[Zawgyi]








[Unicode]

စာဖတ်သူတို့ အားလုံးနဲ့ ရင်းနှီးပြီးသား တောင်ကိုရီးယား သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Jin Se-yeon ကိုသူမရဲ့ အပြုံးလေးတွေကြောင့် ပိုပြီးသတိထားမိမယ့်သူတွေ ရှိမယ်လို့ထင်ပါတယ်။

ဒီအတိုင်းဆို သိပ်ဆွဲဆောင်မှုမရှိဘူးလို့ထင်ရပေမယ့် သူမရဲ့ အပြုံးလေးတွေက သူမရဲ့ အလှကို ပိုပြီးပြည့်စုံစေတာပါ။

Jin Se-yeon ကို ပရိသတ်တွေ စပြီးသတိထားမိတာကတော့ My Daughter the Flower, Bridal Mask, Doctor Stranger, The Flower in Prison စတဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။

Jin Se-yeon ကိုတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့်ကတော့ ၁.၆၇ မီတာရှိပါတယ်နော်။

ရုပ်ရှင်ထူးချွန်ဆုတွေလည်း ရရှိထားသူတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ Grand Prince ဆိုတဲ့ နန်းတွင်းကား နဲ့ High End Crush ဆိုတဲ့ အချစ်ကားနှစ်ကား ထုတ်လွှင့်ပေးလျက်ရှိနေပါတယ်။

ချစ်စရာကောင်းတဲ့ သူမရဲ့ ဟန်ပန်နဲ့လိုက်ဖက်စွာပဲ အဝတ်အစားကို ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်တတ်တဲ့ Jin Se-yeon ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။