ဆိုရှယ်မီဒီဟာ ကို စွဲလမ်းစွာ သုံးစွဲနေကြတဲ့ ခေတ်လူငယ်တွေကြား ရေပန်းစားတဲ့အသုံးအနှုန်းတွေထဲမှာမှ “Squad” ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်နေပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်များမှာ Hashtag များနဲ့အတူ #Squad  သို့ #SquadGoal စသဖြင့် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပထမဦးဆုံးနေနဲ့ Squad ရဲ့ Original အဓိပ္ပာယ်ကတော့ “တပ်ဖွဲ့” ပါ။ သို့ပေမယ့် Social Media ပေါ်မှာတော့ ကိုယ်နဲ့အရမ်းခင်ပြီး အုပ်စုလိုက်တွဲဖြစ်တဲ့ အပေါင်းအပါတွေကိုရည်ညွှန်းပြီး Squad လို့ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးနှုန်းလာကြတာပါ။

Squad ဟာ ဘယ်အချိန်ကစပြီး Trending ဖြစ်လဲဆိုတာတော့ပြောဖို့ခက်ပေမယ့် မှတ်မိသလောက်ကတော့ ကမ္ဘာကျော်အဆိုတော် Talyor Swift ဟာ သူမရဲ့ လူမှုမျက်နှာများမှာ သူမရဲ့အပေါင်းအပါတွေကို Squad လို့စတင်သုံးနှုန်းရာမှ Viral ဖြစ်ပြီး အခြားသော အနုပညာရှင်များကပါ သုံးနှုန်းလာရင်း မှ စတင်ရေပန်းစားလာတာလို့ ပြောရရင်လည်းမမှားပါဘူး။

Squad ဆိုတဲ့စကားကို ဘာကြောင့် ပိုပြီသုံးလာကြသလဲဆိုရင်တော့ ဒီအသုံးအနှုန်းဟာ အုပ်စုလိုက်လို့ပြောရင် Group ၊ Team စတဲ့အသုံးအနှုန်းများထက် ပိုပြီး အထာကျတယ်လို့ပဲပြောရမှာပေါ့ ရင်းနှီးမှုနဲ့လူငယ်ထုကို ဖော်ကျူးတဲ့ စကားလုံးလည်းဖြစ်တာကြောင့် တွင်ကျယ်စွာစပြီး အသုံးပြုလာတော့တာပါပဲ။ ရှိုးပွဲပဲအတူသွားသွား ပါတီတွေပဲအတူတက်တက် ကိုယ်စိတ်ပါဝင်စားတဲ့ ဘယ်အရာကိုမဆို တစ်ယောက်ထဲ လုပ်ရတာထက် အဖွဲ့လိုက် ပျော်ပျော်ပါးပါး အတူတကွ လုပ်ရရင် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်လဲ အပြန်အလှန် ယုံကြည်မှုရစေတယ်။ ယနေ့ခေတ်လူငယ်တွေ အများစုဟာ ကိုယ့်ရဲ့မိတ်ဆွေဘော်ဒါတွေနဲ့ အတူတူရှိနေကြတဲ့အချိန်တွေတိုင်းမှာ ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားရမယ့် အရာမျိုးတွေကို အတူတူဖန်တီးပြီး အချင်းချင်းဝေမျှ ခံစားတတ်လာကြပါတယ်။ ဒါကြောင့် လူငယ်တွေကို ဦးဆောင်ပါဝင် တဲ့ လှုပ်ရှားမှု တော်တော်များများကလည်း အခုလို အုပ်စုလိုက်  ပေါင်းစည်းလုပ်ဆောင်ရတဲ့ အစီအစဉ် တွေကို ပိုပိုပြီး ဦးတည်လာကြပါတယ်။

တစ်ပါးသူအတွက်အကျိုးပြု ပဲ ဖြစ်ဖြစ် ကိုယ်စိတ်ပျော်ရွင်မှု အတွက်ပဲဖြစ်ဖြစ် ကိုယ်နဲ့စိတ်တူ ကိုယ်တူ အားဖြည့်ပေးမယ့်လူတွေကိုယ့် နားမှာလိုတာတော့ အမှန်ပါပဲ။ ခုဆို Max + ရဲ့ #mysquad Campaign ရှိပါတယ်။ ဒီ #mysquad Campaign ဟာဆိုရင် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ဓါတ်ပုံတွေရိုက်ပြီး Facebook မှာ ကိုယ်နဲ့ သူငယ်ချင်းတွေ စုရိုက်ထားတဲ့ ဓါတ်ပုံကို တင်၊ ပြီးရင်တခြားသူတွေပါ မြင်ပြီး ပါဝင်လာနိုင်အောင် Share လုပ်ပေးရုံပါပဲ။

Squad theme နဲ့ပတ်သက်ပြီး တခြားအစီအစဉ်တွေကလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်သွားဖို့ ရှိပါသေးတယ်။ Squad ရဲ့ အဓိက အားသာချက်ကတော့ အတူတကွပေါင်းစည်းလုပ်ဆောင်တာကို ကိုယ်စားပြုတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အသင်းလိုက်၊ အဖွဲ့လိုက် လှုပ်ရှားမှုတွေ လုပ်တော့မယ်ဆို Hashtag နဲ့ Squad ကို ထည့်ဖို့ မမေ့ပါနဲ့။