[Zawgyi]

ကိုရီးယားကားေတြအၾကည့္မ်ားၿပီး ကိုရီးယားကားထဲကမင္းသမီးေလးေတြလို အသားအေရလွခ်င္တဲ့စိတ္ကေတာ့ မိန္းကေလးတိုင္းမွာရွိၾကပါတယ္။ ဒါေၾကာင့္ ကိုရီးယားမေလးေတြလွသလို လွခ်င္ေတာ့ ကိုရီးယားအလွကုန္ေတြဝယ္၊ Skin Care ေတြဝယ္ၿပီး အသားအေရကိုထိန္းသိမ္းၾကေတာ့တာေပါ႔။ တကယ္ေတာ့ ေငြကုန္ေၾကးက်အမ်ားႀကီးခံစရာမလိုပဲ အသားအေရအတြက္လုပ္သင့္လုပ္ထိုက္တဲ့၊ ထိေရာက္တဲ့နည္းလမ္းေလးေတြကို လုပ္ေပးမယ္ဆိုရင္ အသားအေရကို သိသိသာသာေကာင္းမြန္လာေစမွာပဲျဖစ္ပါတယ္။

မ်က္ႏွာမွာရွိေနတဲ့ အမည္းစက္နဲ႔ ဆားဝက္ၿခံေတြကို ေပ်ာက္ကင္းသြားေစဖို႔အတြက္ဆိုရင္ ေရေႏြးေငြ႕ကအေကာင္းဆုံးပါပဲ။ သင့္မ်က္ႏွာအသားအေရကို ဘာမွထပ္ၿပီးမလိမ္းခ်င္ေတာ့ဘူးဆိုရင္ သဘာဝနည္းလမ္းလည္းျဖစ္ၿပီး ဆိုးက်ိဳးလည္းမရွိတဲ့အတြက္ေၾကာင့္ ေတာ္ေတာ္ေလးကိုအဆင္ေျပတဲ့နည္းလမ္းေလးျဖစ္မွာပါ။ ေရေႏြးေတြကိုဇလုံတစ္ခုထဲထည့္ၿပီး မ်က္ႏွာကိုေရေႏြးဇလုံေပၚမွာ ထားထားလိုက္ပါ။

ေရေႏြးေငြ႕ေတြက သင့္မ်က္ႏွာအသားအေရမွာရွိတဲ့ ေခြၽးေပါက္ေတြကိုပြင့္သြားေစၿပီး ဆားဝက္ၿခံေတြကိုလည္း ဖယ္ရွားေပးလိုက္ႏိုင္ပါတယ္။ ေရေႏြးေငြ႕နဲ႔ေပါင္းခံၿပီးသြားရင္ေတာ့ မ်က္ႏွာကိုေရေအးေလးနဲ႔ျပန္ၿပီး သစ္ေပးရမယ္ေနာ္။

ၾကက္ဥအကာကလည္း မ်က္ႏွာမွာရွိေနတဲ့ ဆားဝက္ၿခံေတြကိုဖယ္ရွားေပးဖို႔ အေကာင္းဆုံးနည္းလမ္းထဲက တစ္ခုပဲေပါ့။ ၾကက္ဥတစ္လုံးကိုေဖာက္ၿပီး အႏွစ္ကိုဖယ္ထားလိုက္ပါ။ ၾကက္ဥအကာကိုပဲသန႔္စင္တဲ့ မ်က္ႏွာျပင္ေပၚမွာ တစ္လႊာခ်င္းစီလိမ္းေပးလိုက္လို႔ရပါတယ္။ မ်က္ႏွာျပင္ေပၚမွာတစ္လႊာလိမ္းေပးၿပီး ေျခာက္သြားၿပီဆိုမွေနာက္တစ္လႊာလိမ္းေပးပါ။ ၃ထပ္ ၄ထပ္ေလာက္လုပ္ၿပီးသြားရင္ေတာ့ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ေဆးေၾကာေပးလိုက္ပါ။ ၿပီးရင္ေတာ့ အစိုဓာတ္ထိန္းခရင္မ္ေလးေတာ့ မျဖစ္မေနလိမ္းေပးဖို႔ မေမ့နဲ႔ေနာ္။

သၾကားနဲ႔ Scrub လုပ္ေပးမယ္ဆိုရင္လည္း ဆားဝက္ၿခံေတြနဲ႔ အမည္းစက္ေတြကိုေလ်ာ့နည္းေစပါတယ္။ သၾကားကို အသားအေရကိုစိုေျပေစမယ့္ အုန္းဆီနဲ႔ေရာၿပီး သန႔္စင္ထားၿပီးတဲ့မ်က္ႏွာေပၚမွာ ပြတ္တိုက္ေပးလိုက္ပါ။ ဒီနည္းလမ္းေလးက မ်က္ႏွာအသားအေရကိုေခ်ာေမြ႕ေစၿပီး မ်က္ႏွာေပၚမွာရွိေနတဲ့ ဆားဝက္ၿခံေတြကိုလည္းေလ်ာ့နည္းသြားေစပါတယ္။

