(Zawgyi Version)

ေဆာင္းတြင္းဆိုရင္ ဖက္ရွင္က်က်ဝတ္လို႔ အေကာင္းဆံုးပါပဲ။ ကိုယ္ဝတ္ခ်င္တာ ထုတ္ဝတ္လို႔ေကာင္းတဲ့ ရာသီဥတုေလးျဖစ္လို႔ ဆြယ္တာေတြဆိုရင္ ဒီအခ်ိန္မွာပဲ ဝတ္ရမွာပါ။ ေအးတဲ့ေနရာေဒသေတြဆိုရင္ေတာ့ ကုတ္ေတြနဲ႔ပါ ရိႈးထုတ္လို႔ရတာေပါ့။ ရန္ကုန္လိုေနရာမ်ိဳးမွာက်ေတာ့ ညပိုင္းမွာေအးေပမယ့္ ေန႔လည္ပိုင္းေတြက အျပင္မွာ သိပ္လည္း မေအးဘူး၊ ဒါေပမယ့္ ပူလည္းမပူေတာ့ ဆြယ္တာေလာက္က ဝတ္လို႔အဆင္ေျပပါတယ္။ ဒါေၾကာင့္ ေဆာင္းတြင္းမွာ ဆြယ္တာေလးေတြနဲ႔ ရိႈးထုတ္လို႔ရေအာင္ ဘာေတြနဲ႔တဲြဝတ္ရင္ ဖက္ရွင္က်မလဲဆိုတာကို မွ်ေဝေပးလိုက္တယ္ေနာ္။

စကပ္အတိုေလးေတြကို ဆြယ္တာအေရာင္မ်ိဳးစံုနဲ႔ဝတ္ၿပီး ရိႈးထုတ္လို႔ရပါတယ္။ အရမ္းေအးတာမ်ိဳးမဟုတ္ေတာ့ ဆြယ္တာအရမ္းမထူတာေလးေတြကို ေရြးဝတ္လို႔ရတာေပါ့။

ကိုယ္ႀကိဳက္တဲ့ ဆြယ္တာအေရာင္ေလးေတြကို ေရြးၿပီးေတာ့လည္း အခုေခတ္စားေနတဲ့ Bell Pant Jeans ေလးေတြနဲ႔ တဲြဝတ္လို႔ရပါတယ္။ အရပ္ရွည္တဲ့သူေတြဆိုရင္ ဒီဖက္ရွင္ေလးနဲ႔ အရမ္းစမတ္က်ေစပါတယ္။

ဆြယ္တာေလးေတြကို ေျခမ်က္စိအထက္ရွိတဲ့ ဂ်င္းေဘာင္းဘီအရွည္ေလးေတြနဲ႔လည္း တဲြဝတ္လို႔ရပါေသးတယ္။

အခုေခတ္စားေနတဲ့ အကြက္ဒီဇိုင္းနဲ႔ ေဘာင္းဘီအရွည္ေတြ၊ Style Pants ေတြကို ဆြယ္တာေရာင္စံုေလးေတြနဲ႔ တဲြဝတ္ၿပီးလည္း စမတ္က်က်ရိႈးထုတ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုေလးဝတ္မယ္ဆိုရ္ငေတာ့ ဆြယ္တာကို ေဘာင္းဘီထဲထည့္ဝတ္တာက ပိုၿပီးဖက္ရွင္က်ပါတယ္။

ကိုရီးယားဆန္တဲ့ ဆြယ္တာေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ပံုစံနဲ႔ ဆြယ္တာေလးေတြလည္း အမ်ားႀကီးရွိတာမို႔ ဒီလိုဆြယ္တာေလးေတြကို ဝတ္မယ္ဆိုရင္ စကပ္အကားေလးေတြနဲ႔ တဲြဝတ္တာပဲျဖစ္ျဖစ္ ဂါဝန္ေလးဝတ္ၿပီး အေပၚကေန ထပ္ဝတ္တာမ်ိဳးပဲျဖစ္ျဖစ္ ဝတ္လို႔ရပါတယ္။ ဒီလိုဖက္ရွင္ေလးက်ေတာ့ အရမ္းကို Cute Type ေလးျဖစ္ေစလို႔ လူငယ္ေကာင္မေလးေတြနဲ႔ ပိုလိုက္ဖက္ပါတယ္။

ၾကိဳးတစ္လံုးအကၤီ်နဲ႔ စကပ္ဝမ္းဆက္ေလးေတြ၊ ႀကိဳးတစ္လံုးဂါဝန္ေလးေတြကို ဝတ္တဲ့အခါမွာလည္း ေအာက္ကေနဆြယ္တာလက္ရွည္ေလး ခံဝတ္ရင္ ကိုရီးယားဆန္ၿပီး ခ်စ္စရာေကာင္းေစပါတယ္။

