[Zawgyi]

အူရီဒူး ” The 4G Fastest ” ၿပိဳင္ပြဲႀကီးရဲ႕ စိန္ေခၚယွဥ္ၿပိဳင္မႈေတြကေတာ့ တစ္ပတ္ထက္တစ္ပတ္ ပိုၿပီးရင္ခုန္စရာေကာင္းလာခဲ့ပါၿပီ။ ယခုအပတ္မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲၿပိဳင္အစီအစဥ္ ၃ မွာေတာ့ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ လူငယ္ Rapper ၿပိဳင္ပြဲဝင္ Damnbit ဟာ ၿပိဳင္ပြဲအစီအစဥ္ ၁ မွာကတည္းက ခ်န္ပီယံထိုင္ခုံကို သိမ္းပိုက္ထားတဲ့ လက္ရွိခ်န္ပီယံ HOA ကို စိန္ေခၚယွဥ္ၿပိဳင္ခြင့္မရခဲ့ဘဲ HOA ကသာလွ်င္ သူရဲ႕ ခ်န္ပီယံထိုင္ခုံမွာ ဆက္ထိုင္ခြင့္ရသြားခဲ့ပါတယ္။

Damnbit ယွဥ္ၿပိဳင္ေနစဥ္အတြင္းမွာေတာ့ သူရဲ႕႐ူးသြပ္မႈနဲ႔ ႐ြတ္ဆိုေနတဲ့ Rap စာသားေတြက လုံးဝကိုအၾကမ္းစားေတာက္ေလာင္ေနတဲ့ မီးေတာက္ေတြလိုပါပဲ။ သူရဲ႕ယွဥ္ၿပိဳင္မႈအေပၚ ဒိုင္ေတြနဲ႔ ၿပိဳင္ပြဲဝင္ေတြအားလုံးလည္း တကယ့္ကိုရင္သပ္ရႈေမာဖြယ္ျဖစ္ခဲ့ရပါတယ္။

ၿပိဳင္ပြဲဝင္ Damnbit ရဲ႕ ယွဥ္ၿပိဳင္မႈအၿပီးမွာ Rapper ဒိုင္လူႀကီးျဖစ္တဲ့ မိစႏၵီကေတာ့ Damnbit ရဲ႕အမိုက္စားဖန္တီးတဲ့ကာရံေတြ၊ Rap သီဆိုယွဥ္ၿပိဳင္မႈေတြက အရမ္းေကာင္းတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ သို႔ေသာ္လည္း Damnbit အေနနဲ႔ ဒီထက္မကပိုၿပီးေတာ့ ေလ့က်င့္ဖို႔လိုေနေသးၿပီး ကာရန္နဲ႔စာသားေတြမွာ ပိုမိုတိက်မွန္ကန္ဖို႔ လိုေနေသးတယ္လို႔ေျပာပါတယ္။ သူသီဆိုယွဥ္ၿပိဳင္ခဲ့တဲ့ Rap ေတြကအရမ္းမိုက္ၿပီး ျမန္ဆန္မႈရွိေပမယ့္လည္း စကားလုံးရွင္းလင္းျပတ္သားဖို႔နဲ႔ သူဆိုတဲ့ Rap ေတြ၊ စာသားေတြကိုနားေထာင္တဲ့ ပရိသတ္ေတြ ရွင္းရွင္းလင္းလင္းနားလည္ေအာင္ သီဆိုဖို႔လိုေနေသးတယ္လို႔ ဆိုပါတယ္။

