စာဖတ်သူတို့လည်း ခရီးသွားတာကိုကြိုက်နှစ်သက်ကြမှာပါနော်။ ခရီးသွားတဲ့အခါ အထုပ်အပိုးတွေ ပြင်ဆင်ကြရပါတယ်။ အဲဒီအတွက် ခရီးသွားတာကြိုက်နှစ်သက်တဲ့ စာဖတ်သူတို့ အခက်မတွေ့ရလေအောင် အထုတ်အပိုးတွေကို ဘယ်လိုပြင်ဆင်ထည့်ပိုးရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အ၀တ်စားတွေကို မခေါက်ဘဲ လိမ့်ပေးပါ။

အ၀တ်စားတွေကို ခေါက်ပြီးပြားပြားမထက်ဘဲ လိမ့်ပြီးထည့်ပေးတာက အ၀တ်စားတွေလည်းပိုဆံ့သလို ထုတ်ပိုးရတာလည်းလွယ်ကူပါတယ်။ လိမ့်တဲ့အခါမှာလည်း တီရှပ်အိကျီ င်္ကို ၅ ထည်လောက်တစ်ခါတည်းလိမ့်ပေးပါ။ ဘောင်းဘီတိုဆိုလည်း ၃ ထည်လောက်အတူတူလိမ့်ပေးတာမျိုး တူတာလေးတွေကို တစုတည်းလိမ့်ထည့်ပေးပါ။

၂။ ဖုန်ကာတဲ့ အိတ်ကိုသုံးပါ။

ဂျက်တ်တွေ၊ ကလေးအိကျီ င်္တွေ ၊ နူးညံ့တဲ့အိကျိ င်္တွေကို ဖုန်ကာတဲ့အိတ်ထဲထည့်ပေးပါ။ ပြီးတော့ ပြန်လာခါနီး မလျှော်ဖြစ်တဲ့အိကျီ င်္တွေကိုလည်း အဲဒီလို အိတ်လေးနဲ့ ပြန်ထည့်ပြီးယူလာလို့အဆင်ပြေပါတယ်။

၃။ ဒီနည်းလမ်းလေးကိုသုံးကြည့်ရအောင်

ခရီးသွားဖို့အတွက် အထုပ်အပိုးတွေပြင်ဆင်နည်း

အိကျီ င်္လေးတွေကို လိမ့်ပြီးထည့်ပြီးရင် ဘေးမှာလွတ်နေတဲ့နေရာလေးတွေကို ဘောင်းဘီလေးတွေ ထည့်ပါ။ ပုံ ၂ မှာပြထားတဲ့အတိုင်းလေး ထည့်ပေးပါ။

၎။ ထီးမယူပါနဲ့။

ခရီးသွားတဲ့အခါ ကိုယ့်ကားနဲ့ကိုယ်မဟုတ်ရင် ထီးကြီးကြီးတွေ သယ်မသွားသင့်ပါဘူး။ အဲဒီအစား မိုးကာအိကျီ င်္ ကိုယူသွားပါ။

၅။ ခရီးသွားဖို့အတွက် အလှကုန်ပစ္စည်းလေးတွေဝယ်တဲ့အခါ

အလှကုန်ပစ္စည်းလေးတွေဝယ်တဲ့အခါ အရွယ်အစားသေးပြီး အဥု့းဝင်တာလေးတွေကို ၀ယ်ပါ။

၆။ ပစ္စည်းသေးသေးလေးတွေကို ဒီလိုထုတ်ပိုးပါ။

မိန်းကလေးတွေပဲဖြစ်ဖြစ် ယောင်္ကျားလေးတွေပဲဖြစ်ဖြစ် ခြေအိတ်တွေ၊ USB ကတ်တွေ၊ ခြေအိတ်တွေစတဲ့ ပစ္စည်းသေးသေးလေးတွေကို စနစ်တကျလေး ထည့်ပေးပါ။ လက်ဝတ်လက်စားတွေကိုယူမယ်ဆိုရင် ဘူးသေးသေးပါးပါးလေးထဲထည့်ပေးပါ။

၇။ ကုတ်အိကျီ င်္ထည့်တဲ့ ချိတ်ကိုသုံးပါ။

တန်ဖိုးကြီးတဲ့ အိကျီ င်္အ၀တ်အစားတွေကို မပွန်းမပဲ့အောင် ကုတ်အိကျီ င်္ထည့်တဲ့ ချိတ်ကိုသုံးပြီးထည့်ပေးပါ။

၈။ လိုအပ်တာထက် ဆေးဝါးအပိုတွေကို မဆောင်သွားပါနဲ့။

ကိုယ်တကယ်လိုအပ်တဲ့ဆေးတွေကိုပဲယူသွားပါ။ ဆေးဘူးကိုသေတ္တာလိုက်သယ်သွားတာမျိုးမလုပ်ပါနဲ့။

၉။ အ၀တ်သေတ္တာမှာ နေရာလွတ်မထားပါနဲ့။

အ၀တ်သတ္တာထည့်တဲ့အခါမှာ နေရာလွတ်မထားပါနဲ့။ အ၀တ်သေတတ္တာပြည့်အောင်ထည့်ပါ။

၁၀။ ကိုယ်တကယ်လိုအပ်တာကိုသာယူပါ။

Notebook Cover တွေ၊ ဆံပင်လေမှုတ်စက်တွေစတဲ့ မလိုအပ်တဲ့ အသုံးဆောင်ပစ္စည်းအပိုတွေို့ အိမ်မှာ ချိန်ထားခဲ့ပါ။

နောက်ထပ်အသုံးဝင်မယ့် ထုတ်ပိုးနည်းတွေကတော့

ဖုန်းအားသွင်းကြိုးနဲ့ နားဂျက်ကို သေချာသိမ်းပြီး ထုတ်ပိုးပါ။ ခြေအိတ်တွေကို ဖိနပ်ထဲထည့်ပေးထားပါ။ ဖိနပ်မှာကပ်နေတဲ့ မြေကြီးတွေ မပေအောင် Shower Cap နဲ့အုပ်ထားပေးပါ။ သင်ကြိုက်တဲ့ အတွင်းခံအိကျီ င်္ ပုံမပျက်သွားအောင် ခြေအိတ်ခေါက်ပြီးထည့်ပေးထားပါ။

သင့်ရဲ့ ရေချိုးဆပ်ပြာ ခေါင်းလျှော်ရည်တွေကို ဘူးသေးသေးလေးနဲ့ထည့်ပါ။

Photo Credit: Brightside.com