ဆြယ္တာအကၤီ်အပါးေလးေတြကို ဒူးဖံုးစကပ္ေလးေတြ၊ စကပ္အရွည္ေလးေတြနဲ႔လည္း တဲြဝတ္လို႔ရပါေသးတယ္ေနာ္။

Photo Source: www.pinterest.com

(Unicode Version)

ဆောင်းတွင်းဆိုရင် ဖက်ရှင်ကျကျဝတ်လို့ အကောင်းဆုံးပါပဲ။ ကိုယ်ဝတ်ချင်တာ ထုတ်ဝတ်လို့ကောင်းတဲ့ ရာသီဥတုလေးဖြစ်လို့ ဆွယ်တာတွေဆိုရင် ဒီအချိန်မှာပဲ ဝတ်ရမှာပါ။ အေးတဲ့နေရာဒေသတွေဆိုရင်တော့ ကုတ်တွေနဲ့ပါ ရှိုးထုတ်လို့ရတာပေါ့။ ရန်ကုန်လိုနေရာမျိုးမှာကျတော့ ညပိုင်းမှာအေးပေမယ့် နေ့လည်ပိုင်းတွေက အပြင်မှာ သိပ်လည်း မအေးဘူး၊ ဒါပေမယ့် ပူလည်းမပူတော့ ဆွယ်တာလောက်က ဝတ်လို့အဆင်ပြေပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ ဆွယ်တာလေးတွေနဲ့ ရှိုးထုတ်လို့ရအောင် ဘာတွေနဲ့တွဲဝတ်ရင် ဖက်ရှင်ကျမလဲဆိုတာကို မျှဝေပေးလိုက်တယ်နော်။

စကပ်အတိုလေးတွေကို ဆွယ်တာအရောင်မျိုးစုံနဲ့ဝတ်ပြီး ရှိုးထုတ်လို့ရပါတယ်။ အရမ်းအေးတာမျိုးမဟုတ်တော့ ဆွယ်တာအရမ်းမထူတာလေးတွေကို ရွေးဝတ်လို့ရတာပေါ့။

ကိုယ်ကြိုက်တဲ့ ဆွယ်တာအရောင်လေးတွေကို ရွေးပြီးတော့လည်း အခုခေတ်စားနေတဲ့ Bell Pant Jeans လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ အရပ်ရှည်တဲ့သူတွေဆိုရင် ဒီဖက်ရှင်လေးနဲ့ အရမ်းစမတ်ကျစေပါတယ်။

ဆွယ်တာလေးတွေကို ခြေမျက်စိအထက်ရှိတဲ့ ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။

အခုခေတ်စားနေတဲ့ အကွက်ဒီဇိုင်းနဲ့ ဘောင်းဘီအရှည်တွေ၊ Style Pants တွေကို ဆွယ်တာရောင်စုံလေးတွေနဲ့ တွဲဝတ်ပြီးလည်း စမတ်ကျကျရှိုးထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလေးဝတ်မယ်ဆိုရ်ငတော့ ဆွယ်တာကို ဘောင်းဘီထဲထည့်ဝတ်တာက ပိုပြီးဖက်ရှင်ကျပါတယ်။

ကိုရီးယားဆန်တဲ့ ဆွယ်တာလေးတွေ၊ ချစ်စရာကောင်းတဲ့ပုံစံနဲ့ ဆွယ်တာလေးတွေလည်း အများကြီးရှိတာမို့ ဒီလိုဆွယ်တာလေးတွေကို ဝတ်မယ်ဆိုရင် စကပ်အကားလေးတွေနဲ့ တွဲဝတ်တာပဲဖြစ်ဖြစ် ဂါဝန်လေးဝတ်ပြီး အပေါ်ကနေ ထပ်ဝတ်တာမျိုးပဲဖြစ်ဖြစ် ဝတ်လို့ရပါတယ်။ ဒီလိုဖက်ရှင်လေးကျတော့ အရမ်းကို Cute Type လေးဖြစ်စေလို့ လူငယ်ကောင်မလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

ကြိုးတစ်လုံးအင်္ကျီနဲ့ စကပ်ဝမ်းဆက်လေးတွေ၊ ကြိုးတစ်လုံးဂါဝန်လေးတွေကို ဝတ်တဲ့အခါမှာလည်း အောက်ကနေဆွယ်တာလက်ရှည်လေး ခံဝတ်ရင် ကိုရီးယားဆန်ပြီး ချစ်စရာကောင်းစေပါတယ်။

ဆွယ်တာအင်္ကျီအပါးလေးတွေကို ဒူးဖုံးစကပ်လေးတွေ၊ စကပ်အရှည်လေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်နော်။

Photo Source: www.pinterest.com