လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ပျက်အားငယ်ပြီး စိတ်ဓာတ်ကျနေပြီလား။ လူတိုင်းမှာ တစ်နေ့နဲ့ တစ်နေ့ မတူညီတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ သင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အဓိက အရင်းအမြစ်က ဘာ့ကြောင့်လဲဆိုတာ သင် သိပါသလား။

ခဏတာစိတ်ညစ်ပြေသွားအောင် အခုဖော်ပြပေးမယ့် ဂိမ်းလေး ဆော့ကြည့်လိုက်ရအောင်။

အခုဖော်ပြပေးမယ့် ပုံကို လျှပ်တစ်ပြက်ကြည့်ရင်း အရင်ဆုံးမြင်ရတဲ့ တိရိစ္ဆာန်အမျိုးအစားကို မှတ်ထားလိုက်ပါ။ ပြီးရင်တော့ သင် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ သူ့အတွက် ဖြေရှင်းနည်းတွေကို ဖော်ပြပေးနိုင်ပါတယ်။

အရိပ်ထဲက ကျားသစ်

အရိပ်ထဲက ကျားသစ်ကို အရင်ဆုံးမြင်တာဆိုရင် သင်က အချစ်ရေးမှာ ပြဿနာတက်နေတာပါ။ ကိုယ့်ချစ်သူနဲ့ ဆက်သွယ်မှုကင်းမဲ့ဇုန်ထဲရောက်နေသလို ခံစားရပြီး ထိုကိစ္စကြောင့်ပဲ စိတ်ဖိစီးနေတာပါ။ သင့်ရဲ့ အချစ်ရေး ပြန်လည်အဆင်ပြေချင်တယ်ဆိုရင် သင်တို့ ချစ်သူစဖြစ်ခါစ အချိန်ကို ပြန်လည်ပုံဖော်ကြည့်လိုက်ပါ။ ပြီးရင် နှစ်ဦးသား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးလိုက်ပါ။

ခြင်္သေ့

ခြင်္သေ့ကို အရင်ဆုံးမြင်တယ်ဆိုရင် သင့်ပုခုံးပေါ်မှာ ထမ်းထားရတဲ့ တာဝန်ဝတ္တရားတွေကြောင့် စိတ်ညစ်နေရတာပဲဖြစ်ပါတယ်။ သင်က သင့် ပတ်ဝန်းကျင်က လူတိုင်းကို ဂရုစိုက်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုတောင် ဂရုစိုက်ဖို့ မေ့နေတတ်သူတစ်ယောက်ပါ။

သင့် မိသားစုနဲ့ သင့် သူငယ်ချင်းတွေက သင့်ကို သန်မာပြီး ခံနိုင်ရည်ရှိသူတစ်ယောက် ဘာမဆိုရင်ဆိုင်နိုင်တဲ့သူတစ်ယောက်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ သင်က ချောက်ကမ်းပါး အစွန်းမှာ ရပ်နေရသလို ခံစားနေရပါတယ်။ တစ်ခါတစ်လေမှာ မိမိကိုယ်ကို ဦးစားပေးပြီး မိမိကိုယ်ကို ချစ်တတ်ဖို့လည်း လိုအပ်တယ်ဆိုတာ သင် မမေ့လိုက်ပါနဲ့။

မြင်းကျား

မြင်းကျားကို အရင်ဆုံး မြင်တယ်ဆိုရင် သင်က သင့် မိသားစုဝင် (သို့) မိမိ ချစ်ခင်ရသူရဲ့ ကျန်းမာရေးကို စိုးရိမ်နေပါတယ်။ ကျန်းမာရေးဂရုစိုက်တာကတော့ ကောင်းမွန်တဲ့ အလေ့အကျင့်ဆိုပေမယ့် ကျန်းမာရေးအတွက် တစ်ချိန်လုံးစိတ်ပူနေတာဆိုရင်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ကိုယ် မထိန်းချုပ်နိုင်တဲ့အရာအတွက် စိတ်ညစ်မခံပါနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ပါ။

သစ်ကုလားအုတ်

အခုလောလောဆယ်မှာ သင့်ရဲ့ အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးအခြေအနေကို စိတ်ပူနေတာပါ။ ယနေ့လို အလုပ်အကိုင်ရှားပါးတဲ့ခေတ်ထဲမှာ လုပ်ငန်းခွင် စိတ်ဖိစီးမှုကို အလုပ်လုပ်နေသူတိုင်း ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ် လုပ်ကိုင်နေရတဲ့ အလုပ်နဲ့ ပတ်သက်ပြီး Confidence ကင်းမဲ့နေမယ်ဆိုရင် မိမိက ဘယ်နေရာမှာ အားနည်းနေသလဲဆိုတာ သိအောင် ကြိုးစားပါ။ ပြီးရင် သက်ဆိုင်ရာ သင်တန်းတွေ ပြေးတက်လိုက်ပါ။ ဒီနည်းလမ်းနဲ့ သင့် အရည်အချင်းကို မြှင့်တင်နိုင်ပါတယ်။

အပြာရောင်ငှက်

အပြာရောင်ငှက်ကို အရင်ဆုံး မြင်တဲ့သင်က အခုအချိန်မှာ လမ်းပျောက်နေသလို ခံစားရပြီး အထီးကျန်နေတာပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ လူတိုင်းက ပြုံးရယ် ပျော်ရွှင်ပြီး အောင်မြင်နေတဲ့ပုံပဲ တင်နေကြတာပါ။ သူတို့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေခြင်းကို ရပ်တန်းက ရပ်ပစ်လိုက်ပါ။

အတုအယောင်ကမ္ဘာပေါ်မှာ အချိန်ကုန်နေမယ့်အစား မိမိ ချစ်ခင်သူတွေနဲ့ တန်ဖိုးရှိတဲ့အချိန်ကို ကုန်ဆုံးလိုက်ပါ။ ဒီနည်းလမ်းနဲ့ သင့်ရဲ့ အထီးကျန် ဝမ်းနည်းမှုကို ဖြေဖျောက်လိုက်ပါ။

ငှက်နှစ်ကောင်

ဒီငှက်နှစ်ကောင်ကလည်း ငှက်အပြာရောင်လိုပဲ အထီးကျန်မှုကို ကိုယ်စားပြုနေတာပါ။ သင့်ရဲ့ စိတ်ခံစားကို ချစ်ခင်ရင်းနှီးသူတစ်ယောက်ယောက်ထံ ဖွင့်ပြောပြချင်ပေမယ့် သူတို့အတွက် အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်နေတာပဲဖြစ်ပါတယ်။

ယုံကြည်ရသူတစ်ယောက်ယောက်ထံမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဖွင့်ဟတိုင်ပင်ခြင်းက သင့်ရ့ အားနည်းချက်တွေကို လှစ်ဟပြတာမဟုတ်ပါဘူး။ ခံစားချက်တွေကို ရင်ထဲမှာ သိုလှောင်ထားတာ များလာရင် စိတ်ကျရောဂါဖြစ်တတ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

Source: Brightside.me

By MyStyle Myanmar