလို့ လိုက်သောက်ရတဲ့ သံပရာရည်ကလည်မနည်းပါဘူး။ နောက်တစ်ဆင့်မြင့်လို့ သံပရာရည်ထဲ ပူစီနံနဲ့ သခွားသီးပါထည့်ပြီး Detox water အနေနဲ့သောက်မယ်ဆိုရင် ဝိတ်ကျမယ်ဆိုလို့ သောက်ကြည့်ပါသေးတယ်။ ရလဒ်ကလည်း အထိုက်အလျောက်တော့ကောင်းကြပါတယ်။

ဒီတစ်ခါတော့ ဝိတ်ကျချင်ကြသူတွေကြားမှာ ခေတ်စားနေတဲ့ အမဲရောင်သံပရာရည်အကြောင်း ပြောပြပေးချင်ပါတယ်။ လိုက်လုပ်ရလည်းလွယ်လို့ သဘောကျလောက်မယ်ထင်ပါတယ်။

Source: Health Expert Group

ဘာလို့သံပရာရည်က အမဲရောင်ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကတော့ သန့်စင်ပြီးသား မီးသွေးမှုန့် (Activated charcoal) ကြောင့်ပါပဲ။ သန့်စင်ပြီးသား မီးသွေးမှုန့် (Activated charcoal) ကိုတော့ ပန်းစိုက်ရာမှာ အသုံးပြုတဲ့ ကာဗွန်ဓာတ်ထည့်ထားတဲ့ အပင်အရွက်တစ်မျိုးရယ်၊ အုန်းခွံရယ်၊ သစ်သားတွေရယ်နဲ့ ပေါင်းပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Source: The Independent

ပါဝင်ပစ္စည်းအပြည့်အစုံကတော့ သံပရာသီး၊ ရေ၊ နှင်းရည် (သို့) သကာရည်နဲ့ သန့်စင်ပြီးသား မီးသွေးမှုန့်တို့ပဲ ဖြစ်ပါတယ်။ ၎င်း သံပရာရည်ဟာ ခန္တာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှင်းပေးနိုင်တဲ့ Detox juice အနေနဲ့သောက်လို့ရတဲ့အပြင် ဝိတ်ကျဖို့လည်း အထောက်အကူပြုပါသေးတယ်။ နောက်ထပ် ၎င်းသံပရာရည်ကို သောက်တာများပြီး Hangover ဖြစ်နေတဲ့အခါမျိုးမှာလည်း သောက်လို့ရပါသေးတယ်။

ပြုလုပ်နည်းကတော့ ရေတစ်ခွက်ရဲ့ (၄) ပုံ (၁) ပုံ၊ သံပရာသီး (၂) လုံး၊ မီးသွေးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ပျားရည်နည်းနည်းတို့ကို အရင်ရောပေးလိုက်ပါ။ အရသာ ပိုကောင်းချင်ရင်တော့ ဆားလေးတစ်မှုန့်၊ နှစ်မှုန့်လောက်ထည့်လို့ရပါတယ်။ ပြီးရင်တော့ ရေခွက်တစ်ခွက်စာရေထည့်လောင်းထည့်ပြီး သံပရာရည်သောက်သလို သောက်သုံးနိုင်ပါပြီ။

Featured image source: Pinterest