Rapper ဒိုင္လူႀကီး မိစႏၵီကေတာ့ စိတ္မေကာင္းစြာနဲ႔ပဲ Damnbit ကို လက္ရွိခ်န္ပီယံ HOA နဲ႔ စိန္ေခၚယွဥ္ၿပိဳင္ခြင့္မေပးႏိုင္ခဲ့ဘဲ HOA ကပဲ သူရဲ႕လက္ရွိခ်န္ပီယံထိုင္ခုံမွာ ဆက္လက္ထိုင္ခြင့္ရသြားခဲ့ပါတယ္။ ဒါေပမယ့္ မိစႏၵီကေတာ့ Damnbit ကို ဒါဟာခရီးအစပဲရွိေသးတယ္ ဒီထက္ပိုၿပီး ႀကိဳးစားေလ့က်င္မယ္ဆိုရင္ တစ္ခ်ိန္ခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕ အေကာင္းဆုံး Rapper တစ္ေယာက္ က်ိန္းေသေပါက္ျဖစ္လာႏိုင္တယ္လို႔ ထပ္မံမွတ္ခ်က္ေပးခဲ့ပါတယ္။

ယွဥ္ၿပိဳင္မႈေတြနဲ႔ ၿပိဳင္ပြဲရဲ႕ဇာတ္ရွိန္ ျမင့္တက္လာရတာဟာ Rap ယွဥ္ၿပိဳင္မႈတစ္ခုထဲေၾကာင့္မဟုတ္ဘဲ အျခားၿပိဳင္ပြဲအမ်ိဳးစား ၃ ခုျဖစ္တဲ့ ဂစ္တာ၊ အက နဲ႔ Beatbox တို႔လည္းပါဝင္တာေၾကာင့္ လက္လႊတ္မခံပဲ အစီအစဥ္အပိုင္း ၃ ကို ဆက္ဆက္ၾကည့္ရႈအားေပးလိုက္ပါဦးေနာ္။ အူရီဒူး” The 4G Fastest ” ၿပိဳင္ပြဲႀကီးရဲ႕ အစီအစဥ္အပိုင္း ၃ ယွဥ္ၿပိဳင္မႈအစအဆုံးကိုလည္း ေအာက္ပါ Link မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Episode 3 link (Facebook):
Link: https://www.facebook.com/watch/?v=2520281961394972

Episode 3 link (YouTube)
Link: https://www.youtube.com/watch?v=-fRYesLwS8s

ပရိသတ္ေတြအေနနဲ႔ အူရီးဒူး ” The 4G Fastest ” ၿပိဳင္ပြဲႀကီးရဲ႕ ၿပီးခဲ့တဲ့ အစီအစဥ္အပိုင္း ၁ နဲ႔ ၂ မွ ယွဥ္ၿပိဳင္မႈေတြကို သိခ်င္တယ္ဆိုရင္ ေအာက္ပါ Link ေတြမွာ အခ်ိန္မေ႐ြးဝင္ေရာက္ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

Episode 1 Link (Facebook)
http://Link: https://www.facebook.com/watch/?v=971478056518730

Episode 1 link (YouTube)
Link: https://www.youtube.com/watch?v=EIbngAXczxA&t=23s

Episode 2 link (Facebook)
Link: https://www.facebook.com/watch/?v=428082114553918

Episode 2 link (YouTube)
Link: https://www.youtube.com/watch?v=c3rxlL_lnIY&t=684s

အူရီဒူးျမန္မာမွ ႀကီးမႉးက်င္းပတဲ့ ” The 4G Fastest ” ၿပိဳင္ပြဲႀကီးကေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့ လူငယ္ေတြထဲကမွ အေတာ္ဆုံး အရည္အခ်င္းအရွိဆုံး လူငယ္ေတြကို ရွာေဖြေမြးထုတ္ေပးမယ့္ ရည္႐ႊယ္ခ်က္နဲ႔ ျပဳလုပ္က်င္းပေပးခဲ့တဲ့ ၿပိဳင္ပြဲႀကီးျဖစ္ၿပီး မတူညီတဲ့အႏုပညာနယ္ပယ္ေလးမ်ိဳးျဖစ္တဲ့ ရက္ပ္အဆိုေတာ္မ်ား၊ BeatBoxer မ်ား၊ ဂီတာသမားမ်ားနဲ႔ အကပညာရွင္မ်ားစတဲ့ နယ္ပယ္အသီးသီးမွ ၿပိဳင္ပြဲဝင္ေတြကေန သူတို႔တတ္ကြၽမ္းထားတဲ့ အမိုက္စား Talent ေတြကို ေဖာ္ထုတ္ျပသယွဥ္ၿပိဳင္သြားၾကမွာျဖစ္ပါတယ္။ၿပိဳင္ပြဲအမ်ိဳးအစားတစ္ခုစီအတြက္ သက္ဆိုင္ရာၿပိဳင္ပြဲဝင္ (၄) ေယာက္မွ Head-To-Head Battle ပုံစံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အျမန္ဆုံးအေတာ္ဆုံးၿပိဳင္ပြဲဝင္ တစ္ေယာက္ကို အဆင့္ဆင့္ ျပန္လည္ေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။

