နှစ်သစ်မှာ စိတ်သစ် လူသစ်ဖြစ်ချင်ရင်တော့ ဆံပင်ပုံစံပြောင်းပါလို့ အကြံပေးချင်ပါတယ်။ New Look ပိုပြီး Fresh ဖြစ်ချင်တယ်ဆိုရင်တော့ ဆံပင်ပုံစံပြောင်းလိုက်ခြင်းဟာ ရုပ်ကိုပါပြောင်းသွားစေပါတယ်။ ဆံပင်ကိုနဂိုရှိရင်းဆွဲအတိုင်းမဟုတ်ပဲ အသစ်အဆန်း ပြောင်းလဲမှုကြီး လုပ်တော့မယ်ဆိုရင်တော့ အရင်စဉ်းစားသင့်တဲ့အရာက ဘယ်လိုပုံစံက ကိုယ့်မျက်နှာ ကိုယ့် Personality နဲ့လိုက်ဖက်မလဲ ဆိုတာကိုပါပဲ။ ဘယ်လိုမျိုးကေပုံစံနဲ့လိုက်မလဲဆိုတာ ဆုံးဖြတ်ချက်မချရသေးရင်တော့ လွယ်ကူမြန်ဆန်စေမယ့် နည်းကို ဖော်ပြပေးချင်ပါတယ်။ ဆံပင်ကေပုံစံတွေ အများကြီးရွေးရခက်နေတဲ့ ခေတ်ရေစီးကြောင်း ဒီဇိုင်းတွေထဲကမှ ပျိုမေတို့ Zodiac Sign နဲ့လိုက်ဖက်စေမယ့် Hairstyle တွေကို အလင်းပြပေးချင်ပါတယ်။

Libra

အရာရာကို မျှမျှတတ လုပ်တတ်တဲ့ အကျင့်ရှိတဲ့ Libra တွေအတွက်ဆို ဆံပင်အဖြောင့်က ပိုလိုက်ဖက်ပါတယ်။ ကာလာအရောင်ကတော့ သင်ကြိုက်နှစ်သက်ရာ ကိုယလိုက်ဖက်မယ့်ထင်တာကို ပတ်ဝန်းကျင်နဲ့ ချိန်ထိုးပြီး ဆိုးနိုင်ပါတယ်။

Scorpio

အရာရာမှာ စိတ်ရောကိုပါ နှစ်မြုပ်ပြီး Passionate ဖြစ်တဲ့ Scorpio တို့ရဲ့ Personality အရဆို A Blunt Bob ကေက အံ့ကိုက်ပါပဲ။

Sagittarius

Sagittarius ရာသီဖွားတွေဟာ ဘဝမှာ ပျော်ပျော်ပါးပါး အပူပင်ကင်းစွာ Carefree ဖြတ်သန်းတတ်တဲ့အတွက် မော်ဒန် Shag Hairstyle နဲ့ အလိုက်ဖက်ဆုံးပါ။

Capricorn

Capricorn တွေဟာ Personality အရ နမော်နမဲ့ နိုင်လွန်းပါတယ် ဒါကြောင့် Long & Bouncy ဖြစ်တဲ့ ဆံပင်ပုံစံ လျော့တိလျော့ရဲတွေနဲ့ လိုက်ဖက်ပါတယ်။

Aquarius

သဘာဝအလှကိုပဲ ဦးစားပေးတတ်တဲ့ သဘောသဘာဝရှိတဲ့ Aquarius တွေအတွက်ကတော့ ဆံပင်အနက်အရှည်ကို Bang အတိုလေးနဲ့ပဲ ကြည့်ကောင်းပါတယ် Personality နဲ့လည်းကွက်တိပေါ့။

Pisces

Pisces ရာသီခွင်တွေဟာ အလှအပကို ဦးစားပေးထိန်းသိမ်းတတ်သူတွေမို့ ကာလာနှစ်မျိုးစပ် Flowing Hairstyle ဖြစ်တဲ့ Layers ဆံပင်ပုံစံမျိုးနဲ့ ဆိုအလိုက်ဖက်ဆုံးဖြစ်မှာပါ။