ဒါေတြကေတာ့ ေငြကုန္ေၾကးက်လည္းသက္သာတယ္၊ လြယ္ကူ႐ိုးရွင္းတဲ့ နည္းလမ္းေတြလည္းျဖစ္တာေၾကာင့္ ပ်ိဳေမတို႔အေနနဲ႔လုပ္ရတာလြယ္ကူၿပီး အသားအေရအတြက္လည္း ထိေရာက္မႈရွိတာေၾကာင့္ အိမ္မွာေနေနရတဲ့အားလပ္ရက္ေတြမွာ လုပ္ၾကည့္သင့္တယ္လို႔ထင္ပါတယ္။

Photo Source: Pinterest

[Unicode]

ကိုရီးယားကားတွေအကြည့်များပြီး ကိုရီးယားကားထဲကမင်းသမီးလေးတွေလို အသားအရေလှချင်တဲ့စိတ်ကတော့ မိန်းကလေးတိုင်းမှာရှိကြပါတယ်။ ဒါကြောင့် ကိုရီးယားမလေးတွေလှသလို လှချင်တော့ ကိုရီးယားအလှကုန်တွေဝယ်၊ Skin Care တွေဝယ်ပြီး အသားအရေကိုထိန်းသိမ်းကြတော့တာပေါ့။ တကယ်တော့ ငွေကုန်ကြေးကျအများကြီးခံစရာမလိုပဲ အသားအရေအတွက်လုပ်သင့်လုပ်ထိုက်တဲ့၊ ထိရောက်တဲ့နည်းလမ်းလေးတွေကို လုပ်ပေးမယ်ဆိုရင် အသားအရေကို သိသိသာသာကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

မျက်နှာမှာရှိနေတဲ့ အမည်းစက်နဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေဖို့အတွက်ဆိုရင် ရေနွေးငွေ့ကအကောင်းဆုံးပါပဲ။ သင့်မျက်နှာအသားအရေကို ဘာမှထပ်ပြီးမလိမ်းချင်တော့ဘူးဆိုရင် သဘာဝနည်းလမ်းလည်းဖြစ်ပြီး ဆိုးကျိုးလည်းမရှိတဲ့အတွက်ကြောင့် တော်တော်လေးကိုအဆင်ပြေတဲ့နည်းလမ်းလေးဖြစ်မှာပါ။ ရေနွေးတွေကိုဇလုံတစ်ခုထဲထည့်ပြီး မျက်နှာကိုရေနွေးဇလုံပေါ်မှာ ထားထားလိုက်ပါ။

ရေနွေးငွေ့တွေက သင့်မျက်နှာအသားအရေမှာရှိတဲ့ ချွေးပေါက်တွေကိုပွင့်သွားစေပြီး ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပေးလိုက်နိုင်ပါတယ်။ ရေနွေးငွေ့နဲ့ပေါင်းခံပြီးသွားရင်တော့ မျက်နှာကိုရေအေးလေးနဲ့ပြန်ပြီး သစ်ပေးရမယ်နော်။

ကြက်ဥအကာကလည်း မျက်နှာမှာရှိနေတဲ့ ဆားဝက်ခြံတွေကိုဖယ်ရှားပေးဖို့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပဲပေါ့။ ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုဖယ်ထားလိုက်ပါ။ ကြက်ဥအကာကိုပဲသန့်စင်တဲ့ မျက်နှာပြင်ပေါ်မှာ တစ်လွှာချင်းစီလိမ်းပေးလိုက်လို့ရပါတယ်။ မျက်နှာပြင်ပေါ်မှာတစ်လွှာလိမ်းပေးပြီး ခြောက်သွားပြီဆိုမှနောက်တစ်လွှာလိမ်းပေးပါ။ ၃ထပ် ၄ထပ်လောက်လုပ်ပြီးသွားရင်တော့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးကြောပေးလိုက်ပါ။ ပြီးရင်တော့ အစိုဓာတ်ထိန်းခရင်မ်လေးတော့ မဖြစ်မနေလိမ်းပေးဖို့ မမေ့နဲ့နော်။

သကြားနဲ့ Scrub လုပ်ပေးမယ်ဆိုရင်လည်း ဆားဝက်ခြံတွေနဲ့ အမည်းစက်တွေကိုလျော့နည်းစေပါတယ်။ သကြားကို အသားအရေကိုစိုပြေစေမယ့် အုန်းဆီနဲ့ရောပြီး သန့်စင်ထားပြီးတဲ့မျက်နှာပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးက မျက်နှာအသားအရေကိုချောမွေ့စေပြီး မျက်နှာပေါ်မှာရှိနေတဲ့ ဆားဝက်ခြံတွေကိုလည်းလျော့နည်းသွားစေပါတယ်။

ဒါတွေကတော့ ငွေကုန်ကြေးကျလည်းသက်သာတယ်၊ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေလည်းဖြစ်တာကြောင့် ပျိုမေတို့အနေနဲ့လုပ်ရတာလွယ်ကူပြီး အသားအရေအတွက်လည်း ထိရောက်မှုရှိတာကြောင့် အိမ်မှာနေနေရတဲ့အားလပ်ရက်တွေမှာ လုပ်ကြည့်သင့်တယ်လို့ထင်ပါတယ်။

Photo Source: Pinterest