” The 4G Fastest ” ၿပိဳင္ပြဲႀကီးမွာပါဝင္တဲ့ ဒိုင္လူႀကီး (၄)ဦး ကေတာ့ မိစႏၵီ (Rapper Judge), စည္ၿဖိဳးမင္း (Beatboxer Judge), ႏိုင္ေဇာ္ (Guitarist Judge) နဲ႔ Falcon (Dancer Judge) တို႔ျဖစ္ၿပီး ဒိုင္ေလးဦးမွ သက္ဆိုင္ရာၿပိဳင္ပြဲဝင္ေတြကို တာဝန္ယူအကဲျဖတ္ေပးမွာျဖစ္ပါတယ္။ၿပိဳင္ပြဲဝင္ေတြထဲကမွ အျမန္ဆုံးအေတာ္ဆုံး ၿပိဳင္ပြဲဝင္ ၁၆ ေယာက္ကိုေ႐ြးထုတ္ၿပီး ၿပိဳင္ပြဲတစ္ေလ်ာက္ ေလ့က်င့္သင္ၾကားေပးမႈေတြကိုလည္း ျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲကာလကေတာ့ ၁ လခန႔္ၾကာျမင့္မွာျဖစ္ၿပီး ၿပိဳင္ပြဲကာလ ၄ ပတ္တာယွဥ္ၿပိဳင္မႈ အစီအစဥ္တစ္ပိုင္းစီကို အူရီဒူးျမန္မာ Facebook Page ၊ You Tube နဲ႔ Website ေတြမွာ ျပန္လည္ထုတ္လြင့္ျပသေပးသြားမွာ ျဖစ္ပါတယ္။

[Unicode]

အူရီဒူး ” The 4G Fastest ” ပြိုင်ပွဲကြီးရဲ့ စိန်ခေါ်ယှဉ်ပြိုင်မှုတွေကတော့ တစ်ပတ်ထက်တစ်ပတ် ပိုပြီးရင်ခုန်စရာကောင်းလာခဲ့ပါပြီ။ ယခုအပတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲပြိုင်အစီအစဉ် ၃ မှာတော့ အသက် ၁၇ နှစ်သာရှိသေးတဲ့ လူငယ် Rapper ပြိုင်ပွဲဝင် Damnbit ဟာ ပြိုင်ပွဲအစီအစဉ် ၁ မှာကတည်းက ချန်ပီယံထိုင်ခုံကို သိမ်းပိုက်ထားတဲ့ လက်ရှိချန်ပီယံ HOA ကို စိန်ခေါ်ယှဉ်ပြိုင်ခွင့်မရခဲ့ဘဲ HOA ကသာလျှင် သူရဲ့ ချန်ပီယံထိုင်ခုံမှာ ဆက်ထိုင်ခွင့်ရသွားခဲ့ပါတယ်။

