အားလုံးပဲ မင်္ဂလာပါ၊ ဒီတစ်ခါမှာတော့ မြန်မာပရိသတ်တွေနဲ့ သိပ်မစိမ်းတဲ့ ထိုင်းမင်းသမီးချောလေး Araya A. Hargate ရဲ့ ခပ်ဆန်းဆန်း မိမိမိုက်မိုက်ဖက်ရှင်လေးတွေအကြောင်း ပြောပြချင်တာပါ။

သူမကို ပရိတ်သတ်တွေ စသိလာတာက Channel 7 က လွှင့်သွားတဲ့ Sai See Plerng ဆိုတဲ့ ထိုင်းဇာတ်လမ်းတွဲထဲက စိုင်းဆိုပြီး လက်စားချေလိုစိတ်ပြင်းပျတဲ့ ကောင်မလေးအဖြစ် သိလာခဲ့ကြတာပါ။

Araya ရဲ့ နာမည်အရင်းကတော့ Araya A. Hargate လို့လည်း ခေါ်သလို Araya Alberta Hargate လို့လည်း ခေါ်ပါတယ်။ သူမရဲ့ နာမည်ပြောင်ကတော့ Chompoo ပါ။ သူမက ထိုင်းနိုင်ငံမှာဆို အင်မတန်ကျော်ကြား နာမည်ကြီးတဲ့ သရုပ်ဆောင် မင်းသမီး၊ မော်ဒယ်၊ အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။

သူမကို ၁၉၈၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ အခုဆိုရင်ပဲ အသက် ၃၇ နှစ် ရှိနေပါပြီ။ သူမရဲ့ အရပ်က ၅ ပေ ၇ လက်မ ရှိတာကြောင့် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း မင်းသမီးတစ်ဦးပေါ့။

သူမရဲ့ အဖေက အင်္ဂလန်လူမျိုး၊ အမေက ထိုင်းလူမျိုးဆိုတော့ သူမက ကပြားမလေးပေါ့။ သူမရဲ့ အမျိုးသားကလည်း ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ အခုဆိုရင် သူတို့က သားလေးအမြွှာနှစ်ယောက်ရဲ့ မိဘတွေဖြစ်နေပါပြီ။

စိုင်းကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်တယ်နော်။

Source: Pinterest.com