တချို့မိန်းကလေးတွေဟာ Cute Type ဖက်ရှင်လေးတွေကို လုံးဝသဘောမကျကြပါဘူး။ အထာကျကျနဲ့လန်းနေတဲ့ ဖက်ရှင်လေးတွေနဲ့ Street Style ဖက်ရှင်လေးတွေကိုပဲ သဘောကျကြတာပါ။ ဒီလိုမိန်းကလေးတွေအတွက် အမိုက်စားဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

ဒီဖက်ရှင်လေးကတော့ ၀တ်တဲ့သူအရမ်းမများတဲ့ဖက်ရှင်လေးပါ။ ၀တ်လိုက်တာနဲ့ အရမ်းအထာကျပြီး မိုက်နေစေတဲ့ဖက်ရှင်လေးပါ။ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ဖက်ရှင်လေးမို့ သူများထက်ပိုပြီးဖက်ရှင်ကျချင်ရင်တော့ ဒီဖက်ရှင်လေးကို ရွေးချယ်ဖို့မမေ့ပါနဲ့။

Source: www.pinterest.com

ဒီဖက်ရှင်လေးကတော့ Skinny အကျပ်လေးကို အနက်ရောင်ကိုယ်ကျပ်အင်္ကျီလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေဂျင်းကုတ်လေးထပ်ဝတ်ထားတာပါ။ ဖိနပ်ကိုလည်း အထာကျကျနဲ့မိုက်နေတဲ့ ဖိနပ်မျိုးကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် လူကြိုက်အရမ်းများပါတယ်။ ဒီဖက်ရှင်လေးကတော့ အရပ်ရှည်တဲ့သူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Source: www.pinterest.com

ရှပ်အင်္ကျီအဖြူကို သာမန်ဝတ်နေကျအတိုင်း ဂျင်းဘောင်းဘီနဲ့တွဲမ၀တ်ပဲ အနက်ရောင်လေးနဲ့တွဲဝတ်ထားတာဖြစ်လို့ ပိုပြီးကြည့်ကောင်းစေပါတယ်။ ဒေါက်ဖိနပ်ကိုပါ အနက်ရောင်လေးစီးထားတဲ့အတွက် ပိုပြီးဖက်ရှင်ကျသွားစေပါတယ်။

Source: www.pinterest.com

လူငယ်ကောင်မလေးတွေ သဘောကျကြတဲ့ဖက်ရှင်လေးပါ။ Crop Top အတိုလေးကိုမှ အခုနောက်ပိုင်းမှာအရမ်းခေတ်စားလာတဲ့ ဒီလိုဘောင်းဘီလေးတွေနဲ့တွဲဝတ်တာက ပိုပြီးအထာကျပါတယ်။ ဒီဖက်ရှင်လေးကိုရွေးချယ်မယ်ဆိုရင်တော့ ဘွတ်ဖိနပ်အဖြူလေးတွေပဲ စီးတာပိုကောင်းပါတယ်။

Source: www.pinterest.com

ဘောင်းဘီအရှည်အစင်းလေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းရေပန်းစားလာတာတွေ့ရပါတယ်။ ဒါလေးတွေကို Crop Top လေးတွေနဲ့ပဲဖြစ်ဖြစ်၊ ဆွယ်တာလေးတွေနဲ့ပဲဖြစ်ဖြစ် တွဲဝတ်လို့ရပါတယ်။ ဒေါက်ဖိနပ်စီးမယ့်အစား ဘွတ်ဖိနပ်စီးတာဟာ ဒီဖက်ရှင်လေးနဲ့ပိုလိုက်ဖက်ပါတယ်။

Source: www.pinterest.com

အမိုက်စားဖက်ရှင်လေးဝတ်ချင်ရင်တော့ ဒီလိုဂါဝန်လေးကိုဝတ်ပြီး ဒေါက်ဖိနပ်အမြင့်လေးတွေကိုသာ စီးလိုက်ပါ။ ဒီဖက်ရှင်လေးကတော့ မိန်းကလေးဆန်ဆန်နဲ့ မိုက်နေစေမယ့်ဖက်ရှင်လေးပါ။

Source: www.pinterest.com

မိန်းကလေးတွေကြားမှာ အရမ်းခေတ်စားလာတဲ့ ဒီဂါဝန်လေးတွေကလည်း ဘယ်နေရာနဲ့မဆိုလိုက်ဖက်မှုရှိစေလို့ မိန်းကလေးတိုင်းမှာ တစ်ထည်လောက်တော့ ရှိထားသင့်တယ်လို့ ထင်ပါတယ်။ ဒီဂါဝန်လေးတွေက ဘွတ်ဖိနပ်လေးတွေနဲ့ပဲ လိုက်ဖက်ပါတယ်။

Source: www.pinterest.com