Damnbit ယှဉ်ပြိုင်နေစဉ်အတွင်းမှာတော့ သူရဲ့ရူးသွပ်မှုနဲ့ ရွတ်ဆိုနေတဲ့ Rap စာသားတွေက လုံးဝကိုအကြမ်းစားတောက်လောင်နေတဲ့ မီးတောက်တွေလိုပါပဲ။ သူရဲ့ယှဉ်ပြိုင်မှုအပေါ် ဒိုင်တွေနဲ့ ပြိုင်ပွဲဝင်တွေအားလုံးလည်း တကယ့်ကိုရင်သပ်ရှုမောဖွယ်ဖြစ်ခဲ့ရပါတယ်။

ပြိုင်ပွဲဝင် Damnbit ရဲ့ ယှဉ်ပြိုင်မှုအပြီးမှာ Rapper ဒိုင်လူကြီးဖြစ်တဲ့ မိစန္ဒီကတော့ Damnbit ရဲ့အမိုက်စားဖန်တီးတဲ့ကာရံတွေ၊ Rap သီဆိုယှဉ်ပြိုင်မှုတွေက အရမ်းကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သို့သော်လည်း Damnbit အနေနဲ့ ဒီထက်မကပိုပြီးတော့ လေ့ကျင့်ဖို့လိုနေသေးပြီး ကာရန်နဲ့စာသားတွေမှာ ပိုမိုတိကျမှန်ကန်ဖို့ လိုနေသေးတယ်လို့ပြောပါတယ်။ သူသီဆိုယှဉ်ပြိုင်ခဲ့တဲ့ Rap တွေကအရမ်းမိုက်ပြီး မြန်ဆန်မှုရှိပေမယ့်လည်း စကားလုံးရှင်းလင်းပြတ်သားဖို့နဲ့ သူဆိုတဲ့ Rap တွေ၊ စာသားတွေကိုနားထောင်တဲ့ ပရိသတ်တွေ ရှင်းရှင်းလင်းလင်းနားလည်အောင် သီဆိုဖို့လိုနေသေးတယ်လို့ ဆိုပါတယ်။

Rapper ဒိုင်လူကြီး မိစန္ဒီကတော့ စိတ်မကောင်းစွာနဲ့ပဲ Damnbit ကို လက်ရှိချန်ပီယံ HOA နဲ့ စိန်ခေါ်ယှဉ်ပြိုင်ခွင့်မပေးနိုင်ခဲ့ဘဲ HOA ကပဲ သူရဲ့လက်ရှိချန်ပီယံထိုင်ခုံမှာ ဆက်လက်ထိုင်ခွင့်ရသွားခဲ့ပါတယ်။ ဒါပေမယ့် မိစန္ဒီကတော့ Damnbit ကို ဒါဟာခရီးအစပဲရှိသေးတယ် ဒီထက်ပိုပြီး ကြိုးစားလေ့ကျင်မယ်ဆိုရင် တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Rapper တစ်ယောက် ကျိန်းသေပေါက်ဖြစ်လာနိုင်တယ်လို့ ထပ်မံမှတ်ချက်ပေးခဲ့ပါတယ်။

ယှဉ်ပြိုင်မှုတွေနဲ့ ပြိုင်ပွဲရဲ့ဇာတ်ရှိန် မြင့်တက်လာရတာဟာ Rap ယှဉ်ပြိုင်မှုတစ်ခုထဲကြောင့်မဟုတ်ဘဲ အခြားပြိုင်ပွဲအမျိုးစား ၃ ခုဖြစ်တဲ့ ဂစ်တာ၊ အက နဲ့ Beatbox တို့လည်းပါဝင်တာကြောင့် လက်လွှတ်မခံပဲ အစီအစဉ်အပိုင်း ၃ ကို ဆက်ဆက်ကြည့်ရှုအားပေးလိုက်ပါဦးနော်။ အူရီဒူး” The 4G Fastest ” ပြိုင်ပွဲကြီးရဲ့ အစီအစဉ်အပိုင်း ၃ ယှဉ်ပြိုင်မှုအစအဆုံးကိုလည်း အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Episode 3 link (Facebook):
Link: https://www.facebook.com/watch/?v=2520281961394972

