၁။ မြင်းကျား

ဦးဆုံးမြင်လိုက်ရတဲ့ တိရစ္ဆာန်က မြင်းကျားဆိုရင်တော့ သင်ဟာ ဟာသဥာဏ်ရွှင်ပြီး သြဇာညောင်းတဲ့လူဖြစ်ပါတယ်။ အမြဲတမ်းသွက်သွက်လက်လက်နေတတ်ပြီး လူအများကို တွန်းအားပေးနိုင်ပါတယ်။ စကားပြောစွမ်းရည်ကလည်း အခြားသူတွေ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တာကြောင့် အရောင်းပိုင်းမှာ အရမ်းထက်မြက်မှာ အသေအချာပါပဲ။

၂။ ကြောင်

ကြောင်ကိုအရင်ဆုံးမြင်လိုက်ရင်တော့ စကားအများကြီးပြောရတာကို မကြိုက်သူဖြစ်ပြီး လူသူကြားထဲ ရောယှက်နေတာထက် အဝေးကပဲ ကြည့်နေတတ်သူပါ။ ကိုယ်နဲ့ပတ်သက်လို့ အခြားသူတွေဘယ်လိုထင်ထင် ဂရုမစိုက်တတ်ပဲ သီးခြားနေတတ်သူဖြစ်ပါတယ်။

၃။ ဘဲ

ဦးဆုံး ဘဲကိုအရင်မြင်မယ်ဆိုရင်တော့ သင်ဟာ ရာနှုန်းပြည့် အကောင်းမြင်တတ်သူဖြစ်ပြီး ဘယ်လိုအရာကမှ သင့်ကိုစိတ်ညစ်စေမှာမဟုတ်ပါဘူး။ အတိတ်တွေ၊ အနာဂတ်တွေကို တွေးတောမနေဘဲ လက်ရှိပစ္စုပ္ဗန်အချိန်မှာသာ ရှင်သန်နေထိုင်တတ်ပြီး နေရာသစ်တွေသွားလာရတာ၊ ပညာသစ်တွေသင်ယူရတာတွေကို ပြုလုပ်ရတာ ကြိုက်သူဖြစ်ပါတယ်။

၎။ ကိုအာလာ

ကိုအာလာကိုတွေ့လိုက်သူတွေကတော့ တည်ငြိမ်သူဖြစ်ပြီး တစ်နေ့တစ်နေ့ အေးအေးဆေးဆေးဖြတ်သန်းတတ်သူတစ်ဦးပါ။ ကြင်နာသနားတတ်ပြီး အခြားသူတွေအပေါ်မှာလည်း ညှာတာတတ်သူဖြစ်ပါတယ်။ ဆူညံတဲ့ ပါတီပွဲကြီးတွေထက် ရုပ်ရှင်လေးကြည့်၊ စာအုပ်လေးဖတ်ရင်း နေတတ်သူလေးတွေပါ။

၅။ ဆင်

ဆင်ကိုမြင်လိုက်သူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့အရာအားလုံးအပေါ်မှာ အလေးအနက်ဂရုစိုက်တတ်ကြပါတယ်။ သစ္စာရှိသလို ကိုယ့်တာဝန်ကိုယ်သိတတ်လို့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေအားလုံးက အမြဲမှီခိုခြင်းကို ခံကြရပါတယ်။ အများပြောစကားကို သေချာနားထောင်တတ်ရုံသာမက ပြဿနာတွေကိုလည်း ဖြေရှင်းတတ်သူဖြစ်ပါတယ်။

၆။ ဝက်ဝံ

အခြားအကောင်တွေထက် ဝက်ဝံကိုအရင်မြင်သူတွေကတော့ အရာရာကို အကျိုးသင့် အကြောင်းသင့်စဉ်းစားတွေးခေါ်တတ်ပြီး ရှေးရိုးဆန်တတ်သူတွေဖြစ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ဆူညံရှုပ်ထွေးတဲ့နေရာတွေကို မကြိုက်သူတွေပါ။ အလုပ်ကိုလည်း အသေးစိတ် ကြိုးစားလုပ်ကိုင်တတ်ပြီး ယုံကြည်အားကိုးရသူတွေဖြစ်ပါတယ်။

၇။ သစ်ကုလားအုတ်

သစ်ကုလားအုတ်မြင်လိုက်သူတွေကတော့ လူမှုရေးမှာ အထူးကျွမ်းကျင်သူဖြစ်ပြီး သဘာဝကပေးတဲ့ Cheerleader တွေလို့တောင် ပြောလို့ရပါတယ်။ ဘယ်နေရာ၊ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်တတ်သူဖြစ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတကာအာရုံစိုက်ခံခြင်းကို ခံရနိုင်အောင် ဆောင်ရွက်နိုင်ပါတယ်။

၈။ ဝက်

ဝက်ကိုမြင်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သူဖြစ်ပြီး တစ်ဦးတည်းဖြစ်နေတဲ့အချိန်မှာ အကောင်းဆုံးအလုပ်လုပ်နိုင်သူတွေပါ။ အသေးစိတ်ကိစ္စလေးတွေပေါ်မှာတောင် အာရုံစူးစိုက်တတ်ကြပြီး မှတ်ဥာဏ်ကောင်းတာကြောင့်လည်း စူးစမ်းစရာတွေရှိရင် အကောင်းဆုံးဆောင်ရွက်နိုင်ပါတယ်။ လူတွေနဲ့လည်း သေသေချာချာပေါင်းသင်းဆက်ဆံနိုင်သူတွေဖြစ်ပါတယ်။

၉။ ယုန်

ယုန်လေးကို ဦးဆုံးမြင်လိုက်ရင်တော့ သင်ဟာ ဖန်တီးနိုင်စွမ်းအားရှိပြီး အချိန်ပြည့် ပျော်ရွှင်နေသူတစ်ဦးပါ။ ဘယ်ကိုပဲသွားသွား အခြားသူတွေအတွက် ပျော်ရွှင်မှုကို သယ်ဆောင်လာပေးနိုင်ပြီး လူတိုင်းက သူငယ်ချင်းဖြစ်ချင်လောက်အောင်ကို ချစ်မွှေးပါသူဖြစ်ပါတယ်။

၁၀။ ခြင်္သေ့

ခြင်္သေကို အရင်မြင်သူတိုင်းဟာ မွေးကတည်းက ခေါင်းဆောင်သွေးပါလာသူတွေဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို့အတွက် အခြားသူတွေကို ဘယ်လိုသိမ်းသွင်းစည်းရုံးမလဲဆိုတာ သိနေကြပြီး ကြုံလာရမယ့် စိန်ခေါ်မှုတွေကိုလည်း မကြောက်တတ်သူတွေပါ။

၁၁။ ဇီးကွက်

နောက်ဆုံးအနေနဲ့ ဇီးကွက်တွေ့သူတွေဟာ အရာရာကို ပိုင်းခြားစိတ်ဖြာနိုင်ပြီး လေးလေးနက်နက်တွေးခေါ်တတ်သူတွေဖြစ်ပါတယ်။ ကိုယ့်စွမ်းအားကိုယ်ကိုးပြီး အလုပ်လုပ်တတ်သူတွေဖြစ်သလို တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေဖြစ်ပါတယ်။ အရာရာတိုင်းကို စည်းစနစ်ကျကျထားရတာကို နှစ်သက်တာကြောင့် ရှုပ်ပွနေတာမြင်ရင် ဘယ်လိုမှမကြိုက်သူတွေပါ။

Source: slydor.com