ထိုင်းမင်းသမီးတွေဖြစ်တဲ့ Baifern Pimchanok ၊ Yaya တို့ရဲ့ ပြစ်မျိုးမဲ့မထင် အသားအရေကို ပျိုမေတိုင်း မြင်ဖူးကြမှာပါ။ သူတို့ရဲ့ အသားအရေတွေက ချောမွတ်ပြေပြစ်ပြီး ကြည်လင်ပါတယ်။  ဒီလို အသားအရေမျိုးရအောင် ထိုင်းနိုင်ငံက ကောင်မလေးတွေပြုလုပ်တဲ့ နည်းလမ်းတွေရှိပါတယ်။

ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာရင်တော့ သင်လည်း နို့နှစ်ရောင်အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ။ ကဲ ထိုင်းမလေးတွေရဲ့ အလှအပ လျို့ဝှက်ချက်ကို MyStyle Myanmar ပရိတ်သတ်တွေအတွက် ဖွင့်ချလိုက်ပါပြီနော်။

၁။ နနွင်းမှုန့်

Source: Supplemania

နနွင်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်ပါတယ်။ နနွင်းကို ဘယ်လိုအသုံးပြုနိုင်လဲဆိုတော့ အမှုန့်ကို ရေနဲ့ ရောပြီး အနှစ်ရအောင်လုပ်ပါ။ ဒါကို အရေပြားချေးချွတ်တဲ့ Facial Scrub အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက သင့်အရေပြားကို နူးညံ့စေပါတယ်။ နနွင်းမှာပါတဲ့ အယ်လ်ဖာဟိုက်ဒရောက်ဆိုင်းက အစက်အပြောက်တွေနဲ့ အမည်းစက်တွေကို လျှော့ချပေးပြီး တောက်ပကာ နုပျိုတဲ့ အသားအရေကို ရရှိစေပါတယ်။

နောက်တစ်မျိုးကတော့ ပျားရည်အနည်းငယ်၊ နနွင်းမှုန့်အနှစ်ကို ဒိန်ချဉ် လဘရည်ဇွန်း သုံးဇွန်းနဲ့ရောပေးပါ။ ဒီအရောကို သင့်မျက်နှာပေါ်လိမ်းပေးပြီး ၁၀ မိနစ်ကြာပြီးနောက် ရေနဲ့ ဆေးချပါ။ ဒီလိုလုပ်တာက မျက်နှာမှာရှိတဲ့ ဆဲသေတွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

၂။ သေဘာၤသီး

Source: Boldsky.com

သင်္ဘောသီးမှာ သင့်မျက်နှာကို ခြောက်သွေ့မှုကင်းစင်ပြီး တောက်ပတဲ့ အသားအရေရအောင်ပြုလုပ်ပေးနိုင်တဲ့ ပါပိန်းအင်ဇိုင်းတစ်မျိုးပါဝင်ပါတယ်။ ဒီအင်ဇိုင်းက သန့်ရှင်းရေးလုပ်ငန်းလုပ်ဆောင်ပြီး ဆဲသေတွေကို ပပျောက်စေပါတယ်။ သင်္ဘောသီးကို အခွံခွာပါ။ အထဲက အသားကို အဖက်လေးတွေရအောင် ပြုလုပ်ပေးပါ။ သင့်မျက်နှာပေါ်တင်ပါ။ မိနစ်အနည်းငယ်ထားပြီး ရေဆေးချပါ။

၃။ စပါးလင်

Source: Marie Claire

စပါးလင်ကို ထိုင်းဟင်းလျာတွေမှာ ထည့်လေ့ရှိသလို သင့်အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ စပါးလင်က ချေးချွတ်ပေးပြီး အဆိပ်ထုတ်ပေးတဲ့ အာနိသင်ရှိပါတယ်။ စပါးလင်သုံးလေးချောင်းလောက်ကို အပိုင်းပိုင်းလှီးပြီး ဆူနေတဲ့ရေထဲထည့်ပေးပါ။ ဒါကို မိနစ်သုံးဆယ်ကြာထားပေးပါ။ ဒီက ရလာတဲ့အငွေ့ကို တစ်မိနစ်လောက်ရှူပြီး သင့်အရေပြားထဲ စုပ်ဝင်သွားပါစေ။ ဒါမျိုးတစ်မိနစ်ဆီကို သုံးကြိမ်ပြုလုပ်ပေးပါ။ ဒီအငွေ့က သင့်ချွေးပေါက်တွေကို ဖွင့်ပေးပြီး အညစ်အကြေးတွေကို လွယ်ကူစွာဖယ်ရှားနိုင်အောင် ကူညီပေးပါတယ်။

၎။ အုန်းဆီ

Source: StyleCraze

အုန်းဆီက ထိုင်းနိုင်ငံမှာ အလှအပအတွက် အသုံးများတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီကို မျက်နှာ ခန္ဓာကိုယ်နဲ့ ဆံပင်အတွက် အသုံးပြုနိုင်ပါတယ်။ သင့်မျက်လုံးတစ်ဝိုက်ကို အုန်းဆီလိမ်းလိုက်ပါ။ မိနစ်အနည်းငယ်ထားပြီး ဆေးချပါ။ မိတ်ကပ်ဖျက်ရာမှာလည်း အုန်းဆီကို သုံးနိုင်ပါတယ်။

၅။ Thai Massage လုပ်ခြင်း

Source: ArticleCity.com

Massage နှိပ်နယ်ပေးတာက ခန္ဓာကိုယ်တစ်ခုလုံးကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။ နှိပ်နယ်ပေးခြင်းက ခန္ဓာကိုယ်ရော သင့်စိတ်ကိုရော လန်းဆန်းစေပါတယ်။

၆။ အစားအသောက်

Source: Munchies – Vice

ထိုင်းအမျိုးသမီးတွေက အသီးအရွက်တွေစားကြပါတယ်။ သူတို့က အနီရောင်အသားကိုရှောင်ကြပါတယ်။ ငါးနဲ့ ပင်လယ်စာစားကြပါတယ်။ ထိုင်းအစားအစာမှာပါတဲ့ အစပ်က အရေပြားကို တောက်ပစေပါတယ်။ သင်ထိုင်းအစားအစာတွေကို တစ်ပတ်မှာနည်းနည်းစီစားကြည့်ပါ။ သင့်အသားအရေပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

၇။ ဖျော်ရည်

Source: Organic Facts

ထိုင်းမလေးတွေက ရေအများကြီးသောက်ပြီး အသီးဖျော်ရည်တွေသောက်ကြပါတယ်။ လက်ဖက်စိမ်းရည်ကို အသောက်များပါတယ်။ Green Tea လို့ခေါ်တဲ့ လက်ဖက်စိမ်းရည်မှာ အက်တီအောက်ဆီးဒင့်ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ တစ်နေ့ လက်ဖက်စိမ်းရည်တစ်ခွက်သောက်ပေးပါ။

ဒီလျို့ဝှက်ချက်တွေကို စမ်းသပ်ကြည့်ပါ။ သင့်အသားအရေ ထူးခြားလာတာကို တွေ့ရပါလိမ့်မယ်။ ပျိုမေတိုင်း ငယ်ရွယ်နုပျိုပြီး အလှနတ်သမီးတွေဖြစ်ကြပါစေနော်။