မိန်းကလေးတစ်ယောက်မှာ ဆံသားရဲ့ကောင်းခြင်းဆိုတာကလည်း အရေးပါလွန်းတဲ့အရာတစ်ခုဖြစ်တာကြောင့် ဆံသားတွေကိုအမြဲတမ်းလှပနေအောင် ထိန်းသိမ်းတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်နော်။ ဆံသားတွေကိုထိန်းသိမ်းတဲ့အခါမှာ အထောက်အကူဖြစ်စေပြီး ပျိုမေတို့ရဲ့ဆံသားတွေကို အမြဲတမ်းနူးညံ့နေစေအောင် ကူညီပေးနိုင်မယ့် ပစ္စည်းများကိုဖော်ပြပေးလိုက်ပါတယ်နော်။

ခြောက်သွေ့တဲ့ဆံသား

ခြောက်သွေ့တဲ့ဆံသားပိုင်ရှင်တွေအတွက်ကတော့ ဒီ SheaMoisture Raw Shea Butter Deep Treatment Masque လေးကိုသုံးပေးဖို့သင့်တော်ပါတယ်။ ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ဆံသားတွေကို အစိုဓာတ်ပြန်လည်ရရှိစေနိုင်ပြီး ပျော့ပျောင်းနူးညံ့တောက်ပြောင်စေဖို့ အကူအညီပေးနိုင်ပါတယ်နော်။ ဒီ Hair Mask လေးကို ခေါင်းလျှော်ပြီးသွားတဲ့အချိန်မှာ ဆံသားအနှံ့လိမ်းပေးပြီး ၄၅ မိနစ်လောက်ထားထားပေးပြီး ရေနဲ့ပြန်ဆေးကြောပေးမယ်ဆိုရင်တော့ နူးညံ့တဲ့ဆံသားတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

အဆီပြန်တဲ့ဆံသား

ခေါင်းခဏခဏလျှော်လည်း ခဏလေးနဲ့ဆံသားတွေမှာ စေးကပ်ပြီးအဆီတွေအရမ်းဖြစ်နေတဲ့ ဆံသားမျိုးကို အဆီပြန်တဲ့ဆံသားလို့သတ်မှတ်ပါတယ်။ ဒီလိုဆံသားပိုင်ရှင်တွေဆိုရင်တော့ L’Oreal Paris Elvive Extraordinary Clay Pre-Shampoo Mask လေးကိုသုံးပေးဖို့သင့်တော်ပါတယ်။ အချိန်တိုအတွင်းမှာ ဆံသားမှာဖြစ်နေတဲ့ အဆီပြန်တဲ့ပြဿနာတွေကို လျော့နည်းသွားစေပြီး လှပတဲ့ဆံနွယ်လေးတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ဆေးဆိုးထားတဲ့ဆံသား

ဆံပင်တွေကိုဆေးဆိုးထားပြီး ဆံပင်အရောင်တွေနဲ့၊ ဆံသားပျက်စီးတာတွေကို ထိန်းသိမ်းချင်တဲ့ပျိုမေတွေအတွက်ကတော့ Briogeo Don’t Despair, Repair!™ Deep Conditioning Mask လေးကအသင့်တော်ဆုံးပါပဲ။ ဆံသားအရောင်တွေကို ကြာရှည်ခံစေဖို့ထိန်းသိမ်းပေးနိုင်ပြီး၊ ဆေးဆိုးထားတာကြောင့်ဖြစ်တတ်တဲ့ ဆံသားခြောက်သွေ့ပျက်စီးတာတွေကိုလည်း လျော့နည်းစေဖို့ကူညီပေးနိုင်ပါတယ်။

ဆံပင်ပါးတဲ့ဆံသား

ဆံသားပါးတဲ့ဆံပင်မျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ Hair Mask တွေကိုသေချာလေး ရွေးချယ်ပြီးသုံးပေးဖို့တော့ လိုအပ်ပါတယ်နော်။ ဆံပင်ပါးတဲ့သူတွေအတွက် အသင့်တော်ဆုံး Hair Mask လေးကိုဖော်ပြရမယ်ဆိုရင်တော့ Living Proof Restore Mask Treatment လေးကအသင့်တော်ဆုံးပဲဖြစ်မှာပါ။

ဆံသားလေးတွေကို ပျော့ပျောင်းနူးညံ့ပြီး အမြဲတမ်းလှပနေချင်တယ်ဆိုရင်တော့ ဒီ Hair Mask လေးကိုသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဆံသားနဲ့သင့်တော်တဲ့ Hair Mask လေးကို ရွေးချယ်အသုံးပြုဖို့တော့လိုမယ်နော်။

Photo Source: Pinterest