ပိန်ပိန်ပါးပါးဖြစ်ပေမယ့် ခါးမှာ အဆီတွေစုနေလို့ ကိုယ်ကျပ်အကျ င်္ီတွေဝတ်ရမှာ ယုံကြည်မှုမရှိဘူးဖြစ်နေလား။ အမြင်မတော်တဲ့ ဝမ်းဗိုက်ကအဆီတွေကို သဘာဝပါဝင်ပစ္စည်းလေးတွေနဲ့ ဖယ်ရှားလိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

135847132

ရေ ၈၀၀ မီလီလီတာ (၀.၈ လီတာ)

cinnamon-sticks-4-indonesian-cassia-1

သစ်ကြံပိုးခေါက် ၁ ချောင်း

bay-leaves-turkish-organic-1

ကရဝေးရွက် ၃ ရွက်

86619615c1424f4e9c719877a7fb5f2d

လက်ဖက်စိမ်း (Green Tea) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ရေကို ဆူအောင်သည်ပြီး မီးဖိုပေါ်ကချပါ။ ပြီးရင် သစ်ကြံပိုးခေါက် ၊ ကရဝေးရွက် နဲ့ လက်ဖက်စိမ်းတို့ကိုထည့်ပြီး ၁၅ မိနစ်လောက် ပန်းကန်ပြားနဲ့ အုပ်ထားပေးပါ။ ပြီးရင် မွှေပေးပါ။

အဲဒီလက်ဖက်ရည် ပထမတစ်ခွက်ကို မနက်ခင်းအစာမစားမီ သောက်သုံးပေးပါ။ ဒုတိယတစ်ခွက်ကို မနက်စာစားပြီးပြီးချင်း သောက်သုံးနိုင်ပါတယ်။ ညနေဖက် အိပ်ယာမ၀င်ခင် တတိယတစ်ခွက်ကို သောက်ပေးပါ။

တစ်နေ့ကို ၃ ခွက်သောက်ပေးရမှာဖြစ်ပြီး ကိုယ်အလေးချိန် သိသိသာသာလျှော့ကျသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ခါးက အဆီတွေကို လျှော့ချပေးနိုင်မှာပါ။

အလှအပတစ်ခုတည်းအတွက် ကိုယ်အလေးချိန်လျှော့ချတာမဟုတ်ပါဘူး။ အဆီတွေစုနေတာ အ၀လွန်တာဟာ ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပေါ်နိုင်ပြီး မလိုအပ်တဲ့ ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။

ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့လိုပါတယ်။ အထွေအထူးမလုပ်နိုင်ရင်တောင် လမ်းလျှောက်တာ မျိုးကိုလုပ်ပေးသင့်ပါတယ်။