ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ အေးနေလို့ အနွေးထည်အထူတွေပဲ ဝတ်ပြီး ဖက်ရှင်ကျအောင်ဝတ်ဖို့ မေ့နေပြီလား။

ဆောင်းတွင်းမှာ အနွေးထည်ထူထူနဲ့လည်း စတိုင်လ်ကျအောင်ဝတ်ဆင်လို့ရပါတယ်။

ဘယ်လိုဖက်ရှင်ကျအောင်ဝတ်မလဲဆိုတာကို ဒီတခါမျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

Cashmere Coat နဲ့ ဖက်ရှင်ကျအောင်ဝတ်မယ်

Cashmere Coat တွေကို ဖက်ရှင်ကျအောင် ဒီလိုဝတ်ဆင်လို့ရပါတယ်နော်။ ကုတ်အင်္ကျီ အရောင်တောက်တာနဲ့ အထဲက အင်္ကျီ အရောင်မှိန်မှိန်လေးတွဲဖက်ပြီး ဖက်ရှင်ကျအောင် အခုလို ဝတ်ဆင်လိုက်ပါ။

အနက်ရောင်ကုတ်နဲ့ဆိုရင်လည်း ဒီလိုလေး ဖက်ရှင်ကျအောင် ဝတ်ဆင်လိုက်ပါနော်။

၂။ လှပကြော့ရှင်းစေမယ့် စတိုင်လ်

ဆောင်းရာသီမှာလည်း စတိုင်လ်ကျနေစေဖို့ ဒီလိုဝတ်မယ်

ကုတ်အင်္ကျီ ကြီးကြီး၊ Jean ဘောင်းဘီ (သို့) Trouser ဘောင်းဘီ၊ ရှုးဖိနပ်အမြင့် (သို့) ရှုးဖိနပ်ပါးပါးနဲ့ အခုလို စတိုင်လ်ကျအောင်ဝတ်ဆင်လိုက်ပါ။

သင့်ကိုလည်း လှပကြော့ရှင်းစေမှာဖြစ်သလို စတိုင်လ်လည်းကျစေမှာပါ။

၃။ လည်သာကုတ်အင်္ကျီ ကိုဒီလိုဝတ်မယ်

သိပ်ပြီးမအေးတဲ့ နေ့လည်ဖက်တွေမှာ အခုလို ဒီဇိုင်မျိုးနဲ့ စတိုင်လ်ကျအောင် ဝတ်ဆင်လို့ရပါတယ်။

ရှပ်အင်္ကျီ ရှည်ရှည်၊ စတော့လ်ကင်ဘောင်းဘီနဲ့ ဘွတ်ဖိနပ်မြင့်မြင့် စီးလိုက်ရင် သင်ဟာ စတိုင်လ်ကျနေပါပြီနော်။

၎။ အမွှေးပွပွနဲ့ ဒီလိုစတိုင်လ်ထုတ်ရအောင်

အမွှေးပွပွ အနွေးထည်နဲ့ အခုလိုမျိုးစတိုင်လ်ထုတ်လို့ရပါတယ်နော်။ တကယ်လို့ အရမ်းအေးရင်တော့ အထဲမှာ ဆွယ်တာအင်္ကျီ ကိုလထည့်ဝတ်လိုက်ပါ။

၅။ မိန်းကလေးဆန်တဲ့ ဖက်ရှင်

သင့်ကိုပိုပြီး မိန်းကလေးဆန်စေဖို့အတွက် အခုလိုမျိုးစတိုင်ထုတ်လို့ရပါတယ်။ အရမ်းအေးတဲ့နေရာမှာတော့ သိပ်အဆင်မပြေပေမယ့် အရမ်းမအေးတဲ့နေ့တွေမှာတော့ တကယ်ကို လိုက်ဖက်တဲ့ ဖက်ရှင်ပါ။

၆။ ဆွယ်တာအင်္ကျီ ဖက်ရှင်

ဆွယ်တာ အင်္ကျီ သားလေးနဲ့ ဆောင်းရာသီမှာ အခုလို ဖက်ရှင်ထုတ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။