Episode 3 link (YouTube)
Link: https://www.youtube.com/watch?v=-fRYesLwS8s

ပရိသတ်တွေအနေနဲ့ အူရီးဒူး ” The 4G Fastest ” ပြိုင်ပွဲကြီးရဲ့ ပြီးခဲ့တဲ့ အစီအစဉ်အပိုင်း ၁ နဲ့ ၂ မှ ယှဉ်ပြိုင်မှုတွေကို သိချင်တယ်ဆိုရင် အောက်ပါ Link တွေမှာ အချိန်မရွေးဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Episode 1 Link (Facebook)
http://Link: https://www.facebook.com/watch/?v=971478056518730

Episode 1 link (YouTube)
Link: https://www.youtube.com/watch?v=EIbngAXczxA&t=23s

Episode 2 link (Facebook)
Link: https://www.facebook.com/watch/?v=428082114553918

Episode 2 link (YouTube)
Link: https://www.youtube.com/watch?v=c3rxlL_lnIY&t=684s

အူရီဒူးမြန်မာမှ ကြီးမှူးကျင်းပတဲ့ ” The 4G Fastest ” ပြိုင်ပွဲကြီးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေထဲကမှ အတော်ဆုံး အရည်အချင်းအရှိဆုံး လူငယ်တွေကို ရှာဖွေမွေးထုတ်ပေးမယ့် ရည်ရွှယ်ချက်နဲ့ ပြုလုပ်ကျင်းပပေးခဲ့တဲ့ ပြိုင်ပွဲကြီးဖြစ်ပြီး မတူညီတဲ့အနုပညာနယ်ပယ်လေးမျိုးဖြစ်တဲ့ ရက်ပ်အဆိုတော်များ၊ BeatBoxer များ၊ ဂီတာသမားများနဲ့ အကပညာရှင်များစတဲ့ နယ်ပယ်အသီးသီးမှ ပြိုင်ပွဲဝင်တွေကနေ သူတို့တတ်ကျွမ်းထားတဲ့ အမိုက်စား Talent တွေကို ဖော်ထုတ်ပြသယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ပြိုင်ပွဲအမျိုးအစားတစ်ခုစီအတွက် သက်ဆိုင်ရာပြိုင်ပွဲဝင် (၄) ယောက်မှ Head-To-Head Battle ပုံစံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမြန်ဆုံးအတော်ဆုံးပြိုင်ပွဲဝင် တစ်ယောက်ကို အဆင့်ဆင့် ပြန်လည်ရွေးချယ်သွားမှာဖြစ်ပါတယ်။

” The 4G Fastest ” ပြိုင်ပွဲကြီးမှာပါဝင်တဲ့ ဒိုင်လူကြီး (၄)ဦး ကတော့ မိစန္ဒီ (Rapper Judge), စည်ဖြိုးမင်း (Beatboxer Judge), နိုင်ဇော် (Guitarist Judge) နဲ့ Falcon (Dancer Judge) တို့ဖြစ်ပြီး ဒိုင်လေးဦးမှ သက်ဆိုင်ရာပြိုင်ပွဲဝင်တွေကို တာဝန်ယူအကဲဖြတ်ပေးမှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေထဲကမှ အမြန်ဆုံးအတော်ဆုံး ပြိုင်ပွဲဝင် ၁၆ ယောက်ကိုရွေးထုတ်ပြီး ပြိုင်ပွဲတစ်လျောက် လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကာလကတော့ ၁ လခန့်ကြာမြင့်မှာဖြစ်ပြီး ပြိုင်ပွဲကာလ ၄ ပတ်တာယှဉ်ပြိုင်မှု အစီအစဉ်တစ်ပိုင်းစီကို အူရီဒူးမြန်မာ Facebook Page ၊ You Tube နဲ့ Website တွေမှာ ပြန်လည်ထုတ